Pages

Wednesday, August 4, 2010

စစ်ခွေးချုပ် ရာထူးမှကော စစ်ဗိုလ်ချုပ်ကြီးရာထူးမှပါသိန်းစိန် ရပ်နားခံရ


August 4, 2010 Freedom News Group
 
ဦးသိန်းစိန် မတိုင်ခင် စစ်အစိုးရလက်ထက် ၀န်ကြီးချုပ်တာဝန်ထမ်းဆောင်ခဲ့သူနှစ်ဦး
7
0
မဲပေးပါ
Quantcast

မြန်မာ စစ်အစိုးရ က ရွေးကောက်ပွဲ တွင် ကြံဖွတ် ပါတီ ကို ဦးဆောင်ကာ  ပါဝင်ယှဉ်ပြိုင်မည့်ဝန်ကြီးချုပ်
ဦးသိန်းစိန် သည် သြဂုတ် လ ဆန်းကတည်းက ၀န်ကြီးချုပ်ရာ ထူးတာဝန်မှ ရပ်နားခံရပြီး သူ့ နေရာ တွင်
ဒုတိယ ဗိုလ်ချုပ်ကြီး တင်ငွေ (သို့ မဟုတ်) ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေ ဖြင့် အစားထိုးမည် ဟု နေပြည်တော် သတင်းရပ်ကွက်မှ သတင်းရရှိသည်။


                  ဗိုလ်ချုပ်ကြီး ဟောင်းသိန်းစိန် သည် လွန်ခဲ့သည့် နှစ်လ ခန့် ကတည်းက စစ်ဘက်ရာထူးကိုစွန့် လွှတ်ခဲ့ရပြီး ယခု အရပ်ဘက် ၀န်ကြီးချုပ် ရာထူးကိုပါစွန့် လွှတ်ခဲ့ရခြင်း ဖြစ်သည်။ ဦးသိန်းစိန် ၀န်ကြီးချုပ်ရာထူး စွန့် ရသည့် သတင်း ကို Freedom News Group မှ လတ်တလောတွင်
အတည်မပြုနိုင်သေးသော် လည်း ထပ်မံ ကြားသိရသည့် သတင်းများ အရ မြန်မာ စစ်အစိုးရက ၀န်ကြီးချုပ်
ရာထူး နေရာ ကို အစိုးရ အဖွဲ့ မှ ဖယ်ရှားလိုက်ခြင်းကြောင့်ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် လည်း အလိုလိုပါသွား ခဲ့ခြင်းဖြစ်သည် ဟု သိရသည်။

  ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်း ပြီး ကတည်းက ၂၀၀၁ ခုနှစ် ထိ မြန်မာ နိုင်ငံတွင် ၀န်ကြီးချုပ် ရာထူးမရှိခဲ့ချေ ။ ဗိုလ်ချုပ်ကြီး ဟောင်း သိန်းစိန် သည် ၂၀၀၇ ခုနှစ် အောက်တိုဘာ လတွင် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန် ပြီး နောက် ၀န်ကြီးချုပ် ရာထူးကို လွှဲပြောင်း ရယူခဲ့ခြင်း ဖြစ်သည်။
ဦးသိန်းစိန် ၀န်ကြီးချုပ် ရာထူးမှ အနား ယူရခြင်း နှင့် ပတ်သက်၍ ရန်ကုန် မြို မှ စစ်အရာရှိ ဟောင်းတစ်ဦး
က တခြားဝန်ကြီး တွေ လည်း အကုန် ထွက်ရမယ်ထင်တယ်။ တကယ်လို့ ကြံဖွတ် နိုင်ရင်တောင် ဗိုလ်ချုပ်ကြီး သိန်းစိန် က ၀န်ကြီးချုပ် ပြန်ဖြစ်နိုင်ပါ့ မလား ဆိုတာ ပြောဖို့ မလွယ်ဘူး ဟု ပြောသည်။
ဦး သိန်းစိန် သည် ၀န်ကြီးချုပ် ဘ၀ တွင် နောက် ဆုံးအကြိမ် အဖြစ် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အိန္ဒိယ
သွားစဉ်က နေပြည်တော် လေဆိပ်တွင် လိုက်ပါ ပို့ ဆောင် နှုတ်ဆက် သူများ တွင် ခမ်းနားခြင်းကင်းမဲ့စွာဖြင့်
မထင်မရှား ပါဝင် ခဲ့သည်။