July 6, 2010 Freedom News Group
Updated : ထပ်မံ ကြားသိရ သော သတင်းများ အရ ပြည်ပရောက် ဒီမိုကရေစီ အင်အားစု အချို့ က ထိုဇာတ်ကားတွင် ပါဝင် သည့် အနုပညာရှင် များ အထူးသဖြင့် အနောက် နိုင်ငံများ သို့ လာလျှင် ကန့် ကွက်မည် ဟု သိရသည်။ ထို ကန့် ကွက်ပွဲတွင် ပါဝင်မည့် သူ တစ်ဦးက နှစ် နှစ်ဆယ် လုံးလုံးဗျာ အော် နအဖ လက်အောက်မှာ ပဲ ဆိုပြီး လွှတ်ထားတာ အခုတော့ မရတော့ ဘူး ဒီလို မှာ မလုပ် ရင် သူတို့ ကြောင့် ပြည်သူ တွေ ပါ သမိုင်း အစစ် နဲ့ သမိုင်း အတု ရောသွား အုံးမယ် ဟု ပြောသည်။
Updated လွန်ခဲ့သည့် သီတင်း ပတ်များ အတွင်း မြန်မာစစ်အစိုးရထိန်းချုပ် ထားသည့် ရုပ်သံများမှ ထုတ်လွှင့် ပြသခဲ့သည့် အရုဏ်ဦး တွင် ဖူးသည့် ကြာ ဇာတ်ကားမှာ သရုပ်ဆောင် အချို့ နှင့် ထိုဇာတ်ကား ဖြစ်မြောက်ရေး ကမ္မည်း မော်ကွန်း တွင် ပါဝင်သူ အချို့ မှ အမေရိကန် နိုင်ငံတွင်း သို့  လာရောက် လည်ပတ် နိုင်မည့် ပြည်ဝင်ခွင့် ဗီဇာ အတွက် ကန့် သတ် ခံရ နိုင်ဖွယ် ရှိ ကြောင်း ရန်ကုန် မြို့ ရှိ အမေရိကန် သံရုံးတွင် နှစ်အတန် ကြာတာဝန် ထမ်းဆောင် ခဲ့ဖူးသည့် သံအမှုထမ်း တစ်ဦး က Freedom News Group သို့ ပြောသည်။မြန်မာစကား အား ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက် ထားသော ထိုသံအရာရှိ ဟောင်းက ကျွန်တော်လည်း ကြည့် ပြီးသွား ပြီ ကမ္ဘာ့ သမိုင်း နဲ့  ဆက်စပ် နေတာ တစ်ချို့ ကိုပါ လိမ်ညာ ထားတာ ပါတယ်။ စစ်အေးခောတ် တုန်းက တော့ ရုရှား ၊ပိုလန် နဲ့ အရှေ့  ဥရောပ က ၀ါဒဖြန့် ဇာတ်ကား ရိုက်တဲ့ သရုပ်ဆောင် အချို့ ကို ပြည်ဝင်ခွင့် ပိတ်ဖူး တယ်။ အခုတော့ ဒါ ကို အမိမြေ လုံခြုံရေး က ကိုင်တယ် ဟု Freedom News Group သို့ ပြောသည်။
ထိုဇာတ်ကားတွင် ပါဝင် သရုပ်ဆောင် သူများ ကို အမေရိကန် အခြေစိုက် မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှား သူများ ကလည်း ပြည်ဝင် ခွင့် ဗီဇာ ပိတ်ပေး ရန် တောင်း ဆို ထားသည်။လတ်တလော တွင် လည်း အမေရိကန် နိုင်ငံတွင်း သို့ ပြည်ဝင်ခွင့် ဗီဇာ လျှောက် ထား မည့်  မည်သည့် အနူပညာရှင် မဆို ဖျော်ဖြေရေး အခွန် ဒေါ်လာ ၃၀၀၀ ထက်မနည်း ပေးဆောင် ရန် သတ်မှတ်ထား ပြီး ဖြစ်သည်။
စစ်အစိုးရ လက်ခုပ်ထဲက ရေ ဖြစ်နေ သည့် မြန်မာ သရုပ်
ဆောင်များ အား ထိုကဲ့သို့  ဖိအားပေးပါက သရုပ်ဆောင်
များ အတွက် နစ်နာ နိုင်သည် ဟု နာမည်ကျော် သရုပ်ဆောင်
တစ်ဦး က သုံးသပ်သည်။ သူက မရိုက်ချင် ဘူး လို့ 
ငြင်း လို့ မှ မရတာ ရိုက်ရတာ ပဲ ဗီဇာ ပိတ်ရင် တော့ မလွယ် ဘူး
သရုပ်ဆောင် တွေ က ပြည်တွင်း ၀င်ငွေက ဘာလောက်
မှ မက်လောက် စရာ ရှိတာ မဟုတ် ဘူး ဟု ဆိုသည်။
ထင်ရှား သည့် လူငယ်စာရေး ဆရာ တစ်ဦးက မူ သူ တို့ ရဲ့ 
ဒီဇာတ်ကားမှာ သရုပ်ဆောင် အမူအယာ ကိုပဲ ကြည့်ပြီး
ပိတ်သင့် တယ် ပြည့်သူ့ ဘက်တော်သား ကရိုက်တာ
ဆိုရင် မပိတ် သင့် ဘူး ဟု ပြောသည်။
ကမ္ဘာ့ ဖလား ဘောလုံးပြိုင်ပွဲ ကျင်းပချိန် တွင် ပြသသည့် စစ်အစိုး ရ ၀ါဒဖြန့် ချိရေး ဇာတ်ကား မှာ ကြည့်သူ
မရှိ သော ဖြစ်နေ သောကြောင့် ဗီဒီယို ခွေ အငှား ဆိုင်များ တွင် မတင် မနေရ ၀ယ်ယူကြရသည်။
ဒါရိုက်တာ တင်သန်းဦး ရိုက်ကူးပြီး နာမည် ကျော် သရုပ်ဆောင် များ ပါဝင်သည့် အရုဏ်ဦး တွင် ဖူး
သည့်ကြာ အမည် ရှိ ၀ါဒဖြန့် ချိရေး ဇာတ်ကား သည် လွတ်လပ်ရေး ရပြီး နောက်ပိုင်း မြန်မာ့ သမိုင်းနှင့်
ကျောင်းသား လှုပ်ရှား မှု အချို့ ကို တမင်မှားယွင်း ဖော်ပြထားမှု နှင့် လိမ်ညာ ထား မှု များ ကြောင့်ကြည့်
ရှုသူများ ၏ ဝေဖန် ကန့် ကွက်မှု များ နှင့် ကြုံ တွေ့ နေရသည်။
နာမည် ကျော် ဗီဒီယို ဝေဖန် ရေး ဆရာ တစ်ဦးက ပြောစရာ တွေ က ဇာတ်လမ်း တင် မဟုတ်ဘူး ရိုက်ကူးမှုပိုင်း၊ အိုက်တင် နဲ့  အသံဖမ်း တွေ ကတော်တော်ညံ့ တယ် ။သရုပ်ဆောင် တွေ ကို လည်း ဖိအားပေး ခေါ်ထား တော့ စိတ်ပါ လက်ပါ သရုပ်မဆောင် ထားတာ တွေ့ ရတယ်။ ပြောစရာ ကတော့ အသံဖမ်း စနစ် ပဲ အစိုးရ ကိုယ် တိုင် အကုန် အကျခံထား တာတောင် မစွံ့ ဘူး ဟု ပြောသည်။ ထိုဗီဒီယို ဇာတ်ကား ရှည်ကြီး အား ဝေဖန် ရေး ဆရာ မြန်မာ့ သမိုင်းဆိုင်ရာ ဇာတ်လမ်း များ လိမ်ညာထား မှု ကြောင့် ဝေဖန် ရေး သား ခဲ့သော် လည်း စာပေစိစစ် ရေးက ထို ဇာတ်ကား နှင့် ပတ်သက် လျှင် အကောင်း မရေး သမျှ စာ မူ အား လုံး ကို ဖြုတ်ပယ် သည် ဟု သိရသည်။
အရုဏ်ဦး တွင် ဖူးသည့် ကြာဇာတ်ကား အားယမန် နှစ် စက်တင်ဘာ လက တည်း က စတင် ရိုက်ကူးရာ ထိုဇာတ်ကား
တွင် ပါဝင် သည့် သရုပ်ဆောင် သက်မွန် မြင့် နှင့် အခြား စစ်သား တစ်ဦး မှာ ယမ်းဘီလူး ဖောက်ခွဲ ရေး ပြုလုပ်စဉ် မျက်နှာ မီးလောင် ဒဏ်ရာ များ ရရှိ ခဲ့သည် ။
ထိုဇာတ်ကား အတွက် မူလ က သရုပ်ဆောင်များ ကို ကမ်းလှမ်းရာ အချို့က ငြင်းပယ် သောကြောင့် နာမည်ကျော် သရုပ်ဆောင် အား လုံးအား ရုပ်ရှင် အစည်း အရုံးမှ တစ်ဆင့် တွေ့ ဆုံ ကာ ပါဝင် စေခဲ့ခြင်းဖြစ် သည်။ ထိုဇာတ်ကား တွင် ပါဝင် သရုပ်ဆောင် သူများ မှာ မော်တော်ကား တင်သွင်း ခွင့် ပါမစ် နှင့်အခြား အခွင့် အရေး များ ရရှိကြသည် ဟု အမည် မဖော် လို သည့် ဒါရိုက် တာ တစ်ဦး က Freedom News Group သို့  ပြောသည်။
စစ်အစိုးရ ၏ ၀ါဒဖြန့် ချိရေး ဇာတ်ကား များ မှာ အခြား သော ဇာတ်ကားများ ထက် ငွေကြေး အင်အား ၊သရုပ်ဆောင် အင်အား အများအပြား အသုံးပြုထား သော် လည်း ပရိသတ် စိတ်ဝင်စား မှု မရရှိ ဟုသိရသည်။အရုဏ်ဦး တွင် ဖူးသည့်ကြာ ဇာတ်ကား အား ကာကွယ်ရေး ၀န်ကြီး ဌာန ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) မှ တိုက်ရိုက် ကူညီ ထား ပြီး မြန်မာ ပြည် အနှံ ရိုက်ကွင်း များ တွင် သက်ဆိုင်ရာ တိုင်း မှုး များ ကိုယ် တိုင် ကူညီ ရသည် ဟု သိရသည်။
ထိုဇာတ်ကား တွင် ကျော်ရဲအောင် ၊လွင်မိုး၊ လူမင်း၊ ခန့် စည်သူ ၊ပြေတီဦး ၊
နေတိုး ၊ ရဝေအောင်၊မိုးယံဇွန် နှင့်အမျိုးသမီး သရုပ်ဆောင်များ ဖြစ်ကြသည်.စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင် ၊မိုးဟေကို ၊ မြတ်ကေသီအောင် ၊ ၀ိုင်းစု ခိုင်သိန်း ၊
မေသက်ခိုင်၊အေးမြတ် သူ ၊ဆုပန် ထွာ တို့  ပါဝင် သည် ။
ထိုဇာတ်ကား ၏ ထုတ်လုပ်မှု စရိတ် သည် ကာလပေါက်ကြေး သိန်း ရှစ်ထောင် ခန့် ကုန်ကျနိုင်သည် ဟု ကျွမ်း ကျင်သူ အချို့ က ခန့် မှန်း ကြသည်။ န၀ရတ် ရွှေစင် ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေး မှ အဆိုပါ ဇာတ်ကား ကို ထုတ်လုပ် ခြင်းဖြစ်သည်။ထိုဇာတ်ကား အား ပထမပိုင်း ၊ဒုတိယ ပိုင်းနေတိုး ၊ ရဝေအောင်၊မိုးယံဇွန် နှင့်အမျိုးသမီး သရုပ်ဆောင်များ ဖြစ်ကြသည်.စိုးမြတ်သူဇာ ၊ ခိုင်သင်းကြည်၊ အိန္ဒြာကျော်ဇင် ၊မိုးဟေကို ၊ မြတ်ကေသီအောင် ၊ ၀ိုင်းစု ခိုင်သိန်း ၊
မေသက်ခိုင်၊အေးမြတ် သူ ၊ဆုပန် ထွာ တို့  ပါဝင် သည် ။
နှင့် ဇာတ်သိမ်း ပိုင်း ဟူ ၍ သုံး ပိုင်း ခွဲ၍ ထုတ်လုပ် ထားသည်။
ဇာတ်ကားအားကြည့်ရှုလိုလျှင် ဤနေရာတွင် ကလစ်နှိပ်ပါ
ဇာတ်ကား အား ကြည့် ရှု ခဲ့သူ များ က သမိုင်း ကြောင်း နောက်ခံ နိုင်ငံရေး ဖြစ်ရပ်မှန် ဇာတ်လမ်း ဟု ဆိုသော် လည်း ခောတ်ပြိုင် နိုင်ငံရေး သမိုင်း လှုပ်ရှား မှု များ ကို ဖော်ပြထား ခြင်း မရှိ ဟု ဆိုသည်။
ထိုဇာတ်ကား သည် အော်စကာ ဆုလျှာထား ခံရ သည့် Burma VJ ဇာတ်ကား ကို တုံ့ ပြန် နိုင်ရန် စီစဉ် ရိုက်ကူး ထား ခြင်း ဖြစ်သည်။
ဇာတ်ကား မှ ဇာတ်ဝင် ခန်း တစ်ခု တွင် သရုပ်ဆောင် ခန့် စည်သူ က ခိုင်သင်းကြည် အား မြန်မာ့ သမိုင်းကြောင်း အချို့ အား ရှင်းလင်းပြ ရာ တွင် ၁၉၇၄ ခုနှစ် ဉ် ဦးသန့် ၏ ရုပ် အလောင်း အား နယူးယောက် မှ ဂူသွင်း လျှင်လဲ ရလျှက် သား နှင့် ရန်ကုန် သို့ ရှည် ပြီး ပြန် ပို့ သည် ဟု အမေရိကန် အား စောင်းပါးရိပ် ခြည် အပြစ်တင်သွားသည်။
တရုတ်ဖြူ အရေး အား ကုလ တွင် မဲ ခွဲ ရာ တွင် အမေရိကန် က မဲမပေးဘဲ နေ သည် ဟု ပြစ်တင် ပြောသွားသည်။
ထိုဇာတ်ကား သည် အခြား ဇာတ်ကား များ မရရှိ သော အခွင့်အရေး များ ကို ရရှိခဲ့ပြီး အခြားဇာတ်ကားများ ရိုက်ကူးခွင့် မရရှိသော နေရာ များ တွင် ပင် ရိုက်ကူးခွင့် ရရှသော ကြောင့် ဒါရိုက်တာ အချို့ က မကျေနပ် ဟု သိရသည်။
ဗမာပြည် ကွန်မြူနစ် ပါတီဝင် တစ်ဦး အဖြစ် သရုပ်ဆောင် သည့် အကယ်ဒမီ အောင်ခိုင် က မူ လူထု သတင်းစာ တိုက်အား အစိုးရစစ်တပ်များ မှ ကွန်မြူနစ် ပါတီ သတင်း များ ရိုက် နှိပ်ပေး သည် ဟု ဆိုကာ ဒိုင်းနမိုက်ဖြင့် ခွဲသည် စွပ်ဆွဲ သည် ဟု ပြောသည့် အခန်း နှင့် ထို ဆွေး နွေး ခန်း တွင် သရုပ် ဆောင် ကောင်း သည် ကို တွေ ရှိရသည်။
ထိုဇာတ်ကား ထဲ မှ ဒိုင်ယာလော့ အချို့ ကို နောက်ဆုံး အဆင့် ဉ် ဆင်ဆာ ပြန်လည် ဖြတ်တောက် ထား သည် ။ ဇာတ်ကား အား ကြည့်ရှု ခဲ့သော သတင်းထောက် တစ်ဦး က ထိုဇာတ်ကား သည် သတင်းထောက် ၊ဂျာနယ်လစ် နှင့် စာ နယ်ဇင်း သမား များ အား သရော်ရှုံ့ ချ ထားသည် ဟု သိရသည်။