Pages

Wednesday, August 18, 2010

ရှမ်းပြည်နယ် လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် အများဆုံးရှိကာ ချင်းပြည်နယ်လွှတ်တော် အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်မရှိကြောင်း သိရ


    ရှမ်းပြည်နယ် လွှတ်တော် အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒ နယ်အများဆုံးရှိကာ ချင်းပြည်နယ် လွှတ်တော်အတွက် တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ် မရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် တိုင်းရင်းသား လူမျိုးမဲဆန္ဒနယ်များ သတ်မှတ်ချက် အရ သိရသည်။
    တိုင်းဒေသကြီး လွှတ်တော် (သို့မဟုတ်) ပြည်နယ်လွှတ်တော် မဲဆန္ဒနယ်များကို သတ်မှတ်ရာတွင် မြို့နယ်တစ်မြို့နယ်လျှင် မဲဆန္ဒနယ် နှစ်နယ်စီ သတ်မှတ်ပေးရမည်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၁၆၁၊ ပုဒ်မခွဲ(ခ)နှင့် ပုဒ်မခွဲ (ဂ)တို့အရ တိုင်းရင်းသားလူမျိုး လွှတ်တော် ကိုယ်စားလှယ် ရွေးကောက်တင်မြှောက်ခွင့် ရှိသည့်တိုင်းရင်းသားလူမျိုးတစ်မျိုးစီ အတွက် မဲဆန္ဒနယ် သတ်မှတ်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တစ်ခုလုံးကို မဲဆန္ဒနယ် တစ်နယ်စီအဖြစ် သတ်မှတ်ရမည်ဟု ၂၀၁၀ပြည့်နှစ် မတ်လ ၈ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် တိုင်းဒေသကြီးလွှတ်တော်(သို့မဟုတ်) ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေ ပုဒ်မ ၄ (က)နှင့် ၄ (ဃ) တို့အရ သိရသည်။

    တိုင်းရင်းသားလူမျိုး မဲဆန္ဒနယ်များမှာ ကချင်ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် လေးခု၊ ကယားပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် တစ်ခု၊ ကရင်ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် သုံး ခု၊ စစ်ကိုင်းတိုင်းဒေသကြီး လွှတ်တော်အတွက် မဲဆန္ဒနယ် နှစ်ခု၊ တနင်္သာရီတိုင်းဒေသကြီး လွှတ်တော် အတွက် မဲဆန္ဒနယ်တစ်ခု၊ ပဲခူးတိုင်း ဒေသကြီးလွှတ်တော်အတွက် မဲဆန္ဒနယ် တစ်ခု၊ မကွေးတိုင်းဒေသကြီး လွှတ်တော်အတွက် မဲဆန္ဒနယ် တစ်ခု၊ မန္တလေးတိုင်းဒေသကြီး လွှတ်တော်အတွက် မဲဆန္ဒနယ်တစ်ခု၊ မွန်ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ်သုံးခု၊ ရခိုင်ပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ် တစ်ခု၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်အတွက် မဲဆန္ဒနယ် နှစ်ခု၊ ရှမ်းပြည်နယ် လွှတ်တော်အတွက် မဲဆန္ဒနယ်ခုနစ်ခု၊ ဧရာဝတီတိုင်း ဒေသကြီး လွှတ်တော်အတွက် မဲဆန္ဒနယ်နှစ်ခုတို့ ဖြစ်ကြကြောင်း သိရှိရ ပါသည်။