Pages

Thursday, August 19, 2010

သမ္မတအကွီနိုက ဖိလစ်ပိုင်အစိုးရအတွင်းခြစားမှုများကို နှိမ်နင်းရန်နှင့်  ပြုပြင်ပြောင်းလဲရေးအတွက်တိုက်ရိုက်တိုင်ကြားနိုင်သော ၀က်ဘ်ဆိုက်တစ်ခုကို စတင်အသုံးပြု


       ခြစားမှုများကို နှိမ်နင်းရန်နှင့် အစိုးရ အဖွဲ့လုပ်ငန်းများ ပွင့်လင်းမြင်သာမှု ရှိစေရန်အတွက် ဖိလစ်ပိုင်လူထုအနေဖြင့် တိုက်ရိုက်တိုင်ကြားနိုင်သော ၀က်ဘ်ဆိုက်တစ်ခုကို ဖိလစ်ပိုင်သမ္မတ အကွီနိုက သြဂုတ်လ ၁၆ ရက်နေ့တွင် စတင် အသုံးချခဲ့သည်။
        www.president.gov.ph ၀က်ဘ်ဆိုက်တွင် ဖိလစ်ပိုင်အာဏာပိုင်များနှင့် ပတ်သက်၍ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း အကွီနိုက facebook ပေါ်မှ ထောက်ခံသူ ၁ ဒသမ ၈ သန်းအား တိုက်တွန်းပြောဆိုခဲ့သည်။ ယင်းဝက်ဘ်ဆိုက်ကို Twitter ၊ Friendster နှင့် YouTube ကဲ့သို့ လူမှုဆက်ဆံရေး ကွန်ရက်များမှ တစ်ဆင့် အသုံးပြုနိုင်သည်။ ''သမ္မတနဲ့ အစိုးရအဖွဲ့ကို ပြည်သူတွေက ဆက်သွယ်နိုင်ဖို့ မီဒီယာ အခြေခံ အဆောက်အအုံသစ်ကို ဖွံ့ဖြိုးဖို့ လုပ်နေပါတယ်'' ဟု အကွီနို၏ ပြောခွင့် ရပုဂ္ဂိုလ်ဟာ မီနီယိုကိုလိုမာက ပြောကြားခဲ့သည်။ 
        ဖိလစ်ပိုင်နိုင်ငံတွင် မိုဘိုင်းဖုန်း အသုံးပြုသူ သန်းပေါင်းများစွာသည် ၎င်းတို့၏ စိုးရိမ်မှုများကို စာသား သတင်းပေးပို့ခြင်းမှတစ်ဆင့် ဆက်သွယ်နိုင်မည့် ၀က်ဘ်ဆိုက်တစ်ခုကို အကောင်အထည် ဖော်နေကြောင်း ၎င်းက ပြောကြားခဲ့သည်။