Pages

Wednesday, August 18, 2010

အမေရိကန် သမတ အိုဘားမားကစစ်ခွေးတွေကို တရားစွဲဆိုဖို့ UNကိုတောင်းဆိုလိုက်ကြောင်း

 

၂၀၁၀ ရွေးကောက်ပွဲအတွက် သတင်းကောင်း

by Moethee Zun on Wednesday, August 18, 2010 at 7:04am
 အမေရိကန် သမတ အိုဘားမားက ဗိုလ်ချုပ်သန်းရွှေ၊ဗိုလ်ချုပ်မောင်အေး၊ ဗိုလ်ချုပ်ရွှေမန်း၊ ဗိုလ်ချုပ်သိန်းစိန် ( ကြံဖွတ်ကိုယ်စားလှယ်လောင်း)၊ ဦးသောင်း နဲ အောင်သောင်းတို့ ကို စစ်ရာဇ၀တ်ကောင်များအဖြစ် တရားစွဲဆိုဖို့ ကုလသမဂ ကိုတောင်းဆိုလိုက်ကြောင်း ဒီနေ့  အမေရိကန်အစိုးရက သတင်းထုတ်ပြန်လိုက်ပါတယ်။ လူအခွင့်အရေးချိုးဖေါက်မှု၊ ဒီမိုကရေစီအင်အားစုများကို ငြင်းပန်းသတ်ဖြတ်မှု၊ တိုင်းရင်းသားများကို မတရားဖိနိပ်သတ်ဖြတ်မုဒိန်းကျင့် ရွာမီးရှို့  မှုများ ကို အဆက်မပြတ်ကျူးလွန်လာကြလို့ ဖြစ်တယ်လို့ ဆိုပါတယ်။ အမေရိကန် က အရေးယူတော့မယ်ဖြစ်တဲ့အကြောင်းကို သန်းရွှေ အိန္ဒယခရီးစဉ်ကထည်းက အမေရိကန် က အိန္ဒယအစိုးရမှတဆင့် သတင်းပါးလိုက်ကြောင်းသံတမန်တဦးကဆိုပါတယ်။ ဒီသတင်းကြောင့်သန်းရွှေ အိန္ဒယကအပြန်မှာ ဆေးရုံတင်ရခြင်းဖြစ်မယ်လို့  သံတမန်ကဆိုပါတယ်။ အမေရိကန်အစိုးရက ယခင်က နအဖခေါင်းဆောင်တွေကိုတရားစွဲဖို့ ကုလသမဂကိုတွန်းတွန်းတိုက်တိုက်မလုပ်ခဲ့ကြပါဘူး။ ယခုတော့အမေရိကန် အစိုးရကိုယ်တိုင်က တရားစွဲဖို့ တိုက်တွန်းလာတဲ့အတွက် မြန်မာ အရေးဟာကတိုးတက်တဲ့ အပြောင်းအလဲတခုဖြစ်လာပြီလို့ ဆိုနိင်ပါတယ်။