Pages

Wednesday, August 11, 2010

တယုတ်တို့ ကြီးစိုးသောမန္တလေး တွင် ရဲ နှင့် ယာဉ်ထိန်း ရဲများဆက်ကြေးကောက်ဓမြတိုက် သောင်းကျန်း

August 11, 2010 Freedom News Group


       ဟိန်းခိုင်ထွန်း ၊ ၊မန္တလေး တိုင်း ၊မန္တလေး မြို့ နယ် အတွင်းတွင် ရဲ တပ်ဖွဲ့ ဝင်များ နှင့် ယာဉ်ထိန်း ရဲ တပ်ဖွဲ့ဝင်များ က ပြည်သူ ကို အစွမ်း ကုန် ဖိနှိပ်နေကြာင်းသတင်းရရှိသည်။ မန္တလေးတိုင်း ချမ်းမြသာစည် ၊အောင်မြေသာဇံ နှင့် ချမ်းအေးသာဇံ မြို့ နယ် များ တွင် ယာဉ်ထိန်းရဲများ က တွေ့ သမျှ ဆိုင်ကယ် အကုန်ဖမ်းကာ ဒဏ်ငွေရိုက်နေသောကြောင့် မန္တလေး မြို့ ခံများ မှာ ဆိုင်ကယ်ပင်မစီးရဲ တော့ ဟု သိရသည်။ မန္တလေး ဆေးတက္ကသိုလ်တွင် ပညာ သင်ယူနေသော ကျောင်းသား တစ်ဦး က“ ကျွန်တော် တစ်နေ့ တည်း နှစ်ခါ အဖမ်းခံရတော့ နှစ်မှု ဖြစ်ပြီး တစ်သောင်းကျော်ထွက်သွား တယ် ၊ကျွန်တော်တို့ က နယ်က လာတက်တာ ဆိုတော့ ငွေကြေးအဲဒီလောက် အဆင် မပြေဘူး ဟု Freedom News Groupသို့ ပြောသည်။


မန္တလေးမြို့ ၏ ခရီးသွားလာရေး စနစ်တွင် မရှိမဖြစ်သည့် မော်တော်ဆိုင်ကယ်
ချမ်းမြသာစည် မြို့ နယ် နှင့် အမရပူရ မြို့ နယ်များ တွင်လည်း ရဲ က ညဘက်တွင် ဧည့်စာရင်းများလိုက်လံစစ်ဆေးပြီး တိုင်ကြားထားခြင်း မရှိသူများ ကို ငွေကျပ် တစ်သောင်းမှ ငါးသောင်းထိ တောင်းသည် ဟု သိရသည် ။ အမရပူရ နေ ရွှေချဉ်ထိုး လုပ်ငန်း ရှင် တစ်ဦးက သူတို့  အဲဒီလို လုပ်တာ ရဲစခန်းက သူတို့ သဘောနဲ့ 
သူတို့  လုပ်တာ တာဝန် ရှိသူတွေ နဲ့ စစ်တပ် က တောင် မသိဘူး ဟု ပြောသည်။ မန္တလေးမြို့ ရှိ မဟာအောင်မြေ နှင့် ပုသိမ်ကြီး မြို့ နယ်များ တွင် မူ သက်ဆိုင်ရာ ရဲစခန်းများ က ရဲစခန်း မှတ်တမ်း ရှိသူ ပြစ်မှု ဟောင်း ရှိသူများ ကို ရဲစခန်းနှင့် ရဲမိသားစု အိမ်ယာ၊ စိုက်ပျိုးခင်းများ တွင် လုပ်အား ပေးခိုင်းခြင်း ၊စခန်း အတွက် အလှုငွေထည့်ခြင်းများ လုပ်ခိုင်း သည် ဟု သိရသည်။

မန္တလေး မြို့ နေ ရသ စာရေးဆရ တစ်ဦး ကမူ စစ်အာဏာရှင် တွေ က ပြည်သူ ကို စိတ်ဓာတ် ရေးရာနှိပ်ကွပ်
မှု တွေ လုပ်နေတာ ဟု သုံးသပ်ပြောသည်။ ယခု တစ်လော တွင် ရန်ကုန် နှင့် မန္တလေး ဉ် ရဲတပ်ဖွဲ့ ဝင် အချို့ 
မှာ စစ်ဒေသ နှင့် နယ်မြေခံ တပ် များ ကို ပင် ဂရုမစိုက် တော့ ပဲ ထင်တိုင်း ကြဲနေသည် ဟု သိရသည်။