Pages

Thursday, August 12, 2010

ဟောပြောစည်းရုံး လှုပ်ရှားမှုပြုလုပ်ရာတွင်ကြံဖွတ်ပါတီကလွဲလို့ တခြား နိုင်ငံရေးပါတီတွေ တစ်ခုနှင့်တစ်ခု ပုတ်ခတ်ခြင်းမပြုရကြောင်း သိရ





    ဟောပြောစည်းရုံး လှုပ်ရှားမှု ပြုလုပ်ရာတွင် နိုင်ငံရေးပါတီတစ်ခု နှင့်တစ်ခုပုတ်ခတ်ခြင်း မပြုရကြောင်း သတင်းရရှိပါသည်။
    "ဥပမာ နိုင်ငံရေးပါတီ တစ်ခုခုက နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း နည်းဥပဒေများနဲ့မညီတဲ့ နည်းလမ်းတွေနဲ့ ပါတီစည်းရုံးတာတွေ လုပ်ဆောင်နေမယ် ဆိုရင်တော့ အဲဒါကို မူဘောင်ထဲကနေ ပြောခွင့်၊ ဆိုခွင့်၊ ဝေဖန်ပိုင်ခွင့်ရှိတယ်"ဟု ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသား နိုင်ငံရေးအဖွဲ့ချုပ်မှ ဦးအေးလွင်က ပြောကြားခဲ့သည်။

    လက်ရှိ၌ နိုင်ငံရေးပါတီ တည်ထောင်ခွင့်နှင့် ဆက်လက်တည်ထောင်ခွင့် လျှောက်ထားသည့်ပါတီ  ၄၆ ပါတီ ရှိသွားပြီဖြစ်ပြီး နိုင်ငံရေး ပါတီမှတ်ပုံတင်ခွင့် လျှောက်ထားသည့် ပါတီ ၄၀ ကို မှတ်ပုံတင် ခွင့်ပြုခဲ့ပြီးဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်အရ သိရသည်။

    ထို့ပြင် နိုင်ငံရေးပါတီများသည် ၎င်းတို့၏ ပါတီဝင်အင်အား စာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြလျက်ရှိရာ လက်ရှိ၌ နိုင်ငံရေးပါတီ ၁၁ ပါတီ ရှိပြီဖြစ်ကြောင်း သိရသည်။

    နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ရရှိခဲ့သောပါတီသည် မှတ်ပုံတင်ခွင့်ရရှိသည့် နေ့ရက်မှစ၍ ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စု တစ်ဝန်းလုံးတွင် စည်းရုံးမည့်ပါတီ ဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၁၀၀၀ ကိုလည်းကောင်း၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်တစ်ခု အတွင်း၌သာ စည်းရုံးမည့်ပါတီဖြစ်ပါက ပါတီဝင်ဦးရေ အနည်းဆုံး ၅၀၀ကိုလည်းကောင်း ပြည့်မီအောင် စည်းရုံးပြီး ပါတီဝင်အင်အားစာရင်းကို ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။

     မှတ်ပုံတင်ထားသော နိုင်ငံရေး ပါတီအတော်များများသည် ရန်ပုံငွေ အခက်အခဲကိုလည်း ကြိုးစားဖြေရှင်းနေရကြောင်း နိုင်ငံရေးပါတီများမှ စုံစမ်းသိရသည်။