Pages

Tuesday, August 10, 2010

ဆင်ဖြူလက်ခံသည့်အခမ်းအနား ခွေးချုပ်မှူးကြီး မတက်သဖြင့်ကြိုင်ကြိုင်ကခွေးပြည်တော်မှကန်ထုတ်မည်

E-mail Print
Share/Save/Bookmark ရခိုင်ပြည်နယ် မောင်းတော မြို့နယ်မှ ဖမ်းဆီး ရမိခဲ့သော ဆင်ဖြူကို နေပြည်တော်တွင် လက်ခံသည့် အခမ်းအနားသို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် မိသားစု တက်ရောက်နိုင်ခြင်းမရှိကြောင်း သိရသည်။

elephant
သြဂုတ်လ ၉ ရက်နေ့က နေပြည်တော်တွင် ဆင်ဖြူတော် လက်ခံသည့် အခန်းအနားကျင်းပစဉ် (ဓာတ်ပုံ - AP)
ယခင် ရက်ပိုင်းက ရန်ကုန်ရှိ ပန်းလှိုင် ဆေးရုံသို့ အသက် ၇၇ နှစ်အရွယ်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ တက်ရောက် ကုသခံခဲ့ရသည်ဆိုသော သတင်းများ ထွက်ပေါ်လာပြီးနောက် ယခုကဲ့သို့ မတက်ရောက်နိုင်ခြင်းသည် ကျန်းမာရေး အခြေအနေ ဆိုးရွား နေသောကြောင့် ဖြစ်နိုင်သည်ဆိုသည့် ကောလာဟလ သတင်းများလည်း ပျံ့နှံ့လျက် ရှိသည်။

ရခိုင်ပြည်နယ်မှ ဆင်ဖြူကို လာရောက်သယ်ယူစဉ် ဆင်ဖြူရသည့် အတွက် ဗိုလ်ချုပ်မှူးကြီးက  ၀မ်းသာနေသည်ဟု ရခိုင်ပြည်နယ် တိုင်းမှူးက သံဃာတော်များအား ပြောဆိုခဲ့သည်။

နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီ အတွင်းရေးမှူး (၁) ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးနှင့် ထိပ်တန်း အရာရှိများက ဆင်ဖြူကို ယမန်နေ့က ကြိုဆိုခဲ့ကြပြီး အမွှေးနံ့သာရေများဖြင့် ပက်ဖျန်းခဲ့ကြကြောင်း အစိုးရပိုင် သတင်းစာတွင် ရေးသားထားသည်။

ဆင်ဖြူ၏ အမည်ကို ဘဒ္ဒ၀တီဟု ပေးအပ်ထားကြောင်း၊ နေပြည်တော်ရှိ ဥပ္ပာတသန္တိ စေတီတော် အရှေ့ဘက်တွင် ထားရှိမည်ဖြစ်ကြောင်း၊ ဆင်ဖြူသည် ရတနာဆောင်၌ ပျော်ရွှင်စွာ သွားလာနေထိုင်လျက် ရှိကြောင်းလည်း သတင်းတွင် ပါရှိသည်။

မြန်မာဘုရင် အဆက်ဆက် ဆင်ဖြူကို အလွန်တန်ဖိုးထားလေ့ရှိကာ ဆင်ဖြူတွေ့ရှိပါက ဆင်ဖြူရှင်ဘွဲ့ ခံယူခြင်း၊ မင်းကောင်း မင်းမြတ်အဖြစ် ဂုဏ်ယူဝံ့ကြွားခြင်းများ ရှိခဲ့ရာ လက်ရှိ စစ်အစိုးရ အကြီးအကဲများတွင်လည်း ထိုသို့သော ယုံကြည်ယူဆမှုမျိုး ရှိနေကြောင်း သိရသည်။

ယင်းဆင်ဖြူကို ရခိုင်ပြည်နယ် မောင်းတော မြို့နယ် ဖားဝပ်ချောင်း ကျေးရွာအနီးမှ သစ်တာရေးရာ ၀န်ကြီးဌာနတွင် ဇွန်လ ၂၆ ရက်နေ့ က ဖမ်းဆီး ရမိခဲ့သည်။

ဆင်ဖြူမ သည် အရပ် ၇ပေ ၄ လက်မ၊ လုံးပတ် ၁၀ ပေ ၁၁ လက်မ၊ အသက် ၃၈ နှစ် ခန့်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် အတွင်းမှ ယခု ဆင်ဖြူ အပါအ၀င် စုစုပေါင်း ဆင်ဖြူ ၄ ကောင် ဖမ်းဆီးမိပြီးဖြစ်သည်။

ယခင် ထောက်လှမ်းရေးအကြီးအကဲ ၀န်ကြီးချုပ်ဟောင်း ဗိုလ်လ်ချုပ်ကြီး ခင်ညွန့် လက်ထက်တွင် ဆင်ဖြူ ၃ ကောင် ဖမ်းဆီးရမိခဲ့ပြီး ရန်ကုန်မြို့မင်းဓမ္မ ကုန်းသို့ သယ်ဆောင်၍ ဥယျာဉ်များတည်ဆောက်ကာ ထားပေးခဲ့သည်။

ဆင်ဖြူများကို သယ်ဆောင်ခဲ့သော ဗိုလ်ချုပ်ကြီးခင်ညွန့်မှာလည်း ၂၀၀၄ ခုနှစ်တွင် ဖမ်းဆီး ထိန်းသိမ်း ခံခဲ့ရသည်။ယခုအခါတွင် ၎င်းသယ်ဆောင်ခဲ့သော ဆင်ဖြူများသည်လည်း လျစ်လျူရှုခံထားရကြောင်း သိရသည်။