Pages

Wednesday, August 11, 2010

MRTV နှင့် မြဝတီ မြန်မာရုပ်သံကြားက ယနေ့ည ၈ နာရီ သတင်း အစီအစဉ်တွင် မနက်ဖြန်မှ စတင်ကာ မဲဆန္ဒနယ်မြေစာရင်း ကြေညာမည်ဟု စစ်အစိုးရ ပြောဆို



နယူးဒေလီ။      ။ ပြည်နယ်နှင့် တိုင်းဒေသအလိုက် မဲဆန္ဒနယ်မြေ စာရင်းများကို မနက်ဖြန်မှ စတင်ကာ ထုတ်ပြန်သွားမည်ဟု MRTV နှင့် မြဝတီ မြန်မာရုပ်သံကြားက ယနေ့ည ၈ နာရီ သတင်း အစီအစဉ်တွင် ကြေညာသွားသည်။

အဆိုပါ မဲဆန္ဒနယ် စာရင်းများကို မြန်မာ့အလင်းနှင့် ကြေးမုံ သတင်းစာများထဲတွင် အချပ်ပိုဖြင့် ထည့်သွင်း ဖော်ပြမည်ဟု ဆိုသည်။

“ပြည်နယ်နဲ့ တိုင်းဒေသအလိုက် မဲဆန္ဒနယ်မြေ စာရင်းကို မနက်ဖြန် သတင်းစာတွေထဲမှာ အချပ်ပိုတွေ ထည့်ပေးမယ်။ နောက် ပြည်နယ်နဲ့ တိုင်းဒေသရှိ ကော်မရှင် ရုံးခန်းတွေမှာလည်း ကပ်ထားမယ်လို့ ကြေညာတယ်။ တခြားတော့ ထွေထွေထူးထူး မပါပါဘူး” ဟု ရန်ကုန်မြို့ရှိ အမျိုးသားနိုင်ငံရေး မဟာမိတ်များ အဖွဲ့ချုပ် ပါတီမှ ဗဟို သဘာပတိအဖွဲ့ဝင် ဦးအုန်းလွင်က ပြောသည်။