September 16, 2010
အသက် ၈၀ အရွယ်ရှိပြီ ဖြစ်သည့် ယခင် ခမာနီ ခေါင်းဆောင် ဟောင်း အား ကုလသမဂ္ဂ ကျောထောက်နောက် ခံပေး ထား တရားခွင် တွေ့ ရစဉ် ကမ္ဘောဒီးယား နိုင်ငံအား ခမာနီ များ အုပ်ချုပ် စဉ် က ရက်စက်သော အစိုးရသည် မျက်မှန် တပ်သူ တိုင်း အား သတ်ဖြတ် နှိပ်စက် ခဲ့သည်။
၁၉၇၀ ပြည့်လွန် နှောင်းပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ လူဦးရေ လေးပုံတစ်ပုံနီးပါး အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည့် ခမာရု ထိပ်တန်းခေါင်းဆောင် လေးဦးကို ကုလသမ္မဂ စစ်ရာဇ၀တ်ခုံရုံးမှ စွဲချက်တင်
လိုက်ပြီ ဖြစ်သည်။ ခမာရု ခေါင်းဆောင်လေးဦးသည် ဂျီနိုဆိုဒ် ခေါ် လူမျိုးတုံးသတ်ဖြတ်မှု၊ လူသားထုအပေါ် ကျူးလွန်သော ရာဇ၀တ်မှု၊ ဘာသာရေးဆိုင်ရာ နှိပ်စက်သတ်ဖြတ်မှု စတဲ့ ပြစ်မှုများကို ရင်ဆိုင်ကြရ
တော့မည်။
စွတ်ဆွဲခံရသူ လေးဦးမှာ ခမာအစိုးရလက်ထက် အကိုကြီး နံပါတ် ၂ လို့ ကျော်ကြားခဲ့သူ ၀န်ကြီးချုပ် Nuon Chea ၊ ဒုတိယ ၀န်ကြီးချုပ် Ieng Sary ၊ လူမှုရေးရာ ၀န်ကြီး Ieng Thirith နှင့် နိုင်ငံအကြီးအကဲ လုပ်ခဲ့သူ Khieu Samphan တို့ ဖြစ်ကြသည်။
အစွန်းရောက် မော်ဝါဒီ ခမာအစိုးရသည် ၁၉၇၅မှ ၁၉၇၉ ခုနှစ် လေးနှစ်တာ အာဏာရချိန်အတွင်း
ကမ္ဘောဒီးယား လူဦးရေ ၁.၇ သန်း (လေးပုံတစ်ပုံ) ကို နှိပ်စက်မှု၊ ငတ်မွတ်ခေါင်းပါးစေမှု၊ အလုပ်အကိုင် ပင်ပန်းစေမှုများဖြင့် သတ်ဖြတ်ခဲ့သည်။ အကျဉ်းထောင် တစ်ခုထဲ၌ပင် လူ ၁၄၀၀၀ ကို နှိပ်စက်
သတ်ဖြတ်ခဲ့သည်။
မည့်သည့်ရက်တွင် ရုံးတင် စစ်ဆေးမှု ပြုလုပ်မည်ကို မသိရသေးသော်လည်း အရပ်သားအဖွဲ့ ၂၀၀၀
ကျော်အထိ ကြားနာမှုတွင် ပါဝင်ခွင့် ပေးသွားမည်ဟု ဆိုသည်။
သတင်း CNN