Pages

Wednesday, September 15, 2010

ဆန်ဖရန်စစ္စကို ဘေးဧရိယာရဲ့ ဆိုလာနို ပွဲတော်ကြီး နဲ့ မြန်မာ့ အင်အားစုများ။

အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၊ ဘာကလေ/အယ်လ်ဘန်နီမြို့ရဲ့ ဆိုလာနိုလမ်းမကြီးပေါ်မှာ  Solano Avenue Street fair and the Parade ပွဲတော်ကြီးကို ယနေ့ မနက်ပိုင်း ၁၀နာရီမှ ညနေ ၆ နာရီအထိ စည်းကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြပါတယ်။ ၎င်း ပွဲတော်ကြီးမှာ အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြသော လူမျိုးပေါင်းစုံရဲ့ ယဉ်ကျေးမှုတွေကို ခန်းနားထည်ဝါစွာ တွေ့ကြရပါတယ်။ အဲဒီလို ဒေသအသီးသီးက လူမျိုးတွေဟာ သူတို့နိုင်ငံ သူတို့ လူမျိုးတွေရဲ့ ယဉ်ကျေးမှုတွေ၊ သူတို့တွေရဲ့ အဆိုအကတွေကိုလည်း ပုံစံမျိုးစုံနဲ့ မြင်တွေ့ကြရပါတယ်။ 

 ၎င်းပွဲတော်ကြီးမှာ ဆန်ဖရန်စစ္စကိုဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီအင်အားစုများနဲ့ မြန်မာ့ community မှ မြန်မာပြည်ဖွားများလည်း ပါဝင်ဆင်နွှဲခဲကြပါတယ်။ နှစ်စဉ် နှစ်တိုင်း ပါဝင်ဆင်နွှဲခဲ့ကြတာဟာ ယခုနှစ်တိုင် ဖြစ်ပါတယ်။ မြန်မာ့ အင်းအာစုတွေရဲ့ ကိုယ့်တိုင်းပြည် ကိုယ့်ယဉ်ကျေးမှုဖြစ်တဲ့ အိုးစည်းဒိုးပတ် အတီးအမှုတ်များနဲ့အတူ မြန်မာဆန်ဆန် ဆင်ယင်ပြီး ကခုန် ဆင်နွှဲခဲ့ကြတာဟာလည်း ၀မ်းသာကြည်နူးဖွယ် အမေရိကန်ရောက် မြင်ကွင်းတစ်ခုပါဘဲ။ 


ပိုပြီးထူးခြားမှုကတော့ မြန်မာ့ အင်အားစုတွေဟာ လူမျိုးပေါင်းစုံတို့ရဲ့အလည်မှာဘဲ မြန်မာတို့ရဲ့ ခွပ်ဒေါင်းအလံတော်တွေကိုလွှင့်ထူကြပြီးတော့ FREE BURMA, FREE AUNG SAN SUU KYI နဲ့ ၂၀၁၀ စစ်အာဏာရှင် ရွေးကောက်ပွဲကို ဆန်ကျင်ကြ စသည့် ဆိုင်းဘုတ်များကို ကိုင်ဆောင်ကြပြီး ၊ နိုင်ငံတစ်ကာမှရောက်ရှိလာကြသော လူမျိုးပေါင်းစုံတို့ ရဲ့ အမြင်ထဲ ရောက်ရှိသွားနိုင်အောင်လို့  ကြိုးစားနေကြတာကိုလည်း မြင်တွေ့နိုင်ပါတယ်။


 




သတင်း--- ဘေးမြန်မာ