Pages

Wednesday, September 8, 2010

အိုဘားမားက အာဆီယံ ခေါင်းဆောင်များနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ ပြုလုပ်ရန် ဖိတ်ကြားမှုသည် အာဆီယံအပေါ် အမေရိကန်၏ ယုံကြည်မှုကို ပြသခြင်းဖြစ်သည်ဟု ဆူရင်ပစ်ဆူဝမ် ပြောကြား

PDF Print E-mail
 
   အမေရိကန်သမ္မတ ဘာရက်အိုဘားမား က အာဆီယံခေါင်းဆောင်များနှင့် ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲပြုလုပ်ရန် ဖိတ်ကြားမှုသည် အဖွဲ့အပေါ် အမေရိကန်၏ ယုံကြည်မှုကို ဖော်ပြနေကြောင်း အာဆီယံအတွင်းရေး မှူးချုပ် ဆူရင်ပစ်ဆူဝမ်က ပြောကြားခဲ့သည်။


    အမေရိကန်နှင့် အရှေ့တောင်အာရှ နိုင်ငံများ ပြန်လည်စေ့စပ်ညှိနှိုင်းမှုသည် သံခင်းတမန်ခင်း ဖြစ်နိုင်ချေများကို ဖြစ်ထွန်းစေသည့်အပြင် ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းသစ်များကိုလည်း ဖွင့်လှစ်ပေး ရာရောက်ကြောင်း ဘလွန်းဘာ့ဂ်ျ သတင်းဌာနက အီးမေးလ်ဖြင့် ဆက်သွယ်မေးမြန်းမှုတွင် ဆူရင်က ဖြေကြားခဲ့သည်။
 
စင်ကာပူတွင် ၂၀၀၉ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ကပြုလုပ်သော အမေရိကန်-အာဆီယံ ခေါင်းဆောင်များ ပထမဆုံး အကြိမ် တွေ့ဆုံပွဲကို တွေ့ရစဉ်
    အိုဘားမားသည် အာဆီယံ ခေါင်းဆောင်များနှင့် စက်တင်ဘာလ ၂၄ ရက်နေ့တွင် နယူးယောက် ၌ တွေ့ဆုံရန် ဖိတ်ကြားထားသည်။ ကုလသမဂ္ဂ အထွေထွေညီလာခံ ကျင်းပသည့်အချိန်တွင် ယင်းထိပ်သီး ဆွေးနွေးပွဲကို နယူးယောက်တွင်ပင် သီးခြားကျင်းပရန် စီစဉ်ခဲ့ခြင်းဖြစ်ပြီး အမေရိကန်၏ စတုတ္ထအကြီး ဈေးကွက်တွင် ကုန်သွယ်ရေးတိုးမြှင့်ရန် ရည်ရွယ်ကြိုးပမ်းမှုလည်း ဖြစ်သလို ဒေသတွင်း တရုတ်အင်အား ကောင်းလာခြင်းကို တန်ပြန်ရန် အာဆီယံနိုင်ငံများနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရေး ကြိုးပမ်းမှုလည်း ဖြစ်သည်။

    အမေရိကန်သည် ပြီးခဲ့သည့်လက ဗီယက်နမ်တွင် ပြုလုပ်ခဲ့သော အာဆီယံ ကုန်သွယ်ရေးဝန်ကြီးများ၏ ဆွေးနွေးပွဲကို မတက်ရောက်ခဲ့သောကြောင့် ဝေဖန်ခံနေရသည်။ အိုဘားမားသည် ပြီးခဲ့သည့် ၂၀၀၉ ခုနှစ် နိုဝင်ဘာလက စင်ကာပူတွင် အာဆီယံခေါင်းဆောင်များနှင့် ထိပ်သီးဆွေးနွေးပွဲ ကျင်းပခဲ့ပြီး ယင်းသို့ပြုလုပ်သည့် ပထမဆုံး အမေရိကန် သမ္မတအဖြစ်ပါ မှတ်တမ်းဝင်ခဲ့သည်။

    တရုတ်၏ အာဆီယံနိုင်ငံများ နှင့် ကူးသန်းရောင်းဝယ်မှုသည် အမေရိကန်အပေါ် ပြီးခဲ့သည့် ဆယ်စုနှစ် အတွင်းကျော်လွန် လာခဲ့ပြီး ယမန်နှစ်က အမေရိကန်ဒေါ်လာ ၁၇၈ ဘီလျံမျှ ရှိခဲ့သည်။

    အရှေ့တောင် အာရှကူးသန်းရောင်းဝယ်မှု စုစုပေါင်းတွင် တရုတ်သည် ယခင် က ၄ ရာခိုင်နှုန်း မျှသာ ပါဝင်ရာမှ ယခုအခါ ၁၁ ဒသ မ ၆ ရာခိုင်နှုန်း ပါ ၀င်သည်ထိ တိုးတက်လာခဲ့သော်လည်း အမေရိကန် မှာ ၁၅ ရာခိုင်နှုန်းမှ ၉ ဒသမ ၇ ရာခိုင် နှုန်းသို့ ကျဆင်းသွားခဲ့သည်။