'၂၀၁၀ မတ်လကုန်ပိုင်း အထိကို နိုင်ငံတကာမြှုပ်နှံမှုဇယား မှာ စွမ်းအင်ကဏ္ဍက နံပါတ်(၁) နေရာမှာရှိနေတာပါ။ ဒါပေမယ့် လွန်ခဲ့တဲ့ လေးငါးလအတွင်းမှာပဲ ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍမှာ အမေရိကန်ဒေါ်လာ ကိုးဘီလျံ ကျော် လာမြှုပ်နှံလိုက်တဲ့အတွက် အခုဆို ရေနံနဲ့သဘာဝ ဓာတ်ငွေ့ကဏ္ဍက ရင်းနှီးမြှုပ်နှံမှုတန်းစီဇယားမှာ နံပါတ်(၁)ဖြစ်သွားပါ ပြီ။ Oil and Gas ကဏ္ဍက အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၄၅ ဘီလျံနဲ့ ထိပ်ဆုံး၊ စွမ်းအင်ကဏ္ဍက ၁၁ ဒသမ ၃၄၁ နဲ့ ဒုတိယနေရာ ရောက်သွားတယ်'ဟု ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ အထွေထွေ အတွင်းရေးမှူး ဒေါက်တာ မောင်မောင်လေးက ဆိုသည်။
၂၀၁၀ မတ်လကုန်အထိ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံထားတာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံပဲ ရှိသေးတာပါ။ အခု ဧပြီ ကနေ ဇူလိုင် လကုန်ကြားထဲမှာပဲ အချိန်တိုလေးအတွင်းလာပြီး မြှုပ် နှံတာ ငါးဘီလျံကျော်ရှိပါတယ်။ အားလုံးကလည်း စွမ်းအင်ကဏ္ဍ သီးသန့်မှာလို့သိရတယ် .. |
စွမ်းအင်ကဏ္ဍတွင် ငါးဘီလျံကျော် ထပ်မံမြှုပ်နှံထားသည့်အတွက် တရုတ်နိုင်ငံ၏ မြန်မာနိုင်ငံအတွင်း လာရောက်မြှုပ်နှံထားသည့် ပမာဏ မှာ စုစုပေါင်း အမေရိကန်ဒေါ်လာ ၆ ဒသမ ၄ ဘီလျံကျော် ရှိလာကြောင်းလည်း သိရသည်။
'၂၀၁၀ မတ်လကုန်အထိ တရုတ်နိုင်ငံအနေနဲ့ မြန်မာနိုင်ငံမှာ လာရောက်မြှုပ်နှံထားတာ အမေရိကန် ဒေါ်လာ ၁ ဒသမ ၈၅ ဘီလျံပဲ ရှိသေးတာပါ။ အခု ဧပြီ ကနေ ဇူလိုင် လကုန်ကြားထဲမှာပဲ အချိန်တိုလေးအတွင်းလာပြီး မြှုပ် နှံတာ ငါးဘီလျံကျော်ရှိပါတယ်။ အားလုံးကလည်း စွမ်းအင်ကဏ္ဍ သီးသန့်မှာလို့သိရတယ်။ နိုင်ငံ ခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စံချိန်တင် ၀င်နေတဲ့အထဲမှာ အာရှနိုင်ငံတွေရဲ့ဝင်ရောက်မှုက အများဆုံးပဲ။ ဥရောပကတော့ ဒီနှစ်တွေထဲမှာ မရှိသလောက် နည်းတယ်'ဟု စီးပွားရေးတွေ့ဆုံပွဲတစ်ရပ်တွင် ပြည်ထောင်စု မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်(UMFCCI) မှတာဝန် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ယင်းအပြင် သတ္တုတူးဖော် ရေးကဏ္ဍမှာ ၂၀၁၀ ပြည့်နှစ် မတ်လကုန်အထိ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃ ဘီလျံကျော်ဖြင့် အဆင့်(၄)နေရာတွင် ရှိနေသော်လည်း ၂၀၁၀ ပြည့်နှစ် ဇူလိုင်လ ကုန်တွင် ထုတ်ပြန်မှုအရ ၂ ဒသမ ၃၉ ဘီလျံကျော်ဖြင့် ကုန်ထုတ် လုပ်မှုကဏ္ဍကိုကျော်ကာအဆင့်(၃) နေရာသို့ တက်လာခဲ့ကြောင်း သိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး
၂၀၁၀ မတ်လကုန်ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား | ပမာဏ(၃၁-၇-၂၀၁၀) | |
၁ | စွမ်းအင် | ၆၃၁၁.၂၂ |
၂ | ရေနံနှင့်သဘာဝဓာတ်ငွေ့ | ၃၆၃၆.၀၈ |
၃ | ကုန်ထုတ်လုပ်မှု | ၁၆၆၂.၁၂၆ |
၎ | သတ္တုတူးဖော်ရေး | ၁၃၉၈.၃၉ |
၅ | ဟိုတယ်နှင့်ခရီးသွားလာရေး | ၁၀၆၄.၈၁၁ |
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအများဆုံးပြုလုပ်သည့် ထိပ်ဆုံးကဏ္ဍ ၅ မျိုး
၂၀၁၀ ဇူလိုင်လကုန်ရပ်တည်မှု (အမေရိကန်ဒေါ်လာ-သန်း)
အမျိုးအစား | ပမာဏ(၃၁-၇-၂၀၁၀) | |
၁ | ရေနံနှင့်သဘာဝဓာတ်ငွေ့ | ၁၃၄၄၇.၉၇၅ |
၂ | စွမ်းအင် | ၁၁၃၄၁.၆၃၂ |
၃ | သတ္တုတူးဖော်ရေး | ၂၃၉၅.၃၈၆ |
၎ | ကုန်ထုတ်လုပ်မှု | ၁၆၆၂.၁၂၆ |
၅ | ဟိုတယ်နှင့်ခရီးသွားလာရေး | ၁၀၆၄.၈၁၁ |