Pages

Monday, September 20, 2010

အမေရိကန် State Department မှ Ovation Music အဖွဲ တခုလုံးကို US Visa status ကို Invalid လုပ်လိုက်ကြောင်း ယခုအချိန်မှ စတင်ပြီး တရားမဝင်တော့ကြောင်း ပြောကြား

အမေရိကန် State Department မှ Ovation Music အဖွဲ တခုလုံးကို US Visa status ကို Invalid လုပ်လိုက်ကြောင်း ယခုအချိန်မှ စတင်ပြီး တရားမဝင်တော့ကြောင်းနှင့် သူတို့ တဖွဲ့ လုံးကိုလဲ အမြန်ဆုံး USAမှနေထွက်ခွာသွားရန် US Statement Department မှတရားဝင်အကြောင်းကြားမည်သိရကြောင်း ဆက်လက်ပြီး IRS နှင့် ပူးပေါင်းပြီး အဲဒီ အဖွဲ့ နှင့် ပွဲ သွင်းခဲ့ သူများ ငွေရှာခဲ့ သူများကို audit ဝင်နိုင်အောင်စိစဉ်သွားမည်ဟုသတင်းရရှိပါသည်။


ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာ၌ စက်တင်ဘာလ (၂၅)ရက်နေ့ စနေနေ့တွင် ညနေ(၆)နာရီမှ ည(၉)၃၀နာရီအထိ မင်းမော်ကွန်း၊ ရဲလေး၊ Lဆိုင်းဇီ၊ နေရီ နှင့် ၀ိုင်းစုခိုင်သိန်း တို့မှ တေးဂီတ စင်တင်ဖြေဖျော်ပွဲ ပြုလုပ်ကြမည်ဖြစ်ပါသည်။
၎င်း အဆိုတော်များထဲတွင်ပါဝင်သော ၀ိုင်းစုခိုင်သိန်းမှာ ၊ ၈၈ အရေးတော်ပုံကြီးနှင့် ဦးသန့်အရေးအခင်း တို့ကိုယုတ်မာစော်ကားစွာပုံဖျက်ထားသော သမိုင်းကြောင်းအတုဖြင့် စစ်အစိုးရ၏ ၀ါဒဖြန့်ချီရေး ဇတ်ကားဖြစ်သော အာရုံဦးမှာ ဖူးသည့်ကြာ ဇတ်ကားတွင် နအဖလက်ပါးစေ သရုပ်ဆောင် မင်းသမီးအဖြစ် တတ်ကြွစွာ ပါဝင်သရုပ်ဆောင်ခဲ့သူ တစ်ဦးဖြစ်ပါသည်။

     ယခုအချိန်ခါတွင် ၀ိုင်စုခိုင်သိန်းပါဝင်သော စတိတ်ရှိုးပွဲများကို အမေရိကန်ပြည်ထောင်စု အနယ်နယ်အရပ်ရပ် မြို့များတွင်မြန်မာ့ဒီမိုကရေစီအင်အားစုများမှ ၀ိုင်ဝန်းဆန္ဒပြနေကြသည့် သတင်းများလည်း များစွာတွေ့မြင်နေရပါသည်။
    ယခု ဆန်ဖရန်စစ္စကိုမြို့တွင် ဒုတိယအကြီမ်ကျင်းပပြုလုပ်မည့် ၀ိုင်းစုခိုင်သိန်း၏ စတိတ်ရှိုးပွဲကိုလည်း ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ အင်တိုက်အားတိုက် ၀ိုင်းဝန်း ပြီး   ပိုမိုပြင်းထန်စွာဆန္ဒပြရန်စီစဉ်နေကြောင်းဒုတိယအကြီမ်ကျင်းပပြုလုပ်မည့် ၀ိုင်းစုခိုင်သိန်း၏ စတိတ်ရှိုးပွဲကိုစီစဉ်သူတချို့ ဟာနိုင်ငံရေးခိုလုံခွင့် ရရှိထားသူများဖြစ်နေသူများပါဝင်နေကြောင်းသိရသဖြင့်    ဆန်ဖရန်စစ္စကို ဘေးဧရိယာရှိ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားနေကြသော အင်းအာစုများမှ ထိုတာဝန်မဲ့သူတွေအတွက်လဲထိရောက်မဲ့ Action တွေကို U.S State Department and IRS တို့ နှင့် လက်တွဲပြီးရှေ့နေနှင့် ညှိနိုင်းဆောင်ရွက်ရန်စီစဉ်နေကြောင်း ယင်းကဲ့သို့ မျက်နှာပြောင်တိုက်သော ကိုယ်ကျိုးကြည့် နိုင်ငံရေးခိုလုံခွင့် ရရှိထားသူများရဲ့ လုပ်ရပ်ကို များစွာဝိုင်းဝန်း ရုတ်ချနေကြကြောင်း 
ဘေးဧရိယာမှ သတင်းရှိပါသည်။