Pages

Sunday, September 19, 2010

"ပြည်တွင်းတွင်ကြံ့ဖွတ်ကိုမဲပေးရင်သံဃာတွေကိုသတ်ဦးမှာပဲ" ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးကျောင်းသားလူငယ်များ၏လှုပ်ရှားမှုစတင်



ရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေးတက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်အင်အားစုများ၏ ၂၀၁၀ ရွေးကောက်ပွဲဆန့် ကျင်ရေးလှုပ်ရှားမှုများ၏တတိယမြောက်လှုပ်ရှားမှုအဖြစ် LETTER CAMPAIGN လှုပ်ရှားမှုကိုလွန်ခဲ့သည့်တပတ်ခန့် မှစတင်ပြီးပြုလုပ်ခဲ့ကြသည်။
စစ်တပ်အသွင်ပြောင်းပါတီဖြစ်သောကြံ့ဖွတ်ပါတီနှင့်စစ်အစိုးရပြုလုပ်မည်ဆိုသော ၂၀၁၀ ရွေးကောက်ပွဲကိုသရော်လှောင်ပြောင်ထားသောပို့ စကတ်များထည့်
ထားသည့်စာအိတ်ပေါင်းတထောင်ကျော်ကိုလွန်ခဲ့သည့်ဆယ်ရက်ခန့် ကတည်းကအဆိုပါ
လူငယ်အင်အားစုများကရန်ကုန်တိုင်းအတွင်းရှိစာတိုက်ပုံးအသီးသီးမှနေရ်ျမြန်မာနိုင်ငံအနှံ့အပြားရှိမြို့ နယ်
များသို့ ပို့ ဆောင်ခဲ့ကြကြောင်းလှုပ်ရှားမှုတွင်ကိုယ်တိုင်ပါဝင်ခဲ့သူရန်ကုန်တိုင်းအတွင်းရှိဒီမိုကရေစီရေး
တက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်အင်အားစုများအဖွဲ့ ဝင်လူငယ်တစ်ဦးထံမှသိရှိရသည်။ဖြန့့် ဝေခဲ့သည့်ပို့ စကတ်များတွင်"ကြံ့ဖွတ်ကိုမဲပေးရင်သံဃာတွေကိုသတ်ဦးမှာပဲ" "ကြံ့ဖွတ်ကိုမဲပေးရင်ပြည်သူတွေငတ်ဦးမှာပဲ" "၂၀၁၀ ရွေးကောက်ပွဲကို
မဲပေးရင်ကျောင်းသားတွေထောင်ကျဦးမှာပဲ" စသည့်စာသားများပါဝင်သည့်အပြင်ဘောင်းဘီချွတ်လူဝတ်ပြောင်းရ်ျကြံ့ဖွတ်ပါတီကိုဦးဆောင်ပြီး
ရွေးကောက်ပွဲဝင်ရောက်အရွေးခံရန်ပြင်ဆင်နေသော "ဦး" တပ်ခေါ်နေရသည့်စစ်
ဗိုလ်ချုပ်ကြီးများကိုသရော်လှောင်ပြောင်ထားသောကာတွန်းပုံများလဲပါဝင်ကြောင်းသိရှိရသည်။
         "ကျွန်တော်တို့ ကဒီ LETTER CAMPAIGN လှုပ်ရှားမှုကိုရွှေဝါရောင်တော်လှန်ရေးသုံးနှစ်မြောက်နှစ်
ပတ်လည်အထိမ်းအမှတ်အဖြစ်လှုပ်ရှားပြုလုပ်ရခြင်းဖြစ်ပါတယ်။သံဃာတော်တွေသွေးမြေကျခဲ့ရတဲ့လက်သည်တရားခံကိုမမေ့ကြဖို့ နဲ့ အဲဒီသာသနာဖျက်တွေကိုယ်တိုင်ကပုံစံပြောင်းပြီးကျွန်တော်တို့ နိုင်ငံကိုထပ်မံအုပ်ချုပ်ဖို့  ၂၀၁၀ ရွေးကောက်ပွဲဆိုတဲ့လုပ်ကြံဇာတ်ကြီးကိုခင်းဖို့ ကြံနေပြီဆိုတာကျွန်တော်တို့ မြန်မာပြည်သူတွေသတိပြုမိ
ကြဖို့ အတွက်ရည်ရွယ်ပြုလုပ်ရခြင်းဖြစ်ပါတယ်။နောက်တခုကပြည်တွင်းမှာပဲကျွန်တော်တို့ လို ၂၀၁၀ ရွေး
ကောက်ပွဲဆန့် ကျင်ရေးနဲ့ ဒီမိုကရေစီရရှိရေးလှုပ်ရှားနေကြတဲ့တခြားညီအစ်ကိုတော်အင်အားစုတွေကိုအခုဒီ LETTER CAMPIGN လှုပ်ရှားမှုပုံစံမျိုးလိုပဲကိုယ့်ရဲဘော်တွေရဲ့ လုံခြုံရေးကိုမထိခိုက်စေပဲ၊အစိုးရရဲ့ လုပ်ငန်းယန္တယားဖြစ်တဲ့ဆက်သွယ်ရေးလုပ်ငန်းကိုအသုံးချပြီးကိုယ့်လှုပ်ရှားမှုဖြစ်
မြောက်အောင်ဆောင်ရွက်နိုင်တယ်ဆိုတဲ့ IDEA ကိုလဲပေးချင်ပါတယ်။ဒီ LETTER CAMPIGN ကိုလွန်ခဲ့တဲ့ဆယ်ရက်ကစတင်လှုပ်ရှားခဲ့ကြတာဖြစ်ပြီးစာအိတ်တွေပေါ်ကပို့ ရမယ့်လိပ်စာတွေကိုတော့ရန်ကုန်လမ်းညွှန်လိုစာအုပ်မျိုးနဲ့ တခြားဂျာနယ်တချို့ ကရပါတယ်။ကျွန်တော်တို့ အဓိကထားပို့ တာကတော့မြန်မာနိုင်ငံအရပ်ရပ်ကလုပ်ငန်းရှင်တွေ၊အစိုးရရုံးတွေကို
ပါ။ဒီလှုပ်ရှားမှုရဲ့ ပစ်မှတ်ကတော့အလုပ်သမားလူတန်းစားနဲ့ အောက်ခြေအစိုးရ၀န်ထမ်းတွေပဲဖြစ်ပါတယ်"
ဟုအထက်ပါလူငယ်ကပြောကြားသွားပါတယ်။ရွှေဝါရောင်တော်လှန်ရေးသုံးနှစ်မြောက်နှစ်ပတ်လည်အထိမ်းအ
မှတ်အဖြစ်ပြုလုပ်တဲ့ LETTER CAMPIGN လှုပ်ရှားမှုကိုပြုလုပ်ခဲ့သော ရန်ကုန်တိုင်းအတွင်းရှိဒီမုကရေစီရေး
တက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်အင်အားစုများ သည်လွန်ခဲ့သည့်လကလည်းရွေးကောက်ပွဲဆန့် ကျင်ရေးပထမလှုပ်ရှားမှုအဖြစ်ရန်ကုန်တိုင်း
အတွင်းရှိဘုန်းတော်ကြီးကျောင်းတိုက်အသီးသီးသို့ ရွေးကောက်ပွဲ
ဆန့် ကျင်ရေးပို့စကတ်များဖြန့် ဝေခဲ့ကြပြီး၊ဒုတိယလှုပ်ရှားမှုအဖြစ်ရန်ကုန်တိုင်း
အတွင်းရှိမြို့ နယ်ဆယ့်တစ်မြို့ နယ်၏လမ်းမများပေါ်တွင်ရွေးကောက်ပွဲမဲမပေးရေးစတစ်ကာများကြဲဖြန့် 
ခဲ့သည့် ရွေးကောက်ပွဲဆန့် ကျင်ရေးတနင်္ဂနွေလှုပ်ရှားမှု ကိုပြုလုပ်ခဲ့ကြပြီးယခုတတိယလှုပ်ရှားမှုအဖြစ် LETTER CAMPIGN ကိုပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။
                                    ရန်ကုန်တိုင်းအတွင်းရှိဒီမုကရေစီရေးတက်ကြွလှုပ်ရှားနေသောကျောင်းသားလူငယ်အင်အားစုများ/