Pages

Saturday, September 18, 2010

“မြန်မာနိုင်ငံမှခွေးချုပ်မှူးကြီးကိုတရုပ်ကကြိုဆိုရာ အဘွားအိုက ပြန်မေးလိုက်ပုံမှာ “ဘာလဲ - တစ်ချက်ထဲနဲ့မှန်အောင် မပစ်နိုင်လို့လား” တဲ့

jokes from NMG web

by Moe Ma Ka on Friday, September 17, 2010 at 5:01pm
ယုန်ကလေးရဲ့ ဆုတောင်း
www.nmg-news.com
စက်တင်ဘာ ၁၇၊၂ဝ၁ဝ

တော်တော်ညံ့တာပဲ
ဗိုလ်ချုပ်မှူးကြီး တရုတ်နိုင်ငံသို့ အလည်အပတ် သွားရောက်ရာ တရုတ်ဂုဏ်ပြုတပ်ဖွဲ့က အမြှောက် ပစ်ဖောက် ကြိုဆိုသည်။

ပထမ တကြိမ် ပစ်ဖောက်ပြီး နောက်တကြိမ် ပစ်ဖောက်ရာ ကြိုဆိုကြသည့် လူအုပ်ကြီးထဲမှ အဘွားအို တယောက်က ......

ဘေးမှ လူတဦးကို “ဘာဖြစ်လို့ အမြှောက်ပစ်တာလဲ” ဟု မေးသည်။

“မြန်မာနိုင်ငံက ဗိုလ်ချုပ်မှူးကြီးလာလို့လေ” ဟု ထိုသူက ပြန်ဖြေသည်။

အဘွားအိုက ပြန်မေးလိုက်ပုံမှာ “ဘာလဲ - တစ်ချက်ထဲနဲ့မှန်အောင် မပစ်နိုင်လို့လား” ဟူသတည်း။


ပြီးလို့ မရသေးဘူး
သတင်းထောက် ခင်ဇော် အလုပ်လုပ်သော ဂျာနယ်တိုက်မှာ ပြန်ကြားရေးဌာနနှင့် ပနံသင့်လှသည်။ သတင်းစာ ရှင်းလင်းပွဲများ မတိုင်မီ မေးသင့်သည့် မေးခွန်းများ ကြိုရထားလေ့ ရှိသည်။

သည်တကြိမ်တွင် အစိုးရက တောင်ပေါ်မြို့လေးတွင် သတင်းစာ ရှင်းလင်းပွဲလုပ်ရန် ရွေးချယ်လိုက်သည်။

တောင်ပေါ်လမ်း ကောက်ကောက် ကွေ့ကွေ့ မြင်တော့ ခင်ဇော် မနေနိုင်တော့၊ ၀ါသနာ ထလာသည်။ မြင်း စီးချင် လာသည်။

သို့နှင့် နာရီပိုင်း မြင်းစီးလိုက်သည်။ ကံဆိုးချင်တော့ မြင်းပေါ်မှ လိမ့်ကျသည်။ သတင်းစာ ရှင်းလင်းပွဲ မသွားနိုင်တော့။

သတင်းစာရှင်းလင်းပွဲတွင် ၀န်ကြီးက ထုံးစံအတိုင်း ပြောစရာရှိသည်များ ပြောသည်။ ထို့နောက် သတင်းစာ ဆရာများက မေးခွန်းများ မေးသည်။

ဝန်ကြီးလည်း ပြန်ဖြေသည်။

နောက်ဆုံးတွင် အခန်းအနားမှူးလုပ်သူက သတင်းထောက်များကို မေးစရာ မေးခွန်းများ ရှိသေးလားဟု မေးသည်။

သတင်းထောက်များထဲမှ မေးခွန်း ထွက်မလာတော့။

အခန်းအနားမှူးက ၀န်ကြီး ဖြစ်သော ဗိုလ်မှူးချုပ်ကို ခွင့်တောင်းလိုက်သည်။

“၀န်ကြီးခင်ဗျား- အခမ်းအနား အဆုံးသတ်လိုက်ရတော့မလား။”

ထိုအခါ ၀န်ကြီးက ပြန်ပြောပုံမှာ -

“နေအုံး၊ အဆုံးမသတ်နဲ့အုံး။ ငါ့မှာ အဖြေနှစ်ခု ကျန်သေးတယ်” ဟူသတတ်။


နောက်ကျတဲ့ခြေထောက် သစ္စာဖောက်
ဆန္ဒပြမှုများ ဖြစ်ပေါ်လာရန် အခြေ အနေများက ဖန်လာနေသဖြင့် ဗိုလ်ချူပ်မှူးကြီးက စစ်အုပ်ချုပ်ရေး ရပ်စဲကြောင်း ကြေညာ လိုက်ရသည်။

နောက်တနေ့ မနက်စောစော အိပ်ယာမှ နိုးလာသောအခါ ဇနီးသည်ကိုလည်း မတွေ့ သားသမီးမြေးများကို မတွေ့၊ အိမ်တော်ဝန်းတ၀ိုက် အစောင့် များလည်း ရှင်းနေသည်၊ တိတ်ဆိတ်နေသည်၊ အိမ်တော်ဝန်း အပြင်ဘက် ခပ်ဝေးဝေးတွင်သာ ကားသံများ ဆူညံစွာ ကြားနေရသည်၊

ရုတ်တရက် တယ်လီဖုန်းသံ ကျယ်လောင်စွာ မြည်လာ၍ ကောက်ကိုင်လိုက်ရာ …….

“ဟဲလို ဗိုလ်ချူပ်မှူးကြီးလား ခင်ဗျာ ကျနော်ရွှေမန်းပါ နေကောင်းရဲ့လား”

“ကောင်းပါတယ် ဒါနဲ့ဘာတွေ ဖြစ်ကုန်တာတုန်း။ ငါ ဘာမှ နားမလည်နိုင်တော့ဘူး --- တယောက်မှလည်း မရှိတော့ဘူး”

“အားလုံး ပြေးကုန်ကြပြီလေ”

“ဟေ့! မထင်တာတွေ အားလုံး ဖြစ်ကုန်ပါကကောလား။ ဒါဆို မင်းနဲ့ငါ နှစ်ယောက်ထဲပဲ ကျန်တော့တာပေါ့ ဟုတ်လား”

“ဟင့်အင်း ---- ကျနော် ပီကင်း ကနေ ဆက်နေတာ”



ယုန်ကလေးရဲ့ ဆုတောင်း

မုဆိုးတယောက် တောလိုက်ထွက်ရာ ယုန်တကောင် အရှင် မိလာသည်။

အိမ်ရောက်သည့် အခါ အိမ်ရှင်မကို ပြောလိုက်သည်။

“မိန်းမရေ၊ ဒီယုန်ကို ဆီကလေးနဲ့ ကြော်လိုက်စမ်းပါ”

“ဆီမရှိဘူး တော်ရေ့”

“ဒါဆို ၀က်ဆီနဲ့ ကြော်ကွာ”

“၀က်ဆီလည်း မရှိဘူး တော်ရေ့”

“အဲဒါဆို ရေနဲ့ပဲ ပြုတ်လိုက်ကွာ”

“မီးမလာဘူး ရှင့်”

မုဆိုးက စိတ်ဆိုးပြီး ယုန်ကို ပြတင်းပေါက်မှ လွင့်ပစ်လိုက်သည်။

လမ်းပေါ်တွင် ယုန်က နားရွက်နှစ်ဖက်ကို ကားလိုက်ပြီး ၀မ်းသာအားရ အော်လေသည်။

“စစ်အစိုးရ အဓွန့်ရှည်ပါစေဗျာ”