Pages

Monday, October 25, 2010

ဒေါက်တာထွန်းလွင်က မကြာခင်ဖြစ်ပေါလာမဲ့ကျန်နေသေးတယ် မုန်တိုင်းခွေးပြည်တော်သို့ ဦးတည်နိုင်ဟုပြော

ကျန်နေသေးတယ် မုန်တိုင်းတွေ

နိုဝင်ဘာလအတွင်း မုန်တိုင်းတွေ ဖြစ်ပေါ်ဖို့ ၆၀ ရာခိုင်နှုန်း ရှိနေသေးတယ်လို့ ဒေါက်တာထွန်းလွင်က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သူ့ရဲ့ ထုတ်ပြန်ချက် အပြည့်အစုံကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

သမိုင်းကိုသက်သေတည် (၅) နှစ်ဆက်တိုက် မုန်တိုင်းဝင်ခဲ့ပြီ။

၂၀၁၀ ပြည့်နှစ်နှင့် သဏ္ဍာန်တူနှစ်များ(analogue years)ရွေးချယ်လေ့လာမှုအရ နိုဝင်ဘာလတွင် ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်ရန် ၆၀% ရှိနေသေးကြောင်းတွေ့ရပါတယ်။ ဒီနှစ်တွေအားလုံးက ဘင်္ဂလားပင်လယ်အော်မှာ မုန်တိုင်း(၆)ကြိမ်ဖြစ်ခဲ့တယ်လို့ ဖေါ်ပြနေကြပါတယ်။ ပြီးခဲ့တဲ့ GIRI အပါအ၀င်မှာ ဒီနှစ်ထဲ မုန်တိုင်းက (၄)ကြိမ်သာဖြစ်ပါသေးတယ်။ ဒါဟာ သမိုင်းတလျှောက် ဘင်္ဂလားပင်လယ်အော်မှာ တစ်နှစ်မုန်တိုင်းဖြစ်ပေါ်မှု အနည်းဆုံးစံချိန်နဲ့ စံချိန်တူသာဖြစ်ပါသေးတယ်။

လောလောဆယ်မှာလည်း ဘင်္ဂလားပင်လယ်အော်တွင် လေထုမငြိမ်သက်မှုများ ဖြစ်ထွန်းနေဆဲဖြစ်ပြီး၊ ပင်လယ်ရေအပူချိန်များလည်း ပြန်လည်တက်နေကြောင်းတွေ့ရပါတယ်။ အထူးသဖြင့် ကပ္ပလီကျွန်းစုရဲ့ တောင်ဖက်အစွယ်တွင် ပင်လယ်ရေအပူချိန်များတက်နေခြင်းကို အထူးဂရုပြု စောင့်ကြည့်ဖို့ လိုအပ်နေပါတယ်။ ကောင်းကင်မှာ တိမ်များကင်းစင်သွားသည်နှင့် နေရောင်ခြည်ရရှိမှု ပိုလာသောကြောင့် ပင်လယ်ရေမျက်နှာပြင်အပူချိန်များ တက်လာတတ်ပါတယ်။ ပင်လယ်ရေ အပူချိန်တွေတက်လာတော့ မိုးတိမ်တွေကတက်လာပြန်ပါတယ်။ ဒီဖြစ်စဉ်ကို air-sea interaction လို့ခေါ်ပါတယ်။ လောလောဆယ်ရေအပူချိန်တွေဟာ 300-301°K(27-28°C) ရှိနေပါတယ်။ အချို့နေရာလေးတွေမှာတော့ 301-302°K(28-29°C) အထိတက်စပြုနေပါတယ်။ ဘာဘဲပြောပြော ပင်လယ်ရေအပူချိန်တွေ ပြန်တက်လာတာရယ်၊ ပူတဲ့နေရာတွေပြောင်းရွှေ့လာတာရယ် သတိထားဖို့လိုပါတယ်။

နိုဝင်ဘာလဆိုတာ သမိုင်းမှာ မုန်တိုင်းတွေဖြစ်တတ်တဲ့လဖြစ်ပြီး မြန်မာနိုင်ငံကိုလည်း မုန်တိုင်းတွေ ၀င်တတ်တဲ့လလည်းဖြစ်နေပါတယ်။ အရေးအကြီးဆုံးကတော့ မကြာခင်ကဖြတ်သန်းသွားခဲ့တဲ့ ဂီရိဆိုင်ကလုန်းဟာ ၁၈၇၇ မှ ယနေ့အထိ မြန်မာနိုင်ငံကိုဖြတ်သန်းခဲ့တဲ့ (၈၄)လုံးမြောက် မုန်တိုင်းဖြစ်ပါတယ်။ ဒီထက်အရေးကြီးတာကတော့ GIRIဟာ ၂၀၀၆ ခုနှစ်မှ ယနေ့အထိ နှစ်စဉ်ဖြတ်သန်းနေခဲ့တဲ့ မုန်တိုင်းတွေမှာ (၅)လုံးမြောက်ဖြစ်ပါတယ်။

၂၀၀၆ မာလာ (MALAR)

၂၀၀၇ အာကပ်ရှ် (AKASH)

၂၀၀၈ နာဂစ် (NARGIS)

၂၀၀၉ ဘစ်ဂ်ျလီ (BIJLI)

၂၀၁၀ ဂီရိ (GIRI)

ဒီတစ်လတော့ စောင့်ကြည့်စေလိုပါတယ်။

MCCW