Pages

Sunday, October 31, 2010

မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့ - ဉီးဝင်းတင်

  No Vote interview BaBa Uwin tin (30.10.2010)DVB by dawmanhon

မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့ - ဉီးဝင်းတင်

by Win Tin on Sunday, October 31, 2010 at 1:07am
၃၀ အောက်တိုဘာ ၂၀၁၀ DVB

အခုဆိုရင် ရွေးကောက်ပွဲ ကျင်းပဘို့တပတ်ကျော်ပဲ လိုပါတော့တယ်။ ဒီအချိန်မှာ ရွေးကောက်ပွဲကို သပိတ်မှောက်နေတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ သဘောထားကို ထပ်မံ သိရှိနိုင်ဖို့ အဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဉီးဝင်းတင်ကို ဆက်သွယ်မေးမြန်းထားတာပါ။


 ရွေးကောက်ပွဲကလည်း နီးကပ်လာပြီဆိုတော့ ထပ်ပြီးအဖွဲ့ချုပ်ကလည်း ဆန့်ကျင် သပိတ်မှောက်ထားတယ်ဆိုတော့ ဘာကြောင့် အရဆကသအိးကအားဖြင့် ဆန့်ကျင် သပိတ်မှောက်ရတယ် ဆိုတဲ့ အချက်လေးတွေ ပြန်ပြီး ရှင်းပြစေချင်တာပါဗျာ။ အရပ်စကားနဲ့ ပြောမယ်ဆိုရင် ထမင်းဝိုင်းကြီး ကျွေးတယ်ဗျာ။ ကျနော်တို့လည်း ထမင်းဆာနေကြတယ်ဗျာ။ ကျနော်တို့လည်း ဒီမိုကရေစီကို လိုလားတောင့်တနေတယ်ဗျာ။ ကျနော်တို့ လိုလားနေသလို ရွေးကောက်ပွဲ ၀င်တဲ့သူလည်း လိုလားတယ်။ ပြည်သူတွေလည်း လိုလားတယ်။ အကုန်လုံးလိုလားနေတဲ့ အချိန်မှာ ဒီမိုကရေစီဆိုတဲ့ ထမင်းဝိုင်းကြီးကို ချကျွေးရင် ကျနော်တို့ စားမှာ ပေါ့ဗျ။ သို့သော် အဆိပ်ခပ်ထားတဲ့ ထမင်းပွဲဆိုရင် ကျနော်တို့ မစားနိုင်ဘူး။ စားလို့မဖြစ်ဘူး။ အခုလည်း ဒါပဲ။ ဒီထမင်းပွဲဟာ ၂၀၁၀ ရွေးကောက်ပွဲ ဆိုတာဟာ ၂၀၀၈ အခြေခံ ဉပဒေဆိုတဲ့ အဆိပ်ခပ်ထားတဲ့ ထမင်းပွဲကြီး ကျနော်တို့ ငြင်းပယ်ပါတယ်။

ဟုတ်ကဲ့ သပိတ်မှောက်တဲ့လုပ်ငန်းတွေကို အောင်မြင်အောင် ဘဘတို့ ဘယ်လို လုပ်ဆောင်သွားမှာလဲ ခင်ဗျ။
ဒီသပိတ်ကို ကောင်းပြီး ကျနော်တို့ ဘယ်လို အကောင်အထည်ဖော်မလဲ။ ကောင်းပြီ။ ၂ ခုပဲရှိတယ်။ (၁) မဲရုံကိုမသွားပါနဲ့။ မဲမပေးပါနဲ့။ (၂) မဲရုံကို အကြောင်းကြောင်းကြောင့် သွားရမယ်ဆိုရင် လိမ်မာစွာနဲ့ လူမသိသူမသိ ပယ်မဲ ဖြစ်အောင် လုပ်ပါ။ ဒီ ၂ ခုပဲ။ ကျနော်တို့က ဘယ်သူ့ကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့ မပြောဘူး။ ကျနော်တို့ အန်ဒီအက်ဖ်ကို စကားထဲ ထည့်မပြောဘူး။ အစိုးရနဲ့ အတူတူပေါင်းပြီးတော့ လုပ်နေတဲ့သူတွေ၊ ၂၀၀၈ အခြေခံဉပဒေ လက်ခံတဲ့သူတွေ၊ ရွေးကောက်ပွဲကို လက်ခံတဲ့သူတွေ၊ အလားတူ ဉီးသုဝေရဲ့ ပါတီသော်လည်းကောင်း၊ အကုန်လုံး အတူတူပဲ။ ကြံ့ဖွံ့နဲ့ တသားတည်း၊ တတန်းတည်း လူတွေ ရယ်လို့ ကျနော်တို့ သတ်မှတ်တယ်။ အဲဒါကြောင့် ကြံ့ဖွံ့ကို မဲမပေးပါနဲ့ မပြောဘူး။ တစညကို မဲမပေးပါနဲ့ မပြောဘူး။ အန်ဒီအက်ဖ်ကို မဲမပေးပါနဲ့လို့မပြောပါဘူး၊ ရွေးကောက်ပွဲ တခုလုံးကို သပိတ်မှောက်ပါ။ ကျနော်တို့ သုံးတဲ့စကားက လုံးဝဉဿုံ သပိတ်မှောက်တယ်ဆိုတဲ့ နည်းကို သုံးပါတယ်။

ဟုတ်ကဲ့ခင်ဗျ။ ဆန့်ကျင်ရမယ်၊ သပိတ်မှောက်ရမယ်၊ အဖွဲ့ချုပ်က ချထားတာပေါ့နော်။ ဒါကို လူအများစုက လက်သင့်ခံမယ်လို့ရော ယုံကြည်ပါသလားခင်ဗျ။ယုံကြည်ပါတယ်။
ကျနော်တို့ရဲ့ စည်းရုံးမှုအားလည်း ရှိပါတယ်။ ကျနော်တို့ အပေါ်မှာ ယုံကြည်မှုအားလည်း ရှိပါတယ်။ ကျနော်တို့ရဲ့ နိုင်ငံရေးသိက္ခာဆိုတာလည်း ရှိပါတယ်။ ကျနော်တို့ ပြောနိုင်တဲ့ အနေအထား၊ ဉီးဆောင်နိုင်တဲ့ အနေအထား၊ ရှေ›ဆောင်နိုင်တဲ့ အနေအထားရှိပါတယ်။ ဒါတွေကိုလည်း လူထုက လက်ခံပါတယ်လို့ ပြောချင်ပါတယ်။

ထပ်မေးချင်တာက တချို့ကလည်း ပြောကြတယ်ပေါ့ဗျာ။ ဒီမိုကရေစီကို သွားမှာပဲ၊ ရွေးကောက်ပွဲကို ဖြတ်ရမယ် ဒီမိုကရေစီဆိုရင်။ အဲတော့ ရွေးကောက်ပွဲကြီးက လုံးလုံးကြီးပေါ့၊ ဒီမိုကရေစီကို ပြောင်းပြန်ကြီး လှန်ပြီးပြောင်းမသွားပေမယ့် နည်းနည်းတော့ ဒီမိုကရေစီကို ဉီးတည်ပြီးတော့ သွားမယ်လို့ပြောနေကြပါတယ်။ သူတို့ဉပမာပေးတာက က ကြီးကို ယ ဖြစ်အောင် မလုပ်နိုင်ပေမယ့် ၀ လုံးကိုတော့ ဗ လောက်လေးဖြစ်အောင် နည်းနည်းလေးတော့ချိုင့်နိုင်သေးတယ်ဆိုပြီး ပြောနေတာလေးတွေ ရှိပါတယ်။ အဲဒီအပေါ်မှာရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာများ ဝေဖန်ချင်ပါသလဲခင်ဗျ။
အဲဒါကတော့ စကားပမာတွေ ပြောနေကြတာပဲ။ ဘာဖြစ်လို့လဲဆိုတော့ ဒီအခြေအနေက ဘာလဲ၊ နောက်အခြေအနေကဘာလဲ၊ ရွေးကောက်ပွဲအလွန်ကာလဆိုတဲ့စကားကို ကျနော်တို့ ပထမနားလည်ဖို့လိုတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီအတွက် ဖြတ်သန်းတယ်၊ လိုအပ်တယ်။ သို့သော် ရွေးကောက်ပွဲအလွန်ကာလကို ထည့်တွက်ရဲ့လား။ ဒီကမညာပေါ်မှာ စကားတွေ အများကြီးရှိပါတယ်။ ဉပမာ အိုဘားမားကိုယ်တိုင် ပြောတဲ့စကား ရှိဖူးပါတယ်။ ရွေးကောက်ပွဲဟာ ဒီမိုကရေစီရဲ့အဖြေလည်းမဟုတ်ဘူး၊ ပြဿနာလည်းမဟုတ်ဘူး။ ရွေးကောက်ပွဲဟာ ရွေးကောက်ပွဲအလွန်ကာလမှာ ဒီမိုကရေစီအပြောင်းအလဲတွေ ဖြစ်အောင် လုပ်ပေးနိုင်တဲ့ဟာဆိုရင် ရွေးကောက်ပွဲဟာ အရဆကသအိးပ္ပာယ်ရှိတယ်ပေါ့ဗျာ။ ခု့ကပြောတဲ့ ၀ ကို ဗ ပဲဖြစ်ဖြစ် ယ ကကြီးပဲဖြစ်ဖြစ်၊ ထ ပဲဖြစ်ဖြစ် ၀ ၀ိ ပဲဖြစ်ဖြစ် ထားချင်တာထား။ ဆိုလိုတာကတော့ ရွေးကောက်ပွဲအလွန်ကာလမှာ ဘာဖြစ်လာမလဲ။ ဘာဖြစ်လာမလဲဆိုတော့ ဘာမှမဖြစ်ဘူး။ ၂၀၀၈ အခြေခံဉပဒေအတိုင်းပဲ၊ စစ်အာာ့ရှင်များဟာ ဆက်ပြီးတော့ စိုးမိုးနေမယ်။ ကြီးစိုးနေမယ်။ သူတိုခြယ်လှယ်နေမယ်။ သူတို့စိတ်တိုင်းကျ လုပ်နေနိုင်တဲ့အနေအထား။ အဲလိုဆိုရင် ရွေးကောက်ပွဲဟာ ဘာအရဆကသအိးပ္ပာယ်မှမရှိဘူး။ သူတို့ဟာသူတို့ထင်ပြီးတော့ လွှတ်တော်ထဲမှာ လက်ညိုးထောင်ခေါင်းညိတ်အခြေအနေမျိုးကို ရောက်မှာပဲ။

ဘဘဉီးဝင်းတင်အနေနဲ့ ၇ ရက် ၈ ရက်မှာ ဖြစ်လာတော့မယ့် ရွေးကောက်ပွဲနဲ့ပတ်သက်လို့ ပြည်သူတွေသိအောင်၊ ကျနော်တို့ ဒီမိုကရက်တစ်မြန်မာ့အသံကနေ ပြောချင်တာ ဘာများရှိသေးလဲ နောက်ဆုံးအနေနဲ့ပေါ့။
ထပ်ပြောချင်တဲ့စကားက မဲရုံတွေကိုမသွားပါနဲ့၊ မဲမပေးပါနဲ့၊ မဲရုံထဲကို မသွားမနေရ ဆွဲသွင်းရင်လည်း ပယ်မဲဖြစ်အောင်လုပ်ကြပါ။ အဲဒါပဲ ကျနော်ပြောချင်ပါတယ်။