Pages

Monday, October 18, 2010

ခွေးကောက်ပွဲကော်မရှင်မှ မဲရုံပရ၀ဏ်အတွင်း ဓာတ်ပုံနှင့် ဗီဒီယိုရိုက်ကူးခွင့်များအာ: ရိုက်ခွင့်မပေးသော်လည်း အမှားခြတ်သည့် မဲပေးသူများကို ဒုတ်ဖြင့်ရိုက်ခွင့်ရှိသည်လို့ နောက်ဆုံးသတင်းရ ရှိ


U Thein Soe
        နေပြည်တော်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရုံးတွင် ဆန္ဒမဲပေးမှုသရုပ်ပြခြင်းအခမ်းအနားကို အောက်တိုဘာလ ၁၈ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
        အဆိုပါအခမ်းအနားသို့ သံရုံးများမှတာဝန်ရှိသူများ၊ နိုင်ငံခြားသတင်းထောက်များ၊ ပြည်တွင်းဂျာနယ်နှင့် မဂ္ဂဇင်များမှသတင်းထောက်များ၊ NGO အဖွဲ့အစည်းများနှင့် အခြားဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရှိရသည်။ ယင်းအခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အဖွင့်မိန့်ခွန်းပြောကြာခဲ့ပြီး  နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်မည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲနှင့် ပတ်သက်၍ ကြိုတင်ပြင်ဆင်မှု လုပ်ငန်းများကို ရှင်းလင်းတင်ပြသွားခဲ့ကြောင်း သိရသည်။
        တင်ပြရှင်းလင်းမှုအပြီးတွင် နိုင်ငံခြားသတင်းထောက်များနှင့် ပြည်တွင်းဂျာနယ်မဂ္ဂဇင်းများမှ သတင်းထောက်များမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည့် သိရှိလိုသည့် မေးခွန်းများကိုမေးမြန်းခဲ့ရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌက ပြန်လည်ဖြေကြားခဲ့ကြောင်းသိရသည်။ ယင်းသို့ဖြေကြားရာတွင် လာမည့်နိုဝင်ဘာလ၇ရက်နေ့ ရွေးကောက်ပွဲတွင် မဲရုံပရ၀ဏ်များအတွင်း ဓာတ်ပုံရိုက်ကူးခွင့်နှင့် ဗီဒီယိုရိုက်ကူးခွင့်ပြုမည်မဟုတ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦးသိန်းစိုးက ပြောကြားခဲ့သည်။ "မဲပေးရမဲ့ရက်မှာ မဲရုံပရ၀ဏ်အတွင်း အများပြည်သူလွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ဖို့အတွက် မဲရုံထဲမှာ ဓာတ်ပုံရိုက်ကူးခွင့်နဲ့ ဗီဒီယိုရိုက်ကူးတာတွေကို ခွင့်ပြုမှာမဟုတ်ပါဘူး။ သတင်းထောက်တွေအနေနဲ့ မဲရုံထဲမှာ သတင်းယူခွင့်ရှိမရှိဆိုတာ ရွေးကောက်ပွဲဥပဒေထဲမှာ ပါဝင်တဲ့အတွက် အဲဒီထဲမှာဖတ်ကြည့်နိုင်ပါတယ်"ဟု ၄င်းကပြောကြားခဲ့သည်။

        ရွေးကောက်ပွဲကျင်းပသည့်သတင်းများကို အများပြည်သူသိရှိနိုင်စေရန်အတွက် နေပြည်တော်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ အချိန်နှင့်တပြေးညီသတင်းထုတ်ပြန်ပေးသွားမည်ဖြစ်ပြီး Media Center များမှလည်း သတင်းများကို အချိန်နှင့်တပြေးညီ ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်ဟု သိရသည်။
          ထို့နောက် ဆန္ဒမဲပေးမှုသရုပ်ပြခြင်းကို ဆက်လက်ပြုလုပ်ခဲ့ရာ  ဇမ္ဘူသီရိမြို့နယ်၊ ဇေယျာသိဒ္ဓိရပ်ကွက် မဲရုံအမှတ် (၁) မဲဆန္ဒရှင်ဦးရေ ၉၀၀ ၏ ဆန္ဒမဲပေးသရုပ်ပြမှုကို ပြုလုပ်ခဲ့ကြောင်း သိရသည်။