Pages

Monday, October 18, 2010

အလုပ်သမားဝန်ကြီးလည်းဖြစ် ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်ကြည်ကို ကားမှတ်တိုင်မှာ ညာချနေ

ကျုပ်ကတော့ လွှတ်တော်ထဲမရောက်ခင် ကားမှတ်တိုင်မှာပါ ညာချမှာပဲ


မင်္ဂလာတောင်ညွန့်မြို့နယ် ကြံ့ဖွံ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်အရွေးခံမယ့် အလုပ်သမားဝန်ကြီးလည်းဖြစ် ဆက်သွယ်ရေးဝန်ကြီးလည်းဖြစ်တဲ့ ဦးအောင်ကြည်ကို ကားမှတ်တိုင်မှာ ညာချနေတာ တွေ့ရပါတယ်။ ဝန်ကြီးတွေခမျာ ကြံ့ဖွံ့မှာ ဝင်အရွေးခံတော့မယ်ဆိုမှပဲ ကားမှတ်တိုင်မှာ အချိတ်ခံရ၊ ဓာတ်တိုင်မှာ အကပ်ခံရနဲ့ ... သနားစရာ။ ဦးအောင်ကြည်ရဲ့ မဲဆွယ်ဆိုင်းဘုတ်တခုမှာတော့ “ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၆၀ ကတည်းက ပြည်သူလူထုနဲ့ တသားတည်း ရှိခဲ့တာဘယ်သူလဲ” ဆိုပြီး မေးခွန်းဆန်ဆန် ရေးထားပါတယ်။ သူကိုယ်တိုင်မသိလို့ လူတွေကို မေးထားတာထင်ပါရဲ့။ အဲဒီဆိုင်းဘုတ်ကို ကြည့်ပြီး လူတွေက “ဘယ်သိမှာလဲ” လို့ ပြန်ဖြေမယ်ထင်တယ်။ တကယ်ဆို မေးသင့်တာက “ဒီလမ်းပေါ်မှာ လွန်ခဲ့တဲ့ နှစ် ၆၀ လောက်ကတည်းက လူထုကို နှိပ်စက်ခဲ့တာ ဘယ်သူလဲ” လို့ မေးရမှာ။ အဲဒါဆို လူတွေက တန်းခနဲ ဖြေနိုင်ကြမှာပေါ့။

  The Irrawaddy Blog မှကူးယူတင်ပြပါသည်