Pages

Sunday, November 7, 2010

ကြံ့ဖွတ်ခွက်ခွက် လန်အောင် ရှုံးနေသဖြင့်ခွေးသန်းရွှေတို့ ယုတ်မာပြီ

by Toee Lwin on Sunday, November 7, 2010 at 7:51pm

ရန်ကုန်တိုင်းနဲ့ မန္တလေးတိုင်း တွေမှာ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ် လွှတ်တော်တွေရဲ့ မဲဆန္ဒနယ်မြေ တော်တော်များများမှာ NDF ပါတီက အနိုင်ရသလို၊ ရှမ်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်တွေမှာလည်း လူမျိုးစုပါတီ တွေက အနိုင်ရနေပါတယ်။ အဲဒီဒေသ တွေမှာရှိတဲ့ မဲဆန္ဒနယ်မြေတွေရဲ့ မဲရုံတွေမှာ မဲစာရင်းရေတွက်တာတွေကို ရပ်ဆိုင်းလိုက်ပြီး ထပ်ရေတွက်ရန် ကျန်နေတဲ့ မဲများကို နေပြည်တော်ကို အားလုံးယူသွားပါတယ်။ ဒီလို မဲတွေ ကို သက်ဆိုင်ရာ မဲရုံတွေရဲ့ မဲရုံးမှူး၊မဲရုံကိုယ်စားလှယ်နဲ့ အများပြည်သူရှေ့ မှာ မရေတွက်ဘဲ နေပြည်တော်ကို ယူသွားတာဟာ ရွေးကောက်ပွဲ ဥပဒေ တွေကို ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်တာပါဘဲ။ စစ်အာဏာရှင် တွေဟာ သူတို့ ထင်သလိုမျိုး ရွေးကောက်ပွဲ ရလဒ် မဖြစ်လာတဲ့အခါမှာ ဒီလိုမျိုး ကောက်ကျစ်စဉ်းလဲတာပါဘဲ။ သန်းရွှေနဲ့ စစ်အုပ်စုဟာ ဘယ်တော့မှ မယုံကြည်ရတဲ့ စစ်အာဏာရှင် အုပ်စုတွေဖြစ်တယ်။ ကဲ....၀င်ချင်အုံးဟဲ့...စစ်အာဏာရှင်တွေရဲ့ စစ်ကျွန်ပြုမဲ့ ရွေးကောက်ပွဲ။
                    ဗိုလ်သန်းရွှေဟာ သူထင်သလို ရွေးကောက်ပွဲရလဒ် မဖြစ်လာတော့။ တိုင်းပြည်ကို မတည်မငြိမ် ဖြစ်အောင် ဖန်တီးဖို့ လုပ်နေပါပြီ။ ပြည်သူတွေ သတိရှိကြပါ။ ဒို့ပြည်သူတွေဟာ အရေးအကြောင်းရှိလာခဲ့ရင် ကြောက်စိတ်လုံးဝမရှိဘဲ လုပ်စရာရှိတာကို ရဲရဲလုပ်ပြရဲတယ်ဆိုတာ အဖြစ်အပျက်တိုင်းက သက်သေခံနေပါတယ်။ ဒါပေမဲ့ သူတို့ မယုံကြည်ရတဲ့သူတို့ မသိတဲ့ ဘယ်ခေါင်းဆောင်တွေရဲ့ အမိန်တွေကိုမှ နာခံလိုက်ပါဆောင်ရွက် ပေးခဲ့တာမရှိဘူးဆိုတာကိုတော့ အားလုံး
သတိရှိစေချင်ပါတယ်။ ပြည်တွင်း/ပြည်ပမှာရှိကြတဲ့ မြန်မာ့ဒီမိုကရေစီ အင်အားစုတွေဟာ ဖြစ်ပေါ်လာတော့မဲ့ တိုင်းပြည်ရဲ့ ကြမ္မာဆိုးကို အခုချိန်မှာ အားလုံးညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းအာရုံစိုက်ပြီး အလေးထားဆောင်ရွက်စေချင်ပါတယ်။