Pages

Saturday, November 6, 2010

San Francisco Say We Stand With Aung San Suu Kyi

Amnesty International USA မှ လူအခွင့်အရေး လှုပ်ရှားသူများနှင့် မြန်မာ့ဒီမိုကရေးစီ အင်အားစုများ ပူးပေါင်းကာ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး လမ်းလျှောက် ချီတတ်ပွဲနှင့် ဆန္ဒပြ အခမ်းအနားပွဲကို ဆန်ဖရန်စစ္စကိုမြို့တွင် ယနေ့ ညနေ (၅)နာရီတွင်စတင်ကျင်းပခဲ့ပါသည်။




















































   
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး ပူးပေါင်းပါဝင်သူ အင်အား(၃၀၀)ကျော်ခန့်သည် ဆန်ဖရန်စစ္စကိုမြို့
Hyde လမ်းမပေါ်ရှိ U.C. Hastings ဥပဒေကျောင်းရှေ့တွင် စုစည်းကြပြီးနောက်။ ဒေါ်အောင်ဆန်စုကြည် တီးရှပ်များနှင့် ဓါတ်ပုံများကို စတင်ပေးဝေကြပါသည်။ ၎င်းကျောင်းရှေ့မှ မြို့တော်ခန်းမရှေ့သို့ လမ်းလျှောက်ချီတတ်လာကြပြီး Free Aung San Suu Kyi ကို စုပေါင်း ဟစ်ကြွေးကာ ချီတတ်လာကြပါသည်။

ဆန်ဖရန်စစ္စကို City Hall ရှေ့တွင် ဆန္ဒပြ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ရာ၊
Amnesty International USA နှင့် မြန်မာ့ဒီမိုကရေးစီ အင်အားစုများ မှ ဦးဆောင်ပါဝင်ကြသူများမှ နှုတ်ဆက်အမှာစကား အသီးသီးပြောကြာခဲ့ပါသည်။
ထို့နောက်
Amnesty International USA မှဒေါ်အောင်ဆန်စုကြည် နှင့် မန်မာ့ပြည် နိုင်ငံရေးအကျဉ်းသားများ အကြောင်း Video မှတ်တမ်းများကို San Francisco City Hall မျက်နှာစာတွင် Video Slight ထိုးပြခဲ့ကြပြီးနောက် အခမ်းအနားကို ည (၇)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်။

မြန်မာ့ဒိမိုကရေစီအင်အားစုများ
ဆန်ဖရန်စစ္စကို ဘေးဧရိယာ