Pages

Tuesday, November 9, 2010

ကြံ့ဖွတ်ပါတီသည် မဲခိုးပြီး၂ဝ၁ဝ ခွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်းဖွတ်တို့ မှပြော

ရန်ကုန်တွင် အရေးနိမ့်ခဲ့သော နေရာများကို ကြံ့ခိုင်ရေး ပါတီ တရားဝင် ထုတ်ပြန်
  
mawlamyai
ရန်ကုန် နိုဝင်ဘာ ၉
ရန်ကုန်တိုင်း ဒေသကြီး လွတ်တော် အသီးသီးတွင် ဝင်ရောက် ယှဉ်ပြိုင်ခဲ့သော မဲဆန္ဒနယ် ဒေသအသီးသီး အနက် ကြံ့ခိုင်ရေး ပါတီမှ ရှုံးနိမ့်ခဲ့သော မြို့နယ်များကို အဆိုပါ ပါတီ၏ ပြောရေးဆိုခွင့်ရှိသူ ရန်ကုန်တိုင်း စည်းရုံးရေးမှူး ဦးတင်မောင်ဝင်းက The Voice Weekly သို့ အတည်ပြု ပြောကြားသည်။
ရန်ကုန်တိုင်း ဒေသကြီး အမျိုးသား လွတ်တော် ၁၂ နေရာတွင် ကြံ့ခိုင်ရေး ပါတီသည် လေးနေရာသာ ရှုံးနိမ့်ခဲ့ပြီး ယင်းကိုယ်စားလှယ်လောင်း လေးဦးမှာ ဦးမြတ်သူ (တာမွေ၊ မင်္ဂလာတောင်ညွန့်၊ ဒေါပုံ၊ ပုဇွန်တောင်၊ ဗိုလ်တထောင်)၊ ဦးတင်ခ (ဒဂုံမြို့သစ်(မြောက်)၊ ဒဂုံမြို့သစ်(ရှေ့)၊ မြောက်ဥက္ကလာပ)၊ ဒေါက်တာမောင်သင်း (တောင်ဥက္ကလာပ၊ ရန်ကင်း၊ သင်္ကန်းကျွန်း)၊ ဒေါက်တာမျိုးသန့်တင်(ကမာရွတ်၊ လှိုင်၊ ကြည့်မြင်တိုင်၊ လသာ၊ လမ်းမတော်၊ အလုံ၊ ဆိပ်ကမ်း) တို့ ဖြစ်သည်ဟုလည်း ၎င်းက ဆက်လက်ပြောကြားသည်။
ကြံ့ခိုင်ရေး ပါတီက ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့လွတ်တော်နေရာအတွက် ရှုံးနိမ့်ခဲ့သော နေရာများမှာ သင်္ကန်းကျွန်း၊ လသာ၊ မြောက်ဥက္ကလာ ၊ မြောက်ဒဂုံ ၊ စမ်းချောင်း၊ ပုဇွန်တောင်၊အလုံ ၊လမ်းမတော်တို့ ဖြစ်သည်ဟုလည်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။
ရန်ကုန် တိုင်းဒေသကြီး လွတ်တော်နေရာ ၉ဝတွင် ကြံ့ခိုင်ရေးပါတီသည် ၁၅ နေရာ ရှုံးနိမ့်ခဲ့ပြီး ယင်းမြို့နယ်များမှာ လှိုင်၊ တာမွေ၊ ဒေါပုံ ၊ မြောက်ဥက္ကလာ၊ သင်္ကန်းကျွန်း၊ ကမာရွတ်၊ ဗဟန်း၊ လမ်းမတော်၊ မြောက်ဒဂုံ၊ စမ်းချောင်း စသည့်မြို့နယ်တို့ရှိ မဲဆန္ဒနယ် တို့ပါဝင်သည်ဟုလည်း ၎င်းအဆိုအရ သိရှိရသည်။
ကြံ့ခိုင်ရေးပါတီသည် ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ၈၀ ရာခိုင်နှုန်း အနိုင်ရရှိခဲ့ကြောင်း ပါတီဗဟိုကော်မတီဝင် တစ်ဦး၏ စကားကိုကိုးကား၍ AFP သတင်းတွင် ဖော်ပြခဲ့သည်။