Pages

Tuesday, November 9, 2010

မန္တလေးမြို့တွင် ခွေးကောက်ပွဲ ကော်မရှင်စောက်သုံးမကြသဖြင့် ဆန္ဒမဲ ပေးပိုင်ခွင့် ရှိသူများစွာ မဲပေးခွင့် ဆုံးရှုံးခဲ့


နိုဝင်ဘာ ၇ ရက်နေ့က ကျင်းပပြီးစီးခဲ့သော ပါတီစုံ ဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲရုံများ၌ အမည်စာရင်း မပါရှိခဲ့၍ မန္တလေးမြို့မှ မဲပေးခွင့်ရှိသူ အမြောက်အမြား မဲပေးခွင့် ဆုံးရှုံးခဲ့သည်ဟု သိရသည်။
" မဲပေးဖို့ သွားတာဟိုရောက်မှ ကျွန်မတို့အိမ်က လူတွေ ခြောက်ယောက်ရှိတာ တစ်ယောက်မှ စာရင်းထဲမပါလို့ ပြန်ခဲ့ရတယ်၊ ဘေးက တစ်ယောက်လဲ မပါလို့ မဲရုံမှုးကို ပြောတော့ ရပ်ကွက်ကော်မရှင်ဆီ သွားဖို့ ပြောနေတာ ကြားခဲ့တယ်။ ကျွန်မကတော့ ဒီတိုင်းပဲ ပြန်ခဲ့တယ်။ မပေးဖြစ်တော့ဘူးပေါ့ " ဟု အောင်မြေသာဇံ မဲဆန္ဒနယ် ပုလဲငွေရောင် မဲရုံအမှတ် ၂ တွင် အမည်စာရင်း မပါရှိ၍ မဲပေးခွင့်မရရှိခဲ့သူ အမျိုးသမီးတစ်ဦးက ဆိုသည်။
အဆိုပါရပ်ကွက်မှပင် လူငယ်တစ်ဦးဖြစ်သူက " ကျွန်တော့အမေကတော့ မဲပေးလို့ ရတယ် အဖေနဲ့အကိုက စာရင်းထဲ မပါဘူး ၊ ကျွန်တော်ကတော့ အသက်မပြည့်တော့ ပေးစရာ မလိုပါဘူး" ဟု ဆိုသည်။
"စာရင်းတွေက တော်တော်ကို ရှုပ်တယ်၊ ကွန်ပျူတာ ရိုက်ရတဲ့သူတွေလည်း မှားတယ်၊ မိဘနာမည်တွေ မှားကြတာ၊ နောက်ထပ် စာရင်း မပါတဲ့သူတွေလည်း များတယ်၊ ဒီနားက အိမ်ကလဲ မပါကြဘူး၊ အမှန်က အရင်ရက်တွေ ကတည်းက ဒီစာရင်းတွေကို ကပ်ထားတာ ၊ လာကြည့်ပြီးကိုယ့်နာမည်မပါရင် ပြောလို့ ရတယ်၊ ခက်တာက ဘယ်သူမှ လာမကြည့်ကြဘူး မဲပေးကာနီးမှ ရောက်လာတော့ ရှုပ်ကုန်တာပေါ့ ၊ အချိန်ကုန်မခံချင်တော့ ဘယ်သူမှ ကော်မရှင်ရုံးကို မသွားကြတော့ပါဘူး" ဟု အဆိုပါမဲရုံတွင် တာဝန်ထမ်းဆောင်နေသူတစ်ဦးက ဆိုသည်။
မဲပေးခွင့် မရကြသူများမှာ အဆိုပါ ရပ်ကွက်တွင်ပင် မဟုတ်ဘဲ မဟာအောင်မြေ၊ ချမ်းအေးသာဇံနှင့် ပြည်ကြီးတံခွန်မြို့နယ်များ အပါအဝင် မဲရုံတိုင်း နီးပါး၌ ရှိခဲ့ကြောင်း သိရသည်။