Pages

Tuesday, November 23, 2010

မြောက်ကိုရီးယားက တောင်ကိုရီးယား နယ်စပ်သို့ အမြောက်ဖြင့် အချက် ၂၀၀ ခန့်လှမ်းပစ်ခဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့က မြေအောက်စစ်ပွဲ ကွပ်ကဲခန်းမအတွင်း ၀င်ရောက်ပြီး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်၊ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်နေပြီး တိုက်လေယာဉ်များပြင်ဆင်

မြောက်ကိုရီးယားက တောင်ကိုရီးယား နယ်စပ်သို့ အမြောက်ဖြင့် အချက် ၂၀၀ ခန့်လှမ်းပစ်ခဲ့ တောင်ကိုရီးယား အစိုးရအဖွဲ့က မြေအောက်စစ်ပွဲ ကွပ်ကဲခန်းမအတွင်း ၀င်ရောက်ပြီး အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်၊ ပြန်လည်ပစ်ခတ်မှုများ ပြုလုပ်နေပြီး တိုက်လေယာဉ်များပြင်ဆင် PDF Print E-mail
Share
Korea
korea2     
Korea
မြောက်ကိုရီးယားနိုင်ငံသည်  နိုဝင်ဘာလ၂၃ရက်နေ့က တောင်ကိုရီးယားနယ်စပ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ပင်လယ်ဝါ ရေပိုင်နက်အတွင်းရှိ တောင်ကိုရီးယားကျွန်း ယုံပြောင်သို့ အမြောက်ဖြင့် အချက်၂၀၀ခန့်လှမ်း ပစ်ခဲ့သောကြောင့် တောင်ကိုရီးယား မရိန်းတပ်သားနှစ်ဦး သေဆုံးခဲ့ပြီး ၁၆ဦးခန့်ဒဏ်ရာရခဲ့ကြောင်းသိရသည်။
တောင်ကိုရီးယားအစိုးရသည် မြေအောက်စစ်ပွဲ ကွပ်ကဲခန်းမအတွင်း ၀င်ရောက်ကာ စည်းဝေးလျက်ရှိပြီး စစ်ပွဲမဟုတ်သော ကာလအတွင်း အမြင့်ဆုံးသတိပေးချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။
၁၉၅၀-၅၃စစ်ပွဲကာလ နောက်ပိုင်းအပြင်းထန်ဆုံး နယ်စပ်ပစ်ခတ်မှုအဖြစ် မြောက်ကိုရီးယားက စတင်ပစ်ခတ်ခဲ့ပြီးနောက် တောင်ကိုရီးယားဘက်ကလည်း ပြန်လည်ပစ်ခတ်ကာ တိုက်လေယာဉ်များ အဆင်သင့်ပြင်ထားကြောင်း သိရသည်။
အငြင်းပွား ပင်လယ်ဝါနယ်ခြားအနီး တောင်ကိုရီးယားနယ်စပ်ကျွန်း Yeonp သို့ မြောက်ကိုရီးယားဘက်မှ ပစ်ခတ်သည့် ဗုံးဆန် ၂၀၀ ခန့်ကျရောက်ခဲ့ကာ အိမ်ခြေဒါဇင်နှင့်ချီ ပျက်စီးခဲ့ပြီး လေထုအတွင်း မီးခိုးမှုန်များဖြင့် ပြည့်လျှံနေကြောင်း ၀ိုင်တီအင်န်ရုပ်သံက ထုတ်လွှင့်ခဲ့သည်။ တောင်ကိုရီးယား မရိန်းတပ်သားနှစ်ဦး သေဆုံးခဲ့ပြီး မရိန်းတပ်သား ၁၃ ဦးနှင့် အရပ်သားနှစ်ဦး ဒဏ်ရာရခဲ့သည်ဟု သိရသည်။
ဒေသစံတော်ချိန် မွန်းလွဲ နှစ် နာရီ ၃၄ မိနစ်တွင် မြောက်ကိုရီးယားဘက်က စတင်ပစ်ခတ်ခဲ့ပြီး တောင်ကိုရီးယားဘက်ကလည်း ကာကွယ်သည့်အနေဖြင့် ချက်ချင်းပြန်ပစ်ခဲ့ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်က ထုတ်ပြန်ကြေညာသည်။
အဆင့်-က စစ်ဘက်သတိပေးချက်ကို တိုက်ပွဲအခြေအနေကြောင့် ချက်ချင်းထုတ်ပြန်ခဲ့သည်။ ကျွန်းမှ ဒေသခံတစ်ဦးဖြစ်သူ လီဂျောင်ဆစ် က'' အိမ် ၁၀ လုံးလောက် လောင်သွားတယ်။ မီးခိုးမှုန်တွေကြောင့် ရှင်းရှင်းလင်းလင်းမမြင်ရဘူး။ တောင်ကုန်းဘက်ခြမ်းတွေမှာလည်း မီးလောင်နေတယ်။ အသံချဲ့စက်တွေနဲ့ အိမ်တွေကိုစွန့်ခွာကြဖို့ နှိုးဆော်နေတယ်''ဟု ပြောကြားခဲ့သည်။
Yeonpyeong သည် လွန်ခဲ့ သည့် နှစ် ၆၀ ခန့်က စစ်ပွဲပြီးဆုံးချိန် ကုလသမဂ္ဂတပ်ဖွဲ့များက ကြေညာခဲ့သော နယ်ခြားမျဉ်းအရ တောင်ဘက်ခြမ်းတွင် ရှိသော်လည်း မြောက်ဘက်ခြမ်း နယ်ခြားမျဉ်း နံဘေးတွင် ရှိနေသည်။ ပင်လယ်ဝါနယ်ခြားသည် ၁၉၉၉၊ ၂၀၀၂ နှင့် ပြီးခဲ့သည့် နိုဝင်ဘာလက  ရေကြောင်းပြဿနာများ ဖြစ်ပွားခဲ့သည့် နေရာဖြစ်သည်။

Ref; AFP, CNN, High alert as North Korea fires artillery barrage on South