Pages

Tuesday, November 23, 2010

ဒေါ်အောင်ဆန်းစုကြည် ၏ လှုပ်ရှားမှု သတင်းများအား ဖော်ပြခဲ့သည့် ဂျာနယ်များ အား ထုတ်ဝေ ခွင့် မပြုခဲ့သည့် စစ်အစိုးရ၏ စာပေစိစစ်ရေး ရုံးအား ယနေ့ မနက် ၈း၃၀ နာရီ အချိန် က ချီးထုပ်များ ဖြင့် အပေါက်ခံရ




ဝင်္ကပါလမ်းရှိ စာပေစီစစ်ရေး ရုံး ချီးထုပ် များ နဲ့ အပေါက်ခံရ

November 24, 2010 freedom news group
13
0
 
i
 
မဲပေးပါ
Quantcast
ဗဟန်းမြို့ နယ် ၀င်္ကပါ လမ်းရှိ ဂျပန် သံရုံးဘေးတွင် ရှိသည့် စာပေစိစစ်ရေး ရုံးအား နံနက် ၈း၃၀ အချိန် ခန့် တွင်
စက်မှု ဇုန်လုပ် ဂျစ်ကား တစ်စီး ဖြတ်သန်း မောင်းနှင်ပြီးနောက် ထိုကားပေါ်မှ ချီးထုပ်များ ဖြင့် ပစ်ပေါက် သွား သည် ဟု Freedom News Group မှ သတင်းရရှိသည်။
ထိုချီးထုပ် ပေါက်သည့် အဖွဲ့ ကို ဦးဆောင် ခဲ့သည့် နာမည်ကျော် လက်ဖက်ရည် ဖျော်ဆရာ ဟောင်း တစ်ဦး
ဖြစ်သည့် ကိုဘပု က ‘တစ်နေ့ ကတည်း ကပေါက်ဖို့ သူခိုးကြီး နေ့ နဲ့ ခံနေ လို့  ၊နောက် CCTV ကင်မရာတွေ
တပ်ထား မထား လေးရက်လောက် စုံစမ်းရတယ်။ ဂျပန် သံရုံးက CCTV ကတော့ ဒီဘက် အ၀င် ကို လှည့်
မထား ဘူး ဒါကြောင့် ပေါက်လို့ ရသွားတာ ဟု FNG သို့ ပြောသည်။
ကိုဘပု သည် ယခင်ကလက်ဖက် ရည်ဖျော် ဆရာ တစ်ဦး အဖြစ် အသက်မွေးဝမ်း ကျောင်း ပြုခဲ့ပြီး ပဲခူး
တွင် အပြစ် မဲ့ လူငယ် နှစ် ဦး အား ရက်စက် စွာ စစ်တပ် က ပစ်သတ် ပြီး နောက် ပိုင်း တွင် တစ်ပိုင်တစ် နိုင်
နိုင်ငံရေး လှုပ်ရှား သူ တစ်ဦး အဖြစ် စစ်အာဏာရှင် ဒေါက်တိုင် များ အား လိုက်လံ ဆုံးမရန် တာဝန်ယူခဲ့
ခြင်း ဖြစ်သည်။
ကိုဘပု သည် တောင်ဥက္ကလာ ကြံ့ဖွတ် အမတ် မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင့်
ပေါက်ခဲ့သူ တစ်ဦး လည်း ဖြစ်သည်။
ကြံ့ဖွတ် အမတ် မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ် အား ချီးထုပ်ဖြင့် ပေါက် ခဲ့သည် နှင့် ပတ်သက်
၍ သူက “အဲဒီတုန်း က နဲနဲ လန့် တယ် လမ်းမကြီး ပေါ်မှာ ရွေးကောက် ပွဲက ပြီးခါစ အဲဒီနေရာ ကို ကားဆယ်
ခါ လောက်ဖြတ်မောင်းရတယ်.. နောက်ချီးထုပ် ပေါက်ပြီး ထွက် တော့ မီးစိမ်းတာ နဲ့  ချိန်ထားတာ ဟာမစ်တစ်
မီးပွိုင့် က မီးနီသွားတော့ လန့် သွားတယ် ဒါနဲ့ မီးနီ ဖြတ်ပြီး ရွှေ ဂုံတိုင် ဘက် ကို ချက်ခြင်းမောင်းချလာရတယ်
ဟု သူ၏ သည်းထိတ်ရင် ဖို အတွေ့ အကြုံ ကို ပြောသည်။
ယနေ့ စာပေစိစစ်ရေး ရုံးသို့ ချီးထုပ်ဖြင့် ပေါက်ရန် အသွားတွင် လမ်းရှိ မီးပွိုင့် တစ်ခု ဉ် Migty X ရဲကားတစ်စီး
နောက် မှ ပါလာသဖြင့် မှင်သေသေ နေရသေးကြောင်း ထိုကား က သူ့ နောက် လိုက်လာသည် မဟုတ်သော်
လည်း ကန်ပတ် လမ်း တလျှောက် လိုက်လာ သဖြင့် မျက်နှာ မျက်ရ အောင် မနဲနေရ ကြောင်း ပြောသည်။
ချီးထုပ်များ ကို အိတ်များ ခွဲထည့်ထားပြီး သူ နှင့် အဖော် တစ်ဦးက ပေါက်စဉ် ချီးထုပ် ထည့် ထားသော
ရေခဲ ထည့် ဖော့ ဘူး တစ်ခု မှာလေစုပ် အား ကြောင့် ချက်ခြင်း မပွင့် သောကြောင့် အသင့် ထုတ်ထားသည့်
ချီး ထုပ် ငါးထုပ်ဖြင့် သာ ပေါက်ခဲ့ရသည် ဟု ပြန်ပြောင်း ပြောပြသည်။
စာပေစီစစ်ရေး ရုံး ချီးထုပ် ဖြင့် အပေါက် ခံရခြင်း နှင့် ပတ်သက် ၍ ပြည်တွင်း သတင်းဂျာနယ် တစ်စောင်
မှ အယ်ဒီတာ တစ်ဦး ကို မေးမြန်းရာ ‘နောက်တစ် ခါ ချီးထုပ် နဲ့  မပေါက် နဲ့  ဗုံး နဲ့ သာဆော်ဗျာ’ တကယ့်
ကလေ ကလေ ကချေ ရုံး တိုင်းပြည် ကို တကယ် ဖျက်စီးနေတဲ့ ရုံး ဗျာ ဟု Freedom News Group သို့ ပြောသည်။
ရန်ကုန်  မြို့ တော်ဝန် ဦးအောင်သိန်း လင်း ၏ အိမ်အား ချီးထုပ်ဖြင့် ပေါက် အပြီးတွင် မင်္ဂလာဈေးသူ
ဈေးသား အချို့ က ထို အဖွဲ့ အား ဂုဏ်ပြုရန် FNG မှ တစ်ဆင့် ဆက်သွယ် ခဲ့သည်။ ကိုဘ ပု သည် ဒီဇင်ဘာ
နှစ် သစ်ကူး တွင် ထူးထူးခြားခြား နိုင်ငံရေး အံတုမှု တစ်ခု ပြုမည် ဟု ဆိုသည်။
ကိုဘပု သည် အပြစ် မဲ့ လူငယ် နှစ် ဦး အား ပတ်သတ်သွား သည့် စစ်သား များ အား ပညာပေး နိုင်ရန်
အတွက် လိုက်လံ စုံစမ်း နေသည် ဟု သိရှိရသည်။
၎င်းသည် ပဲခူး အခြေစိုက် ဥဿာရာ မဂိုဏ်း ကို တည် ထောင် သူများ အနက် မှ တစ်ဦး ဖြစ်သည်။