Pages

Friday, December 10, 2010

အင်းတော် တုံတုံခင်တောင်ပေါ်ရှိ မြေကွဲအက်ကြောင်းကြီးများခွေးပြည်တော်သို့ ဦးတည်နေသော ကြောင့် ဒေသခံတို့ စစ်ခွေးတွေမြေမျိုမှာ စိုးရိမ်နေရဟုဆို


အင်းတော်၊ စစ်ကိုင်းတိုင်းဒေသကြီး အင်းတော်မြို့ နယ် ဟင်းနုမြောက်ရွာ၏ အရှေ့တောင်ထောင့် ဘက်ရှိရွာနှင့် နှစ်မိုင်ခန့်ဝေးသော တုံတုံခင်တောင် တန်းကြီးတွင် မြေနေရာအမြောက်အမြား မြေကြီး များကြွတက်လာပြီး တောင်ပေါ်၌ မြေကွဲအက် ကြောင်းများမှာ အမြောက်အမြားဖြစ်ပေါ်ခြင်း ကြောင့် တုံတုံခင်တောင်အနီးရှိ ကျေးရွာဒေသခံ ပြည်သူများက ကျွဲ၊ နွားလွှတ်ချိန်နီးကပ်လာပြီဖြစ် သောကြောင့် ကျွဲနွားများအတွက် စိုးရိမ်ပူပန် လျက်ရှိနေကြကြောင်း သိရသည်။
''နိုဝင်ဘာ ၂ရက်ညက မြေကြွတက်လာပြီး တုံတုံခင်တောင်ပေါ်မှာ မြို့နယ်မြေစာရင်းဦးစီးဌာန ရဲ့ သုံးသပ်ခန့်မှန်းချက်အရ မြေကွဲကြောင်းများ ရှိတဲ့ နေရာအကျယ်အ၀န်းမှာ ခြောက်ဧကလောက် ရှိတယ်လို့ ခန့်မှန်းထားတာသိရတယ်။ ဒါကြောင့် ဒီတုံတုံခင်တောင်အနီးကရွာတွေရဲ့ ကျွဲနွားတွေ စပါးရိတ်သိမ်းချိန်ပြီးတာနဲ့ လွှတ်ကြတော့မှာဖြစ် တယ်။ ကျွဲ၊ နွားလွှတ်ချိန်ရောက်လို့ တောင်ပေါ်ကို ကျွဲ၊ နွားတွေရောက်သွားရင် အန္တရာယ်များပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကျွဲတွေ၊ နွားတွေအတွက် စိုးရိမ်နေကြရပါတယ်''ဟု ဟင်းနုမြောက်ရွာ ကျွဲ၊ နွားပိုင်ရှင်တစ်ဦးက ပြောကြားခဲ့သည်။