Pages

Wednesday, January 26, 2011

အီဂျစ် ပြည် သူ ထု အုံကြွှမှု ၂၀၁၁


အီဂျစ် နိုင်ငံ ၏ အာဏာရှင် ဟူစနီ မူဘာရက် ရာထူးမှ နှုတ်ထွက် ရန် အီဂျစ် ပြည်သူများ
က ဇန်န၀ါရီလ ၂၅ ရက်နေ့ မှ စ၍ မြို့ တော် ကိုင်ရို၊ အလက်ဇန္ဒီယား ၊ ဆူးအက်၊ဂီဇာ၊
တန်တာ နှင့် မိုနိုဖီယာ အပါအ၀င် မြို့ ပေါင်း နှစ်ဆယ်ကျော် မှာ စတင်ဆန္ဒပြ ခဲ့ကြသည်။

ဇန်န၀ါရီ လ ၆ ရက်နေ့ က ရဲတပ်ဖွဲ့ က နှိပ်စက်ညှင်းပန်းပြီး အသတ် ခံရ သည့်
အသက် ၂၈ နှစ် အရွယ် လူငယ် ခါလက် မိုဟာမက် ရှိခ်  ကို အကြောင်းပြုပြီးတော်လှန်
ရေး စတင် ခဲ့သည်။ တော်လှန် ရေး ကို လည်း Face Book ရှိ ခါလစ် ရှိတ် စာမျက်နှာ
တွင် ပင် လူစု ပြီး စတင် ခဲ့ခြင်း ဖြစ်သည်။
ဇန်န၀ါရီလ ၁၄ ရက်နေ့ တွင် လူငယ် ခြောက် ဦးက မြို့ တော် ကိုင်ရို နှင့် အလက်
ဇန္ဒြီယား တွင် မိမိ ကိုယ်ကို မီးရှို့ ပြီး ဆန္ဒပြ ခဲ့သေးသည်။

လက်ရှိအီဂျစ်နိုင်ငံတွင်ဖြစ်ပေါ်နေသောအကျင့်ပျက်ခြစားမှုများ၊
ပြည်သူကိုရက်စက် စွာစစ်ဆေးနှိပ်စက်မှုများ၊တိုးမြင့်လာနေသော အလုပ်
လက်မဲ့ပြသနာများကြောင့် လူထု အုံကြွှမှု စခဲ့ရသည်။
အင်တာနက်လှုမှုကွန်ယက်များ မှ တစ်ဆင့်တင်ပြခဲ့သောကြောင့်  အီဂျစ်ပြည်သူ ၉၀၀၀၀
ကျော် ဆန္ဒပြုလက်မှတ်ရေးထိုးကြပြီး အစိုးရဆန့် ကျင် သည့်  လမ်းပေါ်တက် ဆန္ဒပြမှု
ဖြစ်ပွား ခဲ့သည်။
အင်တာနက်လှုမှုကွန်ယက်များကို အသုံးပြုပြီး တက်ကြွသောအစိုးရဆန့်ကျင်
ဆန္ဒပြသူများကအသုံးပြုပြီး အဓိကကျသောကိုင်ရိုလမ်းမကြီးပေါ်တွင် စုရုံး
ဆန္ဒပြနိုင်ခဲ့ကြသည်။
အထူးရဲအမြောက်အများအမြောက်အများကိုအသုံးပြုပြီး  ဆန္ဒပြသူများကိုနှိမ်းနှင်းရန်
လက်ရှိအီဂျစ်အစိုးရကဆောင်ရွက်စီမံခဲ့သည်။ ယနေ့မနက်စောစောတွင် ကိုင်ရိုအထူးနှိမ်နှင်းရေးရဲတပ်ဖွဲ့၏  အကြမ်းဖက်နှိမ်နှင်းမှုကြောင့် ဆန္ဒပြသူ ၃ဦးသေဆုံးခဲ့ရပြီး၊ ဆန္ဒပြသူအချို့အဖမ်းခံခဲ့ရသည်။ ဆန္ဒပြသူများမှ အထူးရဲတပ်ဖွဲ့ဝင်များကို ခဲများ၊ပုလင်းခွံများဖြင့်ပစ်
ပေါက်ပြန်လည်တိုက်ခိုက်ခဲ့သောကြောင့် ရဲတပ်ဖွဲ့ဝင်အချို့ထိခိုက်ဒါဏ်ရာရရှိခဲ့သည်။
တူးနီးရှားမှစတင်ခဲ့သောတော်လှန်ဆန္ဒပြမှုမှသည် အလုပ်လက်မဲ့ပြသနာနှင့် ကုန်ဈေးနှုန်းကြီးမြင့်မှုဒါဏ်ခံနေကြသော အာရပ်နိုင်ငံများဖြစ်ကြသော အယ်ဂျီးရီးယား၊မော်ရိုကိုနှင့် ယီမင်နိုင်ငံများသို့ပါဆန္ဒပြမှုများကူးဆက်သွားခဲ့ရသည်။
လက်ရှိဆန္ဒပြမှုဖြစ်ပွားနေသောနိုင်ငံများ မှာ ကမ္ဘာ့အကျင့်ပျက်မှုအစိုးရများစာရင်းတွင် အဆိုးဆုံးပါရှိသော မြန်မာနိုင်ငံနိုင်ကဲ့သို့သော နိုင်ငံများဖြစ်နေကြသည်။
ယီမင်
ယီမင် နိုင်ငံတွင် လည်း  အခြား အာရပ် နိုင်များ ဖြစ်သည့် အယ်(လ)ဂျီးရီးယား၊ တူနီးရှား
အီဂျစ် တို့ နည်းတူ တက္ကသိုလ်ကျောင်းသား များ က ဦးဆောင်ပြီး ဆန္ဒပြ ခဲ့ကြသည်။