Pages

Wednesday, January 26, 2011

ဂျော်ဒန်တွင် ပြည်သူ ၄၀၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ပြီး အစိုးရ နုတ်ထွက်ပေးရန် တောင်းဆို


ဂျော်ဒန်တွင် ပြည်သူ ၄၀၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ပြီး အစိုးရ နုတ်ထွက်ပေးရန် တောင်းဆို
AddThis Social Bookmark Button
b34415
bread and freedom ပေးရန်နှင့် အစိုးရ နုတ်ထွက်ရန် ဂျော်ဒန်ပြည်သူ ထောင်ပေါင်းများစွာက ဇန်န၀ါရီ ၂၁ ရက်တွင် ဆန္ဒပြနေစဉ်
ဂျော်ဒန်နိုင်ငံ၏ စီးပွားရေး မူဝါဒများကို ပြည်သူ ၄၀၀၀ ခန့်က ကန့်ကွက်ဆန္ဒပြခဲ့ပြီး အစိုးရ နုတ်ထွက်ပေးရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။
''၀န်ကြီးချုပ် နုတ်ထွက်ပေး။ ဂျော်ဒန်နိုင်ငံသားတွေက ခေါင်းညွှတ် အသိအမှတ်ပြုမည် မဟုတ်။ ကျွန်တော်တို့ရဲ့တောင်းဆိုမှုဟာ တရားဝင်ပါတယ်။ စားဝတ်နေရေးနဲ့ လွတ်လပ်ခွင့်အတွက် တောင်းဆိုတာပါ''ဟူသော
ကြွေးကြော်သံများ အော်ဟစ်ပြီး Al-Hussein ဘုရားကျောင်းမှ Amman မြို့အနီးရှိ အဆောက်အအုံများထိ ချီတက်ဆန္ဒပြခဲ့ကြောင်း သိရှိရသည်။
''လူမှုရေးဆိုင်ရာ တရားမျှတမှုနဲ့ လွတ်လပ်ခွင့်ကို တောင်းဆိုခြင်း ဖြစ်တယ်။ ဖိနှိပ်မှုကို မလိုလား၊ ပြောင်းလဲခြင်းကို လိုလားတယ်။ နိုင်ငံကို ကယ်တင်မယ့် အစိုးရသာ လိုလားတယ်''ဆိုသည့် စာတန်းများဖြင့်
အော်ဟစ်ဆန္ဒပြခဲ့သူများကို ရဲများက ရေဘူးနှင့် အအေးဘူးများ ပေးခဲ့ကြောင်း သိရှိရသည်။
ဆန္ဒပြသူအရေ အတွက်မှာ ၄၀၀၀ နီးပါးရှိပြီး Muslim Brotherhood အဖွဲ့ဝင်များနှင့် Islamic Action Front တို့က ဦးဆောင် ဆန္ဒပြခဲ့ခြင်း ဖြစ်ကြောင်း ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ Mohammad Kha-tib က ပြောကြားခဲ့သည်။
ဝန်ကြီးချုပ် Rifai သည် အစိုးရ၀န်ထမ်းများ၊ အငြိမ်းစား ၀န်ထမ်းများ၏ ပင်စင်များနှင့် ကျေနပ်အားရမှု မရှိသည့် လုပ်ငန်းများတွင် လုပ်ကိုင်နေသူများ အတွက် ဒေါ်လာ ၂၈၃ သန်း ကုန်ကျမည့် လစာတိုးရေး အစီအစဉ်တစ်ခုကို ထုတ်ပြန်ခဲ့သည်။ လူနေမှု အဆင့် မြှင့်တင်ရန်အတွက် ဒေါ်လာ ၁၆၉ သန်း ကုန်ကျမည့် အစီအစဉ် ဖော်ထုတ်ပြီးနောက် တစ်လလျှင် ၂၈ ဒေါ်လာ တိုးမည့် အစီအစဉ်ကို ကြေညာခဲ့ခြင်း ဖြစ်သည်။
လက်ရှိ အစိုးရ ၀န်ထမ်းများ၏ ပျမ်းမျှလစာမှာ တစ်လလျင် ဒေါ်လာ ၂၁၁ ရရှိသော်လည်း အစီအစဉ်သစ်သည် ဆင်းရဲမွဲတေမှုနှုန်း ၂၅ ရာခိုင်နှုန်းရှိသည့် နိုင်ငံအတွက် လုံလောက်မှု မရှိကြောင်း အစ္စလာမ်မစ် အတိုက်အခံနှင့် ပြည်သူများက ပြော ကြားခဲ့ကြောင်း သီးခြားလွတ်လပ်စွာ လေ့လာခဲ့မှုများအရ သိရှိရသည်။