Pages

Saturday, January 15, 2011

ကမ္ဘာ့ခေါင်းဆောင်များရဲ့ လစာနှင့် တိုင်းပြည် တစ်ဦးချင်းဝင်ငွေတွင်သန်းရွှေ အနိုင်ရ

ကမ္ဘာ့ခေါင်းဆောင်များရဲ့ လစာနှင့် တိုင်းပြည် တစ်ဦးချင်းဝင်ငွေတွင်သန်းရွှေ က အနှစ် ၂၀ ကာလအတွင်း US$ 2.5 billion ကို ခိုးယူပြီးကမ္ဘာ့ခေါင်းဆောင်များရဲ့ နှစ်စဉ်ဝင်ငွေတွေကိုကျော်ဖြတ်ကာလစာဝင်ငွေတွင်

အနိုင်ရသွားကြောင်း


အရှေ့အာဖရိက ကင်ညာနိုငံ ၀န်ကြီးချုပ် ရိုင်လာအိုဒင်ဂါ လာစာမှာ အမေရိကန်သမ္မတ လစာထက် ပိုများနေသည်။ တစ်နှစ် ဒေါ်လာ ၄၃၀,၀၀၀ နီးပါးရရှိပြီး၊ ၂၀၁၀ ခုနှစ် ကင်ညာနိုင်ငံ ဂျီဒီပီ အရ တစ်ဦးချင်းဝင်ငွေထက်
သူ့လစာက အဆ ၂၄၀ များလွန်းနေသည်။ နိုင်ငံခေါင်းဆောင် ရယူသောလစာနှင့် တိုင်းပြည်တစ်ဦးချင်းဝင်ငွေအကြား အဆကွာဟာချက် အများဆုံး တိုင်းပြည် ဖြစ်သည်။
စင်္ကာပူဝန်ကြီးချုပ် လီရှိန်လွန်းမှာ ကမ္ဘာ့ ၀င်ငွေအများဆုံး ရရှိတဲ့ ခေါင်းဆုံးဖြစ်ပြီး၊ စင်္ကာပူ မြို့ပြနိုင်ငံရှိ တစ်ဦးချင်း ၀င်ငွေထက် အဆ ၄၀ ကျော်များနေသည်။ သူ့ဝင်ငွေမှာ တစ်နှစ်ကို ဒေါ်လာ ၂၁၈၃,၅၁၆ ဖြစ်သည်။
တခြားတဖက်တွင်တော့ အိန္ဒိယနိုင်ငံ ၀န်ကြီးချုပ်မန်မိုဟန်ဆင်း လစာမှာ တစ်နှစ် ၄၁၀၆ ဒေါ်လာသာ ရရှိပြီး၊ အိန္ဒိယ တစ်ဦးချင်းဝင်ငွေနှင့် သူ့လစာ ကွာဟချက်မှာ ၂ ဆတောင် သိပ်မကွာလှမို့ အရိုးသားဆုံး၊ အနှိမ့်ချဆုံး လောဘအနည်းဆုံးနဲ့ အဂတိလိုက်စားမှု အကင်းရှင်းဆုံး ခေါင်းဆောင်အဖြစ် The Economist မဂ္ဂဇင်းကြီးက ၂၀၁၀ ခုနှစ်အတွက် သတ်မှတ်ချီးကျူးလိုက်သည်။
သတင်း The Economist