Pages

Saturday, January 15, 2011

ခွေးနှင့် ဖွတ်တို့ ၏ စိတ်ဓာတ်မြှင့် တင်ရေး သင်တန်း အကအဖွဲ့  (ဗီဒီယို)

January 15, 2011 freedom news group 
1
20
 
i
 
မဲပေးပါ
Quantcast


ကုလားဘုန်းကြီး ဟု အမည်တွင်သည့် အကနည်းပြ သင်တန်းမှုး ဘုန်းကြီး
နေမျိုးဦး၊            ၊နအဖ စစ်အစိုးရ မှ ငွေကြေးထောက်ပံ့
ပီးပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေးပါတီ(ကြံ့ဖွတ်)
မှ အကောင်အထည်ဖော်သည့် စိတ်ဓာတ်မြှင့် တင်ရေး သင်

တန်း နှင့် ထို သင်တန်းမှုး ဖြစ်သူ ဘုန်းကြီး  အိပ်ဒိပါလ ၏
ဗီဒီယို ခြောက်ခု မှ အင်တာနက် လူမှု ကွန်ယက် Face
Book
သုံးစွဲသူများ အချင်းချင်းတွင်ပျံနှံ့ နေသည်ဟု သတင်းရရှိသည်။
သင်တန်းအား ရန်ကုန်တိုင်း စစ်ဌာနချုပ် ဗိုလ်မှုးချုပ် ထွန်းသိန်း
ဝန်ကြီး ဗိုလ်ချုပ်ဌေးဦး စသည့် စစ်အစိုးရ အရာရှိ များ က လာ
ရောက် ဖွင့်လှစ်ပေးသည် ဟူ သိရသည်။
အဆိုပါ စိတ်ဓာတ်မြှင့်တင်ရေး သင်တန်း သို့ ဌာနဆိုင်ရာနှင့်
မြို့ နယ် အချို့ မှ အာဏာပိုင် အဖွဲ့ 
အစည်းဝင်များ စစ်တပ် နှင့်နယ်ဘက် မှ အရာရှိ ကတော် နှင့် သားသမီးများ တက်ရောက်ကြသည်။ သင်တန်း ကို ရန်ကုန် မြို့ Asia Plaza၊ MCC ခန်းမ နှင့် ဘုရင့်နောင်ခန်းမတို့ တွက် ကျင်း
ပပြီး မွန်ပြည်နယ်  သထုံ နှင့် မော်လမြိုင်၊ ပဲခူးမြို့ နှင့် ကရင်ပြည်နယ် ဘားအံ မြို့ များ တွင်
လည်းကျင်း
ပခဲ့သည်။
အဆိုပါသင်တန်း တွင် သင်တန်းမှု ဘုန်းကြီးက အဆိုးများ ကို  ခါချရန် ကကြဖို့ ပြောပြီး၊ သင်တန်းဖွင့်
လှစ်သည့် နေ့ တွင် လာရောက် သြ၀ါဒ ပေးသူများက စိတ်ဓာတ်မြှင့်တင်ရန် နှင့် နိုင်ငံ့သား
ကောင်းများ ပေါ်ထွက် လာရန် ဟု ပြောကြားသည်။
ထင်ရှားသည့် မြန်မာလူငယ် များ အင်တာနက် ကွန်ယက် သူငယ်ချင်း များ ဆိုတ်တွင် မူ ကနေ
သူများ ကို တိုက်သည့် ဖျော်ရည် နှင့် အစားအသောက် ထဲတွင် စိတ်ကြွဆေးများ ခပ်ထားသည်
ဟု ရေးသားဖော်ပြထားသည်။
ယခင် ၀န်ကြီးချုပ် ဟောင်း ဗိုလ်ချုပ် ကြီး ခင်ညွန့် ရာထူးမှ မဖယ်ရှားခံရခင်က သူ၏ ဇနီး ဖြစ်သူ
ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ ဦးဆောင် သည့် ကြီး ကိုး ကြီး အဓိဌာန် တွင် ယခု ကဲ့သို့ ထူးဆန်းဆန်း
အခြင်းအရာများ ပါဝင်သည်။
Freedom News Group မှ ရရှိသည့် ဗီဒီယို တစ်ခု တွင် မူ ထိုသင်တန်းမှာ ၂၈ ရက် နိုဝင်ဘာလ
မှ ၇ ရက်ဒီဇင်ဘာလ ထိ ကရင်ပြည်နယ် ဘားအံမြို့ တွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
ဗီဒီယို များ ကို သွားရောက်ကြည့်ရှုရန်ဤ နေရာတွင် နှိပ်ပါ 

 Freedom News Group မှကူးယူတင်ပြပါသည်