Pages

Tuesday, February 1, 2011

ဒုတိယ မသာလောင်းများအဖြစ် ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒေါက်တာအေးမောင်နှင့် ဦးစောသိန်းအောင်တို့အား အဆိုပြုတင်သွင်းထားကြောင်း သိရ


PDF Print
AddThis Social Bookmark Button
ဦးသိန်းစိန်၊ ဒေါက်တာစိုင်းမောက်ခမ်း၊ ဒေါက်တာအေးမောင် နှင့် ဦးစောသိန်းအောင်တို့အား ဒုတိယသမ္မတလောင်းများ အဖြစ် အဆိုပြုတင်သွင်းထားကြောင်း သတင်းရရှိပါသည်။
ပြည်ထောင်စုလွှတ်တော် နာယကက နိုင်ငံတော်သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့တွင် ပါဝင် သော ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များအစု အဖွဲ့၊ ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့နှင့်  ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့က အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် အစုအဖွဲ့ အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပရန် ဇန်န၀ါရီလ ၃၁ ရက်နေ့က သတ်မှတ်ကြေညာခဲ့ကြောင်း သိရပါသည်။

အစုအဖွဲ့အလိုက် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရေးအတွက် အစုအဖွဲ့ အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နံနက် ၁၀ နာရီတွင် ကျင်းပခဲ့ရာတွင် ဦးသိန်းစိန်နှင့် ဦးစောသိန်းအောင်တို့အား ရွေးကောက်ခံပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ ဒေါက်တာ စိုင်းမောက်ခမ်း နှင့် ဒေါက်တာအေးမောင်တို့အား ရွေးကောက်ခံ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်များအစုအဖွဲ့တို့က ဒုတိယသမ္မတလောင်းများအဖြစ် အဆိုပြု တင်သွင်းထားကြောင်း သိရှိရပါသည်။
ထို့အတူ သမ္မတရွေးချယ်တင်မြှောက်ရေး အဖွဲ့တွင် ပါဝင်သော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့ အစည်းအဝေးကို ဖေဖော်ဝါရီလ ၁ ရက်နေ့ နံနက် ၁၀ နာရီက နေပြည်တော်ရှိ အနော်ရထာခန်းမတွင် ကျင်းပခဲ့ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် နှင့် တပ်မတော်အရာရှိကြီးများ၊ တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက်ခဲ့ကြကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
ထို့နောက် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့အနေဖြင့် ဒုတိယသမ္မတရွေးချယ် တင်မြှောက်ခြင်းအား ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။
လွှတ်တော်ကိုယ်စားလှယ်များ  အစုအဖွဲ့ တစ်ဖွဲ့စီက ဒုတိယသမ္မတ တစ်ဦးစီကို လွှတ်တော်ကိုယ်စားလှယ်များထဲမှဖြစ်စေ၊ လွှတ်တော် ကိုယ်စားလှယ် မဟုတ်သူများထဲမှဖြစ်စေ ရွေးချယ်တင်မြှောက်ရမည်ဟု ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်) အရ သိရသည်။
သမ္မတရွေးချယ်တင်မြှောက်ရေးအဖွဲ့ကနိုင်ငံတော်သမ္မတလောင်းများဖြစ်သည့် ဒုတိယသမ္မတသုံးဦးအနက် မိမိတို့ကြိုက်နှစ်သက်သည့် ဒုတိယသမ္မတတစ်ဦးကို နိုင်ငံတော်သမ္မတအဖြစ် ဆန္ဒမဲပေး ရွေးချယ် တင်မြှောက်ရမည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတကို သမ္မတ ရွေးချယ်တင်မြှောက်ရေးအဖွဲ့ဖြင့် ရွေးချယ်တင်မြှောက်မည်ဖြစ်ကြောင်း၊ သမ္မတရွေးချယ် တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်အစုအဖွဲ့ သုံးဖွဲ့ဖြင့် ဖွဲ့စည်းမည်ဖြစ်ကြောင်း၊ ယင်းအစု အဖွဲ့တို့မှာ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ကိုယ်စားလှယ်ဦးရေ တူညီစွာရွေးကောက်တင်မြှောက်ခြင်း ခံရသော လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့၊ မြို့နယ်ကို အခြေခံ ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ရှိ ရွေးကောက်တင်မြှောက်ခြင်းခံရသည့် လွှတ်တော် ကိုယ်စားလှယ်များအစု အဖွဲ့၊ ဖော်ပြပါ လွှတ်တော်နှစ်ရပ် အတွက် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က အမည်စာရင်းတင်သွင်းသည့် တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များ အစုအဖွဲ့တို့ဖြစ်ကြောင်း သိရသည်။
လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့အလိုက် ဒုတိယသမ္မတလောင်း အမည်စာရင်း တင်သွင်းရာ၌ ဒုတိယသမ္မတလောင်း တစ်ဦး ထက်ပို၍ ပါရှိလျှင် ဒုတိယသမ္မတ ရွေးချယ်တင်မြှောက်ခြင်းကို ဆန္ဒမဲ လက်မှတ်ပုံစံ (၃) ဖြင့် လျှို့ဝှက် ဆန္ဒမဲပေး၍ ရွေးချယ်တင်မြှောက်မည် ဖြစ်ကြောင်း သက်ဆိုင်ရာလွှတ်တော် ဥက္ကဋ္ဌက ကြေညာရမည်ဟု နိုင်ငံတော်သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေများ စာအုပ်တွင် ဖော်ပြထားသည်။
ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော်တို့တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ  ရွေးကောက်ခံလွှတ်တော် ကိုယ်စားလှယ်မှာ ရာခိုင်နှုန်းအားဖြင့် ၈၀ ရာခိုင်နှုန်းနီးပါးဖြင့် အများစုပါဝင်ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။