Pages

Thursday, February 3, 2011

အစိုးရအဖွဲ့တွင်း အကျင့်ပျက် ခြစားမှုများကို အိန္ဒိယတွင်စတင် ဆန္ဒပြ

PDF Print
AddThis Social Bookmark Button
အစိုးရအဖွဲ့နှင့် အာဏာပိုင်တို့၏ အကျင့်ပျက် ခြစားမှုများနှင့် ပတ်သက်၍ ဆန္ဒပြမှုများ အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့နှင့် အခြား မြို့ကြီးများတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဝန်ကြီးချုပ် မန်မိုဟမ်ဆင်း၏ အစိုးရအဖွဲ့ အုပ်ချုပ်ရေးကို ထိခိုက် ပျက်ပြားစေသည့် အဆင့်မြင့် အရာရှိများ၏ ခြစားမှုများ၊ ဘဏ္ဍာရေးဆိုင်ရာ မှားယွင်းသည့် စီမံခန့်ခွဲမှုများကြောင့် ပြည်သူများအကြား မကျေနပ်မှုများ ပိုမို
ဖြစ်ပေါ်စေခဲ့ကြောင်း သိရသည်။
နယူးဒေလီ၊ မွမ်ဘိုင်း၊ ဘင်ဂလောနှင့် အခြားမြို့ကြီးများတွင် ဆန္ဒပြသူများက အိန္ဒိယပြည်သူတို့၏ နေထိုင်မှုဘ၀အား ထိခိုက် နစ်နာစေသည့် အရိုးစွဲနေပြီဖြစ်သော အကျင့်ပျက် ခြစားမှုများကို ထိရောက်သော အဖွဲ့အစည်းများဖြင့် တိုက်ဖျက်ပေးရန် တောင်းဆိုခဲ့ကြသည်။
''ကျွန်တော်တို့ အခုလို ဆန္ဒပြတာဟာ အစိုးရကို ပြောင်းလည်းဖို့၊ နိုင်ငံရေးပါတီကို ဆန့်ကျင်ဖို့ မဟုတ်ပါဘူး။ ဘယ်နိုင်ငံရေးပါတီမဆို အာဏာရလာပြီ ဆိုတာနဲ့ အခွင့်အရေး ယူတတ်တယ်ဆိုတာ နားလည်ပါတယ်။ ဒါကြောင့်မို့လို့ ပြည်သူတွေအ နေနဲ့လည်း စနစ်တကျ ပြုပြင်ပြောင်းလည်းမှုတွေ ဖြစ်ပေါ်စေရေးအတွက် ညီညီညွတ်ညွတ်နဲ့ တောင်းဆိုဖို့ အရေးကြီးပါတယ်''ဟု ဆန္ဒပြသူတစ်ဦးက ပြောကြားခဲ့သည်။
ယခုပြုလုပ်ခဲ့သည့် ဆန္ဒပြမှုများတွင် မိုဘိုင်းဖုန်း လိုင်စင်များအား သီးခြားဈေးနှုန်းဖြင့် လျော့ရောင်းချရာတွင် လာဘ်ယူများကိုလည်း ကန့်ကွက်ခဲ့ပြီး နိုင်ငံတော်ဘဏ္ဍာအတွက် ဒေါ်လာ ၄၀၉ ဘီလျံခန့် နစ်နာခဲ့ရခြင်း၊ ၂၀၁၀ ပြည့်နှစ် ဓနသဟာယ အားကစားပွဲဆိုင်ရာ အကျင့်ပျက်ခြစားမှုတို့လည်း ပါဝင်ကြောင်း သိရသည်။အကျင့်ပျက် ခြစားမှုများသည် အိန္ဒိယနိုင်ငံတွင် တဖြည်းဖြည်း များပြားလာပြီး နိုင်ငံ၏ အနာဂတ် ကြွယ်ဝချမ်းသာမှုကို ခြိမ်းခြောက်လျက်ရှိကြောင်း နိုင်ငံရေးသမား များနှင့် စီးပွားရေး လုပ်ငန်းရှင်များက ပြောကြားခဲ့သည်။