Pages

Wednesday, February 23, 2011

ဦးတေဇတို့ တဖွဲ့လုံးကို ကယ်နိုင်ပြီဦးတေဇက တဖွဲ့လုံးအတွက်အနစ်ခံ

ဦးတေဇတို့ တဖွဲ့လုံးကို ကယ်နိုင်ပြီ

ဦးတေဇနှင့် အဖွဲ့ကို မြန်မာစံတော်ချိန် ၁၀ နာရီ မိနစ် ၄၀ က ကယ်ဆယ်နိုင်ခဲ့ပြီ ဖြစ်သည်။ ယခုအခါ ပူတာအို ကယ်ဆယ်ရေး စခန်းသို့ ရောက်ရှိနေပြီး ကျန်းမာရေး စစ်ဆေးမှု ခံယူနေကြောင်း၊ လောလောဆယ် ရန်ကုန်မြို့တွင် ကျန်းမာရေးအတွက် ဆေး ကုသမှု ခံယူမည်ဖြစ်ကြောင်း သိရသည်။

ရဟတ်ယာဉ်ပျက် သူဌေးကြီး လူကြီးလူကောင်းဆန်ပုံ

ရွှေဝါပြည်မှ သူဌေးကြီး ဦးသူရသည် ရဟတ်ယာဉ်ဖြင့် ရေခဲတောင်သို့ လေ့လာခရီးသွားစဉ် ရဟတ်ယာဉ် စက်ချို့ယွင်းကာ ရေခဲတောင်ပေါ်တွင် သောင်တင်နေလေသည်။
အနောက်နိုင်ငံကြီးများကို စီးပွားရေးပိတ်ဆို့မှုပြုလုပ်မည်ဟု ကြွေးကြော်ထားသည့် ရွှေဝါပြည်သူဌေးကြီး ဦးသူရကို ကယ်ဆယ်ရန် ကောင်းမွန်သည့် ရဟတ်ယာဉ်နှင့် ကျွမ်းကျင်သည့် ကယ်ဆယ်ရေးလုပ်သားများ မရှိဖြစ်နေရာ အနောက်နိုင်ငံများ၏ နည်းလမ်းများဖြင့် ချမ်းသာကြွယ်ဝနေသော အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံသို့ အကူအညီတောင်းရလေ၏။
အိမ်နီးချင်း ယိမ်းနွဲ့နိုင်ငံကလည်း ကယ်ဆယ်ခ မြိုးမြိုးမြက်မြက်ရသဖြင့် သွားရောက် ကယ်ဆယ်လေသည်။
ကယ်ဆယ်ရေးအဖွဲ့သည် တကြိမ်လျှင် ၃ ဦးသာ ကယ်နိုင်မည်ဖြစ်ရာ ဦးသူရသည် သူနှင့်အတူရှိနေသူများကို အရင်ကယ်ထုတ်သွားရန် ပြောသဖြင့် ကယ်ဆယ်သူများလည်း သူနှင့်အတူပါသူ ၅ ဦးအနက်မှ ၃ ဦးကို အရင်ကယ်ထုတ်သွားလေသည်။
ကယ်ဆယ်ရေးရဟတ်ယာဉ်ပေါ်ပါလာသည့် ဦးသူရကုမ္ပဏီဝန်ထမ်း ၃ ဦးကို ကယ်ဆယ်ရေးလုပ်သားတဦးက
ခင်များတို့ သူဌေးက လူကြီးလူကောင်းဆန်သားပဲဗျ။ သူများတွေ ပြောသလို မဆိုးပါဘူး။ အခု ခင်များတို့ကို အရင်ကယ်ထုတ်ခိုင်းတာပဲကြည့်လေ”ဟု ပြောလေသည်။
ပြောရင်း ကုမ္ပဏီဝန်ထမ်း သုံးဦးကို သေချာကြည့်မိသော် ရေခဲတောင်ဝတ် အနွေးထည်များ မတွေ့ရသဖြင့် မေးလေသည်။
ခင်များတို့ဗျာ ရေခဲတောင်ဘက်ကို လာတာ အနွေးထည်ဝတ်မလာကြဘူးလားဗျ”
ကယ်ဆယ်ရေးဝန်ထမ်း၏ အမေးကို သူဌေးကြီး ဦးသူရ၏ ကုမ္ပဏီဝန်ထမ်းတဦးက မေးတဆတ်ဆတ် တုန်ရင်း အောက်ပါအတိုင်း ပြန်ဖြေလေသည်။
အနွေးထည်ပါ ပါသကောဗျာ။ ကျနော်တို့ အနွေးထည်တွေအားလုံးကို မနေ့ညကတည်းက သူယူဝတ်လိုက်တယ်ဗျ။ လူကြီးလူကောင်းဆန်မဆန်တော့ မသိဘူး....ဟူး....ဂတ်....ဂတ်”