Pages

Wednesday, March 23, 2011

စစ်ခွေးတွေက လာမဲ့  ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် လူတစ်ဦးလျှင် us$ 1.5 dollar နဲ့ ညီတဲ့ ကျပ် ၁၅၀၀ ကျော်သုံးစွဲရန် ထုတ်ပြန်ထား

၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်တွင် ကျန်းမာရေးကဏ္ဍအတွက် လူတစ်ဦး လျှင် ကျပ် ၁၀၀၀ ကျော်နှုန်း သုံးစွဲပေးခဲ့ပြီး ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေး နှစ်တွင် လူတစ်ဦးလျှင် ကျပ် ၁၅၀၀ ကျော်သုံးစွဲရန် ထုတ်ပြန်ထား PDF Print
AddThis Social Bookmark Button
ယခင်နှစ်က မြန်မာနိုင်ငံ၏ ကျန်းမာရေးကဏ္ဍအတွက် ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော် (လူတစ်ဦး ၁၀၆၆ ကျပ်ဝန်းကျင်) သုံးစွဲခဲ့ပြီး လာမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်အတွက် ကျပ်သန်းပေါင်း ၉၀၈၁၈ ကျော် (လူတစ်ဦး ၁၅၁၃ ကျပ်ဝန်းကျင်) သုံးစွဲရန် ထုတ်ပြန်ထားကြောင်း သတင်းရရှိပါသည်။
''၁၉၈၈ ခုနှစ်မှာ ကျန်းမာရေးကဏ္ဍအတွက် ကျပ်သန်းပေါင်း ၄၆၄ သန်း သုံးစွဲခဲ့တယ်။ အရင်နှစ်ကတော့ ကျပ်သန်းပေါင်း ၆၄၀၀၀ ဒသမ ၃ ကျော် သုံးစွဲခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်က မြန်မာနိုင်ငံမှာ ဆေးရုံ ၅၃ ခုပဲ ရှိတယ်။ အခု ဆေးရုံ ၈၁ ရုံရှိလာတယ်''ဟု မတ်လ ၁၃ ရက်နေ့က ကျင်းပသည့် ရန်ကင်း ကလေးဆေးရုံသစ် ဖွင့်ပွဲအခမ်းအနားတွင် ကျန်းမာရေးဝန်ကြီးဌာန ၀န်ကြီး ဒေါက်တာကျော်မြင့်က ပြောကြားခဲ့ပါသည်။
နိုင်ငံတော်အေးချမ်းသာယာ ရေးနှင့်ဖွံ့ဖြိုးရေးကောင်စီ ဥပဒေ အမှတ် ၉/၂၀၁၁ အရ ၂၀၁၁ ခုနှစ် ဇန်န၀ါရီလ ၂၇ ရက်နေ့ ရက်စွဲဖြင့် ၂၀၁၁ ခုနှစ် နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေကို ထုတ်ပြန်ခဲ့ပြီး အဆိုပါ ဥပဒေအပိုင်း(၂) တွင် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်၌ ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ပြည်သူများအတွက် ထုတ်ယူသုံးစွဲမည့် ငွေပမာဏစာရင်းကို ဇယား(၄) ဖြင့် ထုတ်ပြန်ထားသည်။
၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် ပြည်သူများအတွက် ကာကွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး အပါအ၀င် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်း အကြောင်းအရာကဏ္ဍ ၃၅ ခု အတွက် စုစုပေါင်း(သာမန်သုံးငွေနှင့် ငွေလုံးငွေရင်းသုံးငွေ နှစ်ရပ်ပေါင်း) ကျပ် ၆၃၀၇ ဘီလျံကျော် သုံးစွဲရန် ဖော်ပြထားကြောင်း သိရသည်။
နိုင်ငံတော်၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာ ဥပဒေအပိုင်း(၂)၊ အခန်း(၁)ရှိ ပုဒ်မ(၃)၊ ပုဒ်မခွဲ(က)တွင် နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စု အစိုးရအဖွဲ့၊ လွှတ်တော်၊ ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စု စာရင်းစစ်ချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာ ခုံရုံး၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် ပြည်ထောင်စုအဆင့် အဖွဲ့စည်းများ၏ ရငွေနှင့်သုံးငွေအတွက် တာဝန်ပေးအပ်ခြင်း ခံရသူ ပုဂ္ဂိုလ်အသီးသီးသည် အဆိုပါ ဥပဒေတွင် ပူးတွဲဖော်ပြထားသည့် ဇယား(၁)၊ (၂)၊ (၃)၊ (၄)တို့၌ မိမိနှင့်ယှဉ်တွဲ ဖော်ပြထားသည့် ရငွေတို့ကို စီမံကြီးကြပ် ကောက်ခံခြင်းနှင့် သုံးငွေတို့ကို စီမံခန့်ခွဲခြင်း ပြုရမည်ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။
လာမည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်သစ်အတွက် ပြည်ထောင်စု၏ ဘဏ္ဍာရန်ပုံငွေမှ ထုတ်ယူအသုံးပြုရန် ဇယား(၄)ဖြင့် ထုတ်ပြန်ထားသည့် သုံးငွေများအရ ကျန်းမာရေး ကဏ္ဍအတွက် ၉၀၈၁၈၄၈၉၀၈၀ ကျပ် သုံးစွဲမည် ဖြစ်ကြောင်း သိရသည်။
''မြန်မာနိုင်ငံ လူဦးရေက ထုတ်ပြန်ချက်တွေအရ သန်း ၆၀ ၀န်းကျင်ပါ။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာရေးနှစ်မှာ ကျပ်သန်းပေါင်း ၆၄၀၀၀ ကျော် သုံးစွဲခဲ့တာဖြစ်လို့ လူတစ်ဦးအတွက် တစ်နှစ် ကျန်းမာရေးစရိတ် သုံးစွဲပေးမှုနှုန်းက ကျပ် ၁၀၆၆ ကျပ်ဝန်းကျင် ရှိမယ်။ လာမယ့်နှစ်အတွက် သုံးစွဲဖို့ ထုတ်ပြန်ထားချက်အရ လူတစ်ဦးကို ၁၅၁၃ ကျပ်ကျော် သုံးစွဲမှာဖြစ်လို့ မနှစ်တစ်နှစ်ကနဲ့ယှဉ်ရင် လူတစ်ဦးအတွက် ကျပ် ၅၀၀ ၀န်းကျင် ပိုသုံးပေးတယ်လို့ ပြောရမှာပေါ့။ စုစုပေါင်း ကျပ်  ၉၀၈၁၈၄၈၉၀၈၀ သုံးစွဲဖို့ ထုတ်ပြန်ထားတယ်။ အမေရိကန် ဒေါ်လာနဲ့ဆိုရင် သန်း ၉၀ ကျော်ကနေ သန်း ၁၀၀ ကြား သုံးစွဲမယ့် ပမာဏလို့ ပြောရမှာပါ''ဟု စီးပွားရေး ဘာသာရပ်ဆိုင်ရာ ပါမောက္ခတစ်ဦးက ပြောကြားခဲ့သည်။
''နောက်နှစ်တွေမှာတော့ ဒီထက်ပိုပြီး သုံးစွဲလိမ့်မယ်လို့ တွက်ချက်ထားပါတယ်။ နောက်နှစ်တွေဆိုရင် လွှတ်တော်မှာတင်ပြပြီး ဆုံးဖြတ်လာမှာဖြစ်လို့ အခုထက်ပိုပြီး သုံးစွဲဖို့ လိုတယ်ဆိုရင် တင်ပြပြီး တောင်းဆိုလာမယ့် စနစ်ကြောင့် ပိုသုံးမယ်လို့ တွက်ချက်ထားတာပါ''ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။