Pages

Monday, March 21, 2011

နေပြည်တော်တွင် ပြည့်တန်ဆာ စစ်ဆင်ရေး ပြုလုပ်အမေကြိုင် တောင် ပုန်းနေရ

March 21, 2011Quantcast

နေမျိုးဦး၊ ၊စစ်အစိုးရ ရုံးစိုက် ရာ နေပြည်တော် မြို့ ရှိ အနှိပ် ခန်း များ ၊ဗြူတီဆလွန်း၊
ဟိုတယ် များ ၊ဘား ၊ညကလပ်နှင့် ကာရာ အိုကေ အပန်းဖြေခန်း များ ကို  ယမန် နေ့ ည မှ
ယနေ့ မနက် အရုဏ် တက်ချိန် ထိ အာဏာပိုင်များက၀င်ရောက်ဖမ်း ဆီးရာ ပြည့်တန် ဆာ
နှင့် ဖျော်ဖြေရေး အပျော်မယ် ၄၀၀ ကျော်အဖမ်းခံထားရသည် ဟု Freedom News Group
မှ သတင်းရရှိသည်။ထိုသို့ ဖမ်းဆီး ရာ တွင် လူမှား ပြီး ဖမ်းဆီးမှု များ လည်း ရှိကြောင်း နေပြည်တော် မြို့ ရှိ ဟိုတယ်

တစ်ခု မှ မန်နေဂျာ တစ်ဦး က ပြောသည်။ ကောင်မလေးတွေ သူတို့ အတွဲ နဲ့ သူ တို့ လာကြာ
တာ ကို အော်ကွီး (ပြည့်တန် ဆာ)ဆိုပြီးဖမ်း တယ်။ ကောင်မလေးတွေ က ငြင်းတယ်။ မဟုတ်
ပါဘူး ကျွန်မ တို့ ရိုးရိုးကာရာ အိုကေ လာဆိုတာ ပါ လို့ ပြောတာ ရဲတွေ က ဖာသည်မ တွေ နင်
တို့ လာမငြင်း နဲ့ အကြောင်း မသိရင် ခက်မယ် ဆိုပြီး ပြန်ပြောတော့ ကောင်မလေးတွေ ကို
ငိုကြတာ ညက နေပြည်တော် နဲ့ ပျဉ်းမနား မှာ ၀ုန်းဒိုင်း ကြဲနေတာ ပဲ ဟု ပြောသည်။
နေပြည်တော် မြို့ တွင် ယခု ကဲ့သို့ ဖမ်းဆီးခြင်းမှာ တပ်မတော်နေ့  နီးကပ်လာခြင်း ဖြစ်
သည် ဟု ထင်ကြေး ပေးကြသော် လည်း လိင်အလုပ်သမ များ မှာ ထိုင်း နှင့် အမေရိကန်
ထောက်လှမ်းရေး များ နှင့် အဆက်အသွယ် ရှိသောကြောင့် ဖမ်းဆီး ခြင်း ဖြစ်သည် ဟု
လည်း နေပြည်တော် ကာကွယ်ရေး ၀န်ကြီး ဌာန မှ အရာ ရှိ တစ်ဦး က Freedom News
Group သို့ ပြောသည်။
နေပြည်တော်တွင် လတ်တလော ဉ် ဟိုတယ် အသစ်များ ဖွင့်လှစ်နေပြီး ထိုဟိုတယ် များဉ်
ဧည့်သည် များ စည်ကား ရန် အတွက် အချို့ ဟိုတယ်များမှ အပျော်မယ် များထားကြသည် ဟု
ဟိုတယ်မန်နေဂျာ တစ်ဦး က ပြောသည်။
ဖမ်းဆီး မှုမှာ ဟိုတယ် များ ရှိသည့် ဥတ္တရ သီရိ နှင့် ပုဗ္ဗသီရီ မြို့ နယ်များ တွင် အများ ဆုံး
ဖြစ်သည်။ ကာရာအိုကေ ခန်းများ တွင် ဖမ်းဆီးမှု များ မှာအများ ဆုံး ဖြစ်ပြီး အဖမ်းခံရသည့်
အမျိုးသမီးများ မှာ အနယ်အနယ် အရပ်ရပ် က လာရောက် အလုပ်လုပ် ကိုင် သူများ ဖြစ်သည်။
နေပြည်တော် တွင် မြန်မာ ပြည့်တန်ဆာ ဈေးကွက် အပြင် အရှေ့ ဥရော ပ နှင့် ထိုင်း နိုင်ငံမှ
ပြည့်တန်ဆာ ဈေးကွက် လည်း ရှိပြီး မြန်မာ ၀ီကီလီခ် က မကြာခင် မှာ ပင် နေပြည်တော်ပြည့်
တန်ဆာဈေးကွက် အကြောင်း ကို ဖွင့်ချမည် ဟု သတင်းထုတ်ပြန်ထားသည်။