Pages

Wednesday, April 6, 2011

ဟေတီ သမ္မတရွေးကောက်ပွဲတွင် အဆိုတော် မာတယ်လီ အနိုင်ရ

PDF Print
AddThis Social Bookmark Button
b4211
ဟေတီ သမ္မတရွေးကောက်ပွဲ ဒုတိယအကျော့တွင် ကာနီဗယ်အဆိုတော် မစ်ချယ်မာတယ်လီက အနိုင်ရကာ သမ္မတအဖြစ် ရွေးကောက်ခံခဲ့ရကြောင်း ရွေးကောက်ပွဲ ကော်မရှင်က ဧပြီ ၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကနဦး ရလဒ်များက ဖော်ပြသည်။
အသက် ၅၀ အရွယ်ရှိ ထိပ်ပြောင်ပြောင်နှင့် နှစ်လိုဖွယ် အသွင်ရှိသူ မာတယ်လီသည် အမေရိကတိုက် နှစ်တိုက်တွင် အဆင်းရဲဆုံးနိုင်ငံ ဖြစ်သော ဟေတီကို ဦးဆောင်ရတော့မည် ဖြစ်သည်။ လူ ၂၂၅၀၀၀ သေဆုံးစေခဲ့ပြီး မြို့တော်ပို့အောပရင့်စ်ကို လုံး ၀ ပျက်စီးသွားစေသည့် ၂၀၁၀ ပြည့်နှစ် ဇန်န၀ါရီ ငလျင်ကြောင့် ပိုမို အခက်ကြုံနေရသော နိုင်ငံကို ပြန်လည် တည်ဆောက်ရမည် ဖြစ်သည်။
မာတယ်လီသည် မဲ ၆၇ ဒသမ ၅၇ ရာခိုင်နှုန်း ရရှိခဲ့ပြီး ဟေတီ၏ ပထမဆုံး ဒီမိုကရေစီနည်းကျ တင်မြှောက်ခံရသည့် အမျိုးသမီးသမ္မတ ဖြစ်လာရန် ရေပန်းစားခဲ့သော သမ္မတကတော်ဟောင်း မာလန်တီမာနီဂတ်၏ အိပ်မက်များကို အဆုံးသတ် စေခဲ့သည်။ သမ္မတ ရွေးကောက်ပွဲ ပထမအကျော့တွင် မာနီဂတ်သည် မဲအများဆုံး ရခဲ့သော်လည်း ဒုတိယအကျော့တွင် နှစ်ယောက်တည်း ယှဉ်ပြိုင်မှုတွင်မူ ၃၁ ဒသမ ၇၄ ရာခိုင်နှုန်းသာ ရခဲ့သည်။ ချစ်စရာမစ်ကီဟု ထင်ရှားသော မာတယ်လီသည် ဒီဇင်ဘာလ အတွင်းက ပြုလုပ်ခဲ့သည့် ပထမအကျော့ ရွေးကောက်ပွဲတွင် မဲတတိယအများဆုံးသာ ရရှိခဲ့သည်။ သို့ရာတွင် ဒုတိယအများဆုံး ရခဲ့သည့် ယခင် သမ္မတ၏ ထောက်ခံမှု ရရှိသူ အာဏာရပါတီ ကိုယ်စားပြု သမ္မတလောင်းမှာ မဲမသမာမှုများ ပြုခဲ့သည်ဟူသော စွဲချက်ဖြင့် ဖယ်ရှားခံခဲ့ရပြီးနောက် မာတယ်လီမှာ ဒုတိယအကျော့ ၀င်ရောက် ယှဉ်ပြိုင်ခွင့် ရခဲ့ပြီး အံ့အားသင့်ဖွယ် အနိုင်ရခဲ့ခြင်း ဖြစ်သည်။