Pages

Wednesday, April 6, 2011

ကနားစီး၁၁ယောက်ပါဝင်တဲ့ အမျိုးကာကွယ်ရေးနှင့် ဆွေမျိုးများလုံခြုံရေးကောင်စီ ဖွဲ့စည်း

PDF Print
Wednesday, 06 April 2011 11:20
AddThis Social Bookmark Button
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး ဖြစ်ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၀၄ တွင် ''နိုင်ငံတော် သမ္မတသည် (က) ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ပေးပိုင်ခွင့် ရှိသည်၊ (ခ) အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကာင်စီ၏ ထောက်ခံချက်နှင့်အညီ လွတ်ငြိမ်းချမ်းသာခွင့် ပေးပိုင်ခွင့်ရှိ သည်''ဟူ၍ ပြဋ္ဌာန်းထားသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရသ်ာလည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသ်ာလည်းကောင်း ပေးအပ်လာသည့် တာဝန်များကို ထမ်းဆောင်နိုင်ရန် နိုင်ငံတော်သမ္မတ ဦးဆောင်သည့် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုနိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများ၊ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး၊ ပြည်ထဲရေး ၀န်ကြီးဌာန ၀န်ကြီး၊ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီး တို့ဖြင့် ဖွဲ့စည်းသည်။
တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်နိုင်စွမ်း မရှိကြောင်း သိရှိခြင်း သို့မဟုတ် ယင်းသို့ အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင် အဖွဲ့အစည်းက တင်ပြခြင်း၊ တိုင်းဒေသကြီး တစ်ခုတွင် ဖြစ်စေ၊ ပြည်နယ်တစ်နယ်တွင် ဖြစ်စေ၊ ပြည်ထောင်စု နယ်မြေတစ်ခုတွင် ဖြစ်စေ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စု တစ်စုတွင် ဖြစ်စေ၊ ယင်းတို့၏ တစ်စိတ် တစ်ဒေသတွင် ဖြစ်စေ ပြည်သူများ၏ အသက်အိုးအိမ် စည်းစိမ်ကို ထိပါးအန္တရာယ်ပြုမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်ခြင်း၊ ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်းရှိကြောင်း သိရှိခြင်း သို့မဟုတ် ယင်းသို့ အကြောင်းရှိကြောင်း သက်ဆိုင်ရာဒေသ အာဏာပိုင် အဖွဲ့အစည်းက တင်ပြခြင်း၊ နိုင်ငံတော်၏ အချုပ်အခြာ အာဏာကို ဆူပူသောင်းကျန်းမှု၊ အကြမ်းဖက်မှုနှင့် အဓမ္မနည်းများဖြင့် ရယူရန် ဆောင်ရွက်ခြင်း သို့မဟုတ် ကြိုးပမ်းအားထုတ်ခြင်းကြောင့် ပြည်ထောင်စု ပြိုကွဲစေမည့်၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲစေမည့် သို့မဟုတ် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးစေမည့် အရေးပေါ် အခြေအနေ ပေါ်ပေါက်ခြင်း သို့မဟုတ် ထိုသို့ ပေါ်ပေါက်ရန် လုံလောက်သော အကြောင်း တွေ့ရှိခြင်း စသည့် အခြေအနေ တစ်ရပ်ရပ် ပေါ်ပေါက်လျှင် နိုင်ငံတော် သမ္မတသည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်သည့် အမိန့် ထုတ်ပြန်၍ အရေးပေါ် အခြေအနေ ကြေညာနိုင်သည်။
လင်းခေးမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းလှကျော်၏ ''...လွတ်ငြိမ်းချမ်းသာခွင့် အတွက် မည်သူ့ကိုမျှ ခြွင်းချက်မထားဘဲ မည်သို့မည်ပုံ စဉ်းစားထားသည်ကို သိရှိလိုပါကြောင်း'' မေးခွန်းနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ တာဝန်ရှိသူ တစ်ဦးက ပြည်သူ့လွှတ်တော်၌ မတ်လ၂၂ရက်နေ့တွင်''အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်အတွက် နိုင်ငံတော်သမ္မတအား ထောက်ခံချက် ပေးရမည့် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကိုလည်း ဖွဲ့စည်းနိုင်ခြင်း မရှိသေးပါကြောင်း၊ ထို့ကြောင့် အစိုးရသစ် တာဝန်ယူသော အချိန်ကာလများ ရောက်မှသာ ဆောင်ရွက်ရမည့် ကိစ္စများ ဖြစ်ပါကြောင်း''ဖြင့် ထည့်သွင်းရှင်းလင်းခဲ့သည်။
အမျိုးကာကွယ်ရေးနှင့် လူသတ်သမားများကောင်စီ
(၁) နိုင်ငံတော်သမ္မတ    ဦးသိန်းစိန်
(၂) ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး
(၃) ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း
(၄) ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း
(၅) အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်
(၆) တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်
(၇) ဒုတိယ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးဝင်း
(၈) ကာကွယ်ရေးဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်လှမင်း
(၉) နိုင်ငံခြားရေးဝန်ကြီးဌာန ၀န်ကြီး ဦးဝဏ္ဏမောင်လွင်
(၁၀) ပြည်ထဲရေးဝန်ကြီးဌာန ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီးကိုကို
(၁၁) နယ်စပ်ရေးရာဝန်ကြီးဌာန ၀န်ကြီး ဗိုလ်ချုပ်သိန်းဌေး