Pages

Monday, April 18, 2011

စစ်ခွေးတွေရဲ့ အကောင်အထယ်ပေါ်မလာတဲ့ ဦးတည်ချက် (၁၂)ရပ်အနက် ဖွတ်တွေကအချို့ကို ပြင်ဆင်ပြီးလူထုကိုညာအုံးမယ်

PDF Print
Tuesday, 19 April 2011 00:08
AddThis Social Bookmark Button
 နိုင်ငံရေးဦးတည်ချက် (၄)ရပ်၊ စီးပွားရေးဦးတည်ချက် (၄)ရပ်နှင့် လူမှုရေးဦးတည်ချက် (၄)ရပ် စုစုပေါင်း (၁၂)ရပ်အနက် အချို့ကို ပြင်ဆင်လိုက်ပြီဖြစ်ကြောင်း သိရှိရပါသည်။

ထိုကဲ့သို့ ပြင်ဆင်လိုက်သည်ကို ဧပြီလ ၁၁ ရက်နေ့ထုတ် နိုင်ငံပိုင်သတင်းစာများတွင် ဖော်ပြထားချက်အရ သိရသည်။
ပြင်ဆင်လိုက်သည့် ဦးတည်ချက်များမှာ နိုင်ငံရေးဦးတည်ချက်တွင် (၃)ရပ်၊ စီးပွားရေးဦးတည်ချက်တွင် (၁)ရပ်၊ လူမှုရေးဦးတည်ချက်တွင် (၁)ရပ်တို့ ဖြစ်ကြသည်။
ပြင်ဆင်လိုက်သည့်  ဦးတည်ချက်များမှာ 'အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး' အစား 'အမျိုးသားစည်းလုံးညီညွတ်မှုခိုင်မာရေး'၊ 'ခိုင်မာသည့်ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ဖြစ်ပေါ်လာရေး' အစား
'စည်းကမ်းပြည့်ဝသောဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင် တည်ဆောက်ရေး'၊ 'ဖြစ်ပေါ်လာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သောနိုင်ငံတော်သစ်တစ်ရပ်တည်ဆောက်ရေး' အစား 'ဖွဲ့စည်း ပုံအခြေခံဥပဒေနှင့်အညီ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်တည်ဆောက်ရေး'၊ 'စိုက်ပျိုးရေးကိုအခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင်တည်ဆောက်ရေး' အစား 'စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပြီး ခေတ်မီစက်မှုနိုင်ငံထူထောင်ရေးနှင့် အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး'၊ 'မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေး' အစား 'စစ်မှန်သောမျိုးချစ်စိတ်ဓာတ်ဖြစ်သည့် ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်ထက်မြက်ရေး'တို့ ဖြစ်ကြသည်။