Pages

Tuesday, April 19, 2011

အမေရိကန်သမ္မတ တွေ..မြန်မာစစ်ဗိုလ်ချုပ်တွေရဲ့ဝင်ငွေကိုမှီအောင် မနည်းကိုကြိုးစားကြရအုံးမှာ

၂၀၁၀ အတွက် အိုဘားမား မိသားစု ၁.၈ သန်းသာ ၀င်ငွေရှိ

April 19, 2011



 Of the Rich, By the Rich, For the Rich
အမေရိကန် သမ္မတ အိုဘားမား တို့  ဇနီး မောင်နှံ ဟာ ၂၀၁၀ ခုနှစ် မှာ ၀င်ငွေ ဒေါ်လာ ၁.၈ သန်း
သာ ရှိပြီး ၂၀၀၉ ခုနှစ်က ၀င်ငွေ ၅.၅ သန်း နဲ့  ၂၀၀၈ ခုနှစ် က ၀င်ငွေ  ၂.၆ သန်း အောက် ကို လျှော့
ကျ သွား ခြင်း ဖြစ်ပါတယ်။အမေရိကန် သမ္မတ အဖြစ် အိုဘာမား ရရှိ တဲ့ လစာငွေ ဟာ တစ်နှစ်ကို
၃၉၅.၀၀၀ ဖြစ်ပါတယ်။
သမ္မတ အိုဘာမား နဲ့  ဇနီး ဖြစ်သူ မစ်ချယ်(လ) အို ဘားမား ဟာ သူတို့ ရဲ့ စာအုပ် ရောင်း ရ ငွေ က
လည်း ၀င်ငွေရ ရှိ ပြီး ၂၀၁၀ ခုနှစ် ၀င်ငွေ ခွန် ပေး ဆောင် မှု မှာတော့ အလုပ် အကိုင် ကို သမ္မတ
နဲ့  စာရေး ဆရာ ဆိုပြီး ဖော်ပြထား ပါတယ်။
သမ္မတ အိုဘား မား နဲ့  မိသားစု ဟာ ၂၀၁၀ အတွက်  အခွန်ငွေ ဒေါ်လာ ၅ သိန်းကျော်ပေး ဆောင်ရ
ပြီး သူတို့  ၀င်ငွေ ထဲ က ၃ သိန်း နီးပါး ကို တော့ လူမှု ရေး လုပ်ငန်း တွေ ကို လုပ်ဆောင် နေတဲ့ အကျိုး
အမြတ် မယူတဲ့ အဖွဲ့ တွေ အတွက် လှုဒါန်း ထားပါတယ်။
အမေရိကန် နိုင်ငံ သား တွေ ပျမ်းမျှ ၀င်ငွေ ကတော့ တစ်နှစ် ကို ဒေါ်လာ ၅၂.၀၄၉ ဖြစ်ပါတယ်။ဒီနှစ်မှာ
အမေရိကန် နိုင်ငံ သား ၄၇ ရာခိုင်နှုန်း နီးပါး ဟာ သူတို့ ရဲ့  ၀င်ငွေ ဟာ ပြည်တွင်း အခွန် ဌာန ရဲ့ သတ်
မှတ် နှုန်းထား အောက် ကျဆင်း နေတဲ့ အတွက် ၀င် ငွေဆောင် စရာ မလို ဘူး လို့  FOX သတင်းဌာန
က ဖော်ပြထား ပါတယ်။
ဒီနှစ်မှာတော့ အမေရိကန် နိုင်ငံ ရဲ့  အချမ်းသား ဆုံး ပုဂ္ဂိုလ် ၄၀၀ ကလည်း သူတို့ ရဲ့  ၀င်ငွေ တွေ ကျဆင်း
ခဲ့တဲ့ အတွက် အရင် နှစ် တွေ က ထက် အခွန် ပေး ဆောင် ရနှုန်း နိမ့် ကျ ခဲ့ပြီး ခြုံပြောရ ရင်တော့ အမေရိ
ကန် အစိုးရ ရဲ့  အခွန် က ရတဲ့ ၀င် ငွေ ကျဆင်း တဲ့ နှစ် ဖြစ်တယ် လို့  ဖလော်ရီဒါ ပြည် နယ် မိုင်ယာမီ မြို့ က
IRS ညွှန်ကြားရေး မှုး ဒေါက်ဂလစ် ၀ဲသာ က FNG ကိုပြောပါတယ်။
အမေရိကန် သမ္မတ အိုဘာမား ဟာ ၁၉၉၅ ခုနှစ်မှာ  memoir Dreams From My Fatherနဲ့ 
၂၀၀၆ ခုနှစ် မှာ နိုင်ငံ ရေး စာအုပ်ဖြစ် တဲ့ The Audacity of Hope နဲ့  ပြီးခဲ့တဲ့ နှစ်က ကလေးတွေ
အတွက် စာအုပ်ဖြစ်တဲ့  Of Thee I Sing: A Letter to My Daughters ဆိုတဲ့ စာအုပ် သုံး အုပ် ကို
ရေး ခဲ့ပြီး သူ့ အကြောင်း နဲ့  ဘ၀ ဖြတ်သန်း မှု အကြောင်း ရေးထား တဲ့ စာအုပ် ၁၂ အုပ်ကနေ ကလည်း
ခံစား ခွင့် တွေ ရရှိပါတယ်။
သူရဲ့ စာတော်ဖတ် က တော့ ဒီနှစ် မှာ အိုဘားမား ရဲ့  စာအုပ်ဟာ သမ္မတဟောင်း ဂျော့ ဘုရှ် (အငယ်)
ရဲ့  စာအုပ် ဖြစ်တဲ့ Decision Point လောက် မရောင်းရ ဘူးလို့ ဆိုပါတယ်။