Pages

Sunday, April 3, 2011

မြန်မာနိုင်ငံတွင်တရားစီရင်ရေး စနစ်သစ် စပြီဆိုပေမဲ့ မတရားထောင်ထဲအကျင်းကြနေတဲ့ နိုင်ငံရေးအကျင်းသားများကိုတော့ လွတ်ပေးရန်လမ်းမမြင်


Print
AddThis Social Bookmark Button
နိုင်ငံတော်သမ္မတ၊ ဒုတိယသမ္မတများနှင့် ပြည်ထောင်စု တရားသူကြီးချုပ်နှင့် တရားသူကြီးများကို တွေ့ရစဉ် Photo: MNA
တရားစီရင်ရေးစနစ်အား ပြောင်းလဲနိုင်ရန် ပြည်ထောင်စု တရားစီရင်ရေးဥပဒေကို ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၂၈ ရက် နေ့တွင် ဥပဒေအမှတ် ၂၀/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့ပါသည်။
ယင်းဥပဒေသည် ဖွဲ့စည်းပုံ  အခြေခံဥပဒေ အာဏာတည်သည့်နေ့ မှစတင်၍ အာဏာတည် စေရမည်ဟု ပြဋ္ဌာန်းထားသည်ဖြစ်ရာ ယခုအခါ ဖွဲ့စည်းပုံအခြေခံဥပဒေအာဏာ တည်နေပြီဖြစ်သောကြောင့် ပြည်ထောင်စု တရားစီရင်ရေး ဥပဒေသည်လည်း အာဏာတည်ခဲ့ပြီ ဖြစ်ပါသည်။
ထို့အတူ ပြည်ထောင်စုတရားသူကြီးချုပ်နှင့် ပြည်ထောင်စုတရား လွှတ်တော်ချုပ် တရားသူကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်တရား လွှတ်တော် တရားသူကြီးချုပ်များနှင့် တရားသူကြီးများသည်လည်း မတ်လ ၃၀ ရက်နေ့တွင် ကတိသစ္စာ ပြုခဲ့ကြပြီး ဖြစ်ပါသည်။

“သမ္မတက ရွေးချယ်ခန့်ထားတဲ့ ပြည်ထောင်စုတရားသူကြီးတွေဟာ သက်ဆိုင်ရာ တရားစီရင်ရေးနယ်ပယ်မှာ ဂုဏ်သတင်းကောင်းရှိသူတွေ ဖြစ်တဲ့အတွက် သမ္မတကြီးပြောတဲ့အတိုင်း တရားစီရင်ရေး စနစ်သစ်ကို တည့်မတ်ပေးနိုင်ရင် ပြည်သူလူထုက တရားစီရင်ရေးကို အားထား လာမှာပါ  . . .”
တရားရေးမဏ္ဍိုင်နှင့် ပတ်သက်၍ နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန် က”တရားစီရင်ရေးအဖွဲ့အစည်းများ အနေနဲ့တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်ရာမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေမှာ ပြဋ္ဌာန်းထားတဲ့ ဥပဒေနဲ့ အညီ လွတ်လပ်စွာ တရားစီရင်ရေး၊  ဥပဒေအရ ကန့်သတ်ချက်များမှအပ  ပြည်သူ့ရှေ့မှောက်တွင် တရားစီရင်ရေး၊ အမှုများတွင် ဥပဒေအရ ခုခံချေပခွင့်နှင့် အယူခံပိုင်ခွင့်ရရှိရေးဆိုတဲ့ တရားစီရင်ရေး မူများအတိုင်း ရပ်တည် လုပ်ဆောင်သွားဖို့ လိုပါတယ်” ဟု မတ်လ ၃၁ ရက်နေ့က နေပြည်တော် ရှိ နိုင်ငံတော်သမ္မတ ရုံးခန်းမဆောင်၌ ပြောကြားခဲ့သော မိန့်ခွန်းတွင် ထည့်သွင်း ပြောကြားခဲ့ပါသည်။
“ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့အစည်းများ အနေနဲ့ကလည်း ဥပဒေ စိုးမိုးရေးကို အကောင်အထည် ဖော်ရာမှာ ကျောသား၊ ရင်သားမခွဲခြားဘဲ လုပ်ဆောင်ဖို့ မိမိတို့ကိုယ်တိုင်ကလည်း တရားဥပဒေကို စံနမူနာပြ စောင့်ထိန်းဖို့လိုပါတယ်။ တရားရေး မဏ္ဍိုင်ကလည်း ဖြောင့်မတ်မှန်ကန်မယ်၊ ဥပဒေစိုးမိုးရေးဆိုင်ရာ အဖွဲ့ အစည်းများကလည်း ဥပဒေနဲ့အညီ ပြုမူကျင့်ကြံ လုပ်ကိုင်ကြမယ်ဆိုရင် ကျွန်တော်တို့နိုင်ငံမှာ တရားဥပဒေ စိုးမိုးပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီစနစ်ကို ကျင့်သုံးနိုင်မှာ ဖြစ်ပါတယ်”ဟုနိုင်ငံတော်သမ္မတကြီးက မိန့်ခွန်းတွင် ထည့်သွင်းပြောကြား ခဲ့ပါသည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအာဏာတည်ပြီးနောက် မူလ မှု၊ အယူခံမှု၊ ပြင်ဆင်မှုနှင့် အထွေ ထွေလျှောက်ထားမှုများကို ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ စီရင်ပိုင်ခွင့်ရှိသော ပြည်ထောင်စုတရား  လွှတ်တော်ချုပ်၊ တိုင်းဒေသကြီး သို့ မဟုတ် ပြည်နယ်တရားလွှတ်တော်  များနှင့် တရားရုံးများက ကြားနာစစ် ဆေးစီရင်ရမည်ဖြစ်ကြောင်း ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၆၂ တွင် ပြဋ္ဌာန်းထားပါသည်။
ပြည်ထောင်စု တရားလွှတ်တော်ချုပ်သည် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ  တိုင်းတရားရုံးများ၊ ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသတရားရုံးများ၊ ခရိုင်တရားရုံးများ၊ မြို့နယ်တရားရုံးများနှင့် ဥပဒေအရ တည်ထောင်သော အခြား တရားရုံးများက ပြစ်မှုဆိုင်ရာအမှု များနှင့်တရားမမှုများ စစ်ဆေးစီရင် နိုင်ရန်စီရင်ပိုင်ခွင့်များကို သတ်မှတ် ပေးရမည်ဖြစ်ကြောင်း ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအထွေထွေအခန်းပါ ပြဋ္ဌာန်းချက်များတွင် ဆိုထား ပါသည်။
ဖွဲ့စည်းပုံ အခြေခံဥပဒေ အာဏာ တည်သည့်နေ့၌ တည်ရှိနေသော တရားရုံးများသည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရတည်ထောင်သည့်တရား ရုံးများ မပေါ်ပေါက်မီ ဆက်လက်၍ တရားစီရင်ပိုင်ခွင့်အာဏာများ သုံး စွဲဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဆိုပါတရားရုံးများတွင် မပြီး မပြတ်ကျန်ရှိနေသေးသောတရားမမှု များ၊ ပြစ်မှုဆိုင်ရာအမှုများနှင့် အခွန်တော်အမှုများကို အမှုစတင် စစ်ဆေးစဉ်က ကျင့်သုံးသည့်ဥပဒေများ နှင့်အညီ ဆက်လက်စစ်ဆေး စီရင်ရမည်ဖြစ်ကြောင်း သိရသည်။
ထို့ပြင်ရှိရင်းစွဲ နည်းဥပဒေများ၊ ကျင့်ထုံးများ၊ လုပ်ထုံးလုပ်နည်းများ၊  အမိန့်ကြော်ငြာစာ၊ အမိန့်၊ ညွှန်ကြား ချက်နှင့် လက်စွဲများကို ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်သော် လည်းကောင်း၊ ပြည်ထောင်စု တရားစီရင်ရေးဥပဒေ နှင့်သော်လည်းကောင်း မဆန့်ကျင်သရွေ့ ဆက်လက်ကျင့်သုံးနိုင်ကြောင်း ပြည်ထောင်စု တရားစီရင်ရေးဥပဒေ တွင် ဆိုထားပါသည်။
တရားစီရင်ရေး စနစ်သစ်တွင် ပြည်ထောင်စု တရားသူကြီးချုပ် တစ်ဦးနှင့် ပြည်ထောင်စု တရားလွှတ်တော် ချုပ်တရားသူကြီး ခြောက်ဦး၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် တရားလွှတ်တော် တရားသူကြီးများ စုစုပေါင်း ၃၈ ဦး၊ တိုင်းဒေသကြီးနှင့် ပြည်နယ် တရားလွှတ်တော်တရား သူကြီးချုပ် ၁၄ ဦး စုစုပေါင်း ၅၉ ဦးနှင့် မြို့နယ်၊ ခရိုင်အဆင့် တရားသူကြီးများရှိမည် ဖြစ်ပါသည်။
“အခုတရားစီရင်ရေးစနစ်သစ် မှာ ပြန်ခန့်လိုက်တဲ့ တရားသူကြီးတွေထဲမှာ သိက္ခာသမာဓိနဲ့ ပြည့်စုံသူတွေ ပါနေတာတွေ့ရတယ်။ ဒါကြောင့် အရင်က ပြည်သူတွေရဲ့ယုံကြည်မှု အပြည့်အ၀မရဘဲ ယိုင်နဲ့ခဲ့ရတဲ့ ကျွန်တော်တို့ တိုင်းပြည်ရဲ့တတိယ မဏ္ဍိုင်ကို ပြန်လည် တည့်မတ်ပေးဖို့လည်း အားပေးတိုက်တွန်းပါတယ်” ဟု တရားစီရင်ရေး လောကအတွင်း ကျင်လည်ခဲ့သူ တရားရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် တစ်ဦးက တရား သူကြီးများအား အားပေးတိုက်တွန်း ခဲ့ပါသည်။
“အခု ဖွဲ့စည်းပုံ အခြေခံဥပဒေ က ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးဆိုတဲ့ အာဏာသုံးရပ် ကို ပိုင်းခြားသုံးစွဲဖို့ ပြဋ္ဌာန်းထားတာ တွေ့ရတယ်။ တရားသူကြီးတွေက လည်း လုပ်ငန်းကျွမ်းပြီး လာဘ်ပေး လာဘ်ယူကင်းမယ်။ အုပ်ချုပ်ရေး အာဏာကလည်း တရားစီရင်ရေးမှာ ၀င်မစွက်ဘူးဆိုရင် ပြည်သူတွေ အားကိုးတဲ့ တရားစီရင်ရေးဖြစ်လာမှာပါ” ဟု အမှုရင်ဆိုင်နေရသူတစ်ဦးက သူ၏အမြင်ကို သုံးသပ်ခဲ့ပါသည်။
၂၀၀၀ ပြည့်နှစ် တရားစီရင်ရေး ဥပဒေပုဒ်မ ၇ တွင် ပြဋ္ဌာန်းထားသည်  မှာ တရားရုံချုပ်က မူလစီရင်ပိုင်ခွင့်  အာဏာကို ကျင့်သုံး၍ အပြီးသတ် စီရင်ထားသော အမှုကိုဖြစ်စေ၊ တရားရုံးတစ်ရုံးရုံး၏ အပြီးအပြတ် ဆုံးဖြတ်ချက်အပေါ် တရားရုံးချုပ်က အပြီးသတ် စီရင်ထားသော အမှုကို ဖြစ်စေ အထူးခုံရုံးကလုပ်ထုံးလုပ် နည်းများနှင့်အညီ အထူးအယူခံဝင် ခွင့်ပြုပြီးပါက တရားသူကြီးချုပ်၊ ဒုတိယ တရားသူကြီးချုပ်နှင့် တရား ရုံးချုပ်တရားသူကြီးတစ်ဦး စုစုပေါင်း  သုံးဦး သို့မဟုတ် တရားသူကြီးချုပ် နှင့် တရားရုံးချုပ်တရားသူကြီးနှစ်ဦး စုစုပေါင်း သုံးဦး သို့မဟုတ် ဒုတိယ တရားသူကြီးချုပ်နှင့် တရားရုံးချုပ် တရားသူကြီးနှစ်ဦး စုစုပေါင်း သုံးဦး ပါဝင်သော အထူးအယူခံခုံရုံးဖြင့် ပြန်လည်စစ်ဆေး စီရင်နိုင်ကြောင်း ပြဋ္ဌာန်းထားပါသည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၁၉ တွင် ပြဋ္ဌာန်းထားသည်မှာ ပြည်ထောင်စုတရား လွှတ်တော်ချုပ်က မူလစီရင်ပိုင်ခွင့်အာဏာ ကို ကျင့်သုံး၍ဖြစ်စေ၊ အယူခံမှုစီရင် ပိုင်ခွင့်အာဏာကို ကျင့်သုံး၍ဖြစ်စေ၊ ပြင်ဆင်မှုစီရင်ပိုင်ခွင့် အာဏာကို ကျင့်သုံး၍ဖြစ်စေ အပြီးသတ်ချမှတ်သော စီရင်ချက်၊ ဒီကရီ သို့မဟုတ် အမိန့်ကို လုပ်ထုံးလုပ်နည်းများ နှင့်အညီ အထူး အယူခံဝင်ခွင့် ပြုနိုင်သည်ဟူ၍ ပြဋ္ဌာန်း ထားပါသည်။
၂၀၀၀ ပြည့်နှစ်တရားစီရင်ရေး ဥပဒေပုဒ်မ ၈ တွင် ပြဋ္ဌာန်းထားသည်မှာ အထူးအယူခံခုံရုံးဖြင့် စစ်ဆေး စီရင်ထားသည့် အမှုမှအပ တရားရုံးချုပ် က စစ်ဆေးစီရင်ထားသည့် မည်သည့်  အမှုကိုမဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာတစ်ရပ်ရပ် ပေါ်ပေါက်သည်ဟု တရားသူကြီးချုပ်က မိမိသဘောအရ ထင်မြင်ယူဆလျှင် ထိုပြဿနာကို အထူးအယူခံခုံရုံးဖြင့် ပြန်လည်စစ်ဆေး စီရင်စေနိုင်ကြောင်း ပြဋ္ဌာန်းခဲ့သည်။
ပြည်ထောင်စု တရားစီရင်ရေး ဥပဒေပုဒ်မ ၂၀ တွင် ပြဋ္ဌာန်းထားသည်မှာ အထူးအယူခံခုံရုံး သို့မဟုတ်   စုံညီခုံရုံးဖြင့် စစ်ဆေးစီရင်ထားသည့် အမှုမှအပ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က အပြီးသတ်စစ်ဆေးစီ  ရင်ထားသည့် မည်သည့်အမှုကိုမဆို အများပြည်သူအကျိုးငှာ အရေးယူလောက်သော ပြဿနာတစ်ရပ်ရပ် ပေါ်ပေါက်သည်ဟု ပြည်ထောင်စု တရားသူကြီးချုပ်က မိမိသဘောအရ ထင်မြင်ယူဆလျှင် ထိုပြဿနာ ကို အထူးအယူခံခုံရုံး သို့မဟုတ် စုံညီ ခုံရုံးဖြင့် ပြန်လည်စစ်ဆေး စီရင်စေနိုင်ကြောင်း သိရှိရသည်။
တရားစီရင်ရေး စနစ်သစ်အတွက် ခန့်ထားပြီးသော ပြည်ထောင်စု တရားသူကြီးချုပ်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦးထဲမှ သုံးဦး၊ တိုင်းဒေသ ကြီးနှင့် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်များ အားလုံးသည် ယခင်တရားရေး ၀န်ထမ်းများအားလုံးပင် ဖြစ်နေကြောင်း တရားရေးလောကမှ တရားရေးဝန်ထမ်းဟောင်း အချို့က ပြောကြားခဲ့သည်။
တရားစီရင်ရေး စနစ်သစ်၏ ပြည်ထောင်စု တရားသူကြီးချုပ်    ဦးထွန်းထွန်းဦးသည် ယခင်တရား စီရင်ရေးစနစ်၌ ဒုတိယတရားသူကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ကြောင်း၊ တရားစီရင်ရေးစ နစ်သစ်၏ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ခြောက်ဦးထဲ မှ ဦးစိုးညွန့်သည်  ယခင်တရားစီရင် ရေး၏ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား တစ်ဦးဖြစ်ကြောင်း၊ ဦးမြသိမ်းသည် ရန်ကုန်တိုင်း တရားသူကြီး အငြိမ်းစားဖြစ်ကြောင်း၊ ဦးမြင့်အောင်သည် တိုင်းတရားသူကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ တစ်ဦးဖြစ်ကြောင်း တရားရေးလောကမှ သိရသည်။
လာဘ်ပေးလာဘ်ယူမှု အဂတိ လိုက်စားမှုများ ပြုလုပ်သည့် တရားသူကြီးအချို့အား ဥပဒေနှင့်အညီ ထိ ရောက်သောပြစ်ဒဏ်များ ချမှတ်ခဲ့ရခြင်းကြောင့် တရားသူကြီးများသည် အဂတိတရားကင်းရှင်းပြီး ကိုယ်ကျင့် သီလစင်ကြယ်သည့် ပုဂ္ဂိုလ်များ ဖြစ်ရေး ကြိုးစားကြရန် လိုကြောင်း  ၂၀၀၉ ခုနှစ် မေလ ၁၂ ရက်နေ့ မွန်းလွဲ ၃ နာရီက နေပြည်တော်ရှိ တရားရုံးချုပ် အစည်းအဝေးခန်းမ၌ ကျင်းပသည့် တရားရုံးချုပ်နှင့် ပြည် နယ်/တိုင်း တရားသူကြီးများ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ နိုင်ငံတော် ၀န်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းလုပ်ငန်းညှိနှိုင်း အစည်းအဝေး၌ပင် နိုင်ငံတော်ဝန်ကြီးချုပ် က “တရားစီရင်ရေး စနစ်ကိုလည်း ပြည်သူများ အားကိုးယုံကြည်သော စနစ်ဖြစ်လာအောင် မိမိတို့ ပြုပြင် ထူထောင် သွားရမည်ဖြစ်ကြောင်း၊ အားနည်းချက်၊ ချို့ယွင်းချက်များကို ယေဘုယျခြုံငုံပြီး စိစစ်လျှင် စနစ်၊ ကျင့်ဝတ်၊ လုပ်ထုံးလုပ်နည်းတို့၏ မပြည့်စုံ အားနည်းမှုကြောင့် မဟုတ်ဘဲ လူပုဂ္ဂိုလ်ဆိုင်ရာ အားနည်းချို့ ယွင်းချက်များကြောင့် ဖြစ်သည်ကို တွေ့ရကြောင်း၊ သို့သော်အချို့သော အားနည်းချက်များသည် ပုဂ္ဂိုလ် တစ်ဦးချင်း၏ အကျင့်သိက္ခာနှင့် မဆိုင်ဘဲ လုပ်ငန်းဆိုင်ရာ မကျွမ်း ကျင်မှု၊ မသေသပ်မှု၊ ပေါ့လျော့မှု၊ စည်းကမ်းမကျမှုမျိုးများ တွေ့ရခြင်းကြောင့် အဆင့်ဆင့်သော တရားသူကြီးများကို စနစ်တကျ သွန်သင်လေ့ကျင့် ပျိုးထောင်ပေးရန် လိုအပ်ကြောင်း၊ တရားရုံးများက ချမှတ်လိုက်သည့် စီရင်ဆုံးဖြတ်ချက်များသည် အဂတိ လိုက်စားမှုကင်းရှင်းသော စီရင်ဆုံး ဖြတ်ချက်များဖြစ်ရန်နှင့် မေတ္တာဖြင့် ယှဉ်သောသွန်သင်ဆုံးမမှု၊ ပညာပေးမှု မျိုးဖြစ်စေရန် အမြဲဂရုပြုသင့်ကြောင်း” ဟု ပြောကြားခဲ့ပါသည်။
တရားစီရင်ရေး စနစ်သစ်အတွက် ခန့်ထားပြီးသော တရားသူကြီးအများစုသည် လူမပြောင်းသော်လည်း ပြောင်းလဲထားသည့် တရားစီရင်ရေးမူအသစ်နှင့် ကိုက်ညီပြီး အဂတိတရား ကင်းရှင်းရန်၊ လုပ်ငန်းကျွမ်းကျင်ရန် သိက္ခာသမာဓိနှင့် ပြည်စုံရန် တရား ရင်ဆိုင်နေရသော ပြည်သူများက မျှော်လင့်လျက်ရှိကြပါသည်။
“တရားစီရင်ရေးမှာ တကယ် နစ်နာတဲ့သူက တရားစွဲတာတောင် အပြစ်မပေးရုံမက တရားစွဲတဲ့သူတွေ တောင် တရားခံဖြစ်အောင် ဥပဒေကို လက်တစ်လုံးခြားလုပ်ပြီး အဂတိ တရားလိုက်စားတာတွေရှိခဲ့ပါတယ်။  အခုသမ္မတက ရွေးချယ်ခန့်ထားတဲ့ ပြည်ထောင်စု တရားသူကြီးတွေဟာ သက်ဆိုင်ရာ တရားစီရင်ရေးနယ်ပယ် မှာ ဂုဏ်သတင်းကောင်း ရှိသူတွေဖြစ်တဲ့အတွက် သမ္မတကြီးပြောတဲ့အတိုင်း တရားစီရင်ရေး စနစ်သစ်ကို တည့်မတ် ပေးနိုင်ရင် ပြည်သူလူထုက တရား စီရင်ရေးကို အားထားလာမှာပါ
“ဟု ဂျာနယ်လစ်တစ်ဦးက သုံးသပ်ပါသည်။
တရားစီရင်ရေး စနစ်သစ်အတွက် ခန့်ထားပြီးသော တရားသူကြီးများ သည် သိက္ခာသမာဓိနှင့်ပြည်စုံသူများ ဖြစ်သည်ကို ၎င်းတို့၏လုပ်ရပ်များ ဖြင့် သက်သေပြလာမည်ဆိုပါက တရားစီရင်ရေးစနစ်သစ် ဖြောင့်မတ် မှန်ကန်ပိုမို တိုးတက်စေရေးတရားရေး နှင့် ဆက်နွှယ်သူများဖြစ်သည့်ရှေ့နေ များ၊ ဥပဒေ၀န်ထမ်းများ၊ ရဲတပ်ဖွဲ့ ၀င်များ၊ အမှုသည်များ၊ တရားစီရင် ရေးကို အဆိုးအကောင်း ဝေဖန်ရေးသား ပေးမည့် မီဒီယာများအနေဖြင့် တတ်နိုင်သည့်ဘက်မှ အားပေးကူညီ သွားကြရန် တရားရင်ဆိုင်နေရသူ ပြည်သူများ မျှော်လင့်ယုံကြည်လျက် ရှိသည်ဟု တရားရင်ဆိုင်နေရသော ပြည်သူများထံမှ သိရှိရပါသည်။

မြန်မာနိုင်ငံတွင်တရားစီရင်ရေး စနစ်သစ် စပြီဆိုပေမဲ့ မတရားထောင်ထဲအကျင်းကြနေတဲ့ နိုင်ငံရေးအကျင်းသားများကိုတော့ လွတ်ပေးရန်လမ်းမမြင်ကချင်ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးတူးဂျာ (ကချင်ပြည်နယ်တရားရုံးမှ ပြည်နယ်တရားသူကြီး)
တရားသူကြီးများ          ဦးဇော်ဝင်း (ကယားပြည်နယ်တရားရုံးမှ ပြည်နယ်တရားသူကြီး)၊ ဒေါ်ပြုံးပြုံးအေး (မန္တလေးတိုင်းဒေသကြီးတရားရုံးမှ တွဲဖက်တိုင်းဒေသကြီးတရားသူကြီး)
 ကယားပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးတင်ဝင်း (တရားရုံးချုပ်(မန္တလေး) ညွှန်ကြားရေးမှူး)
တရားသူကြီးများ          ဦးကျော်လင်းမောင် (နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးမှညွှန်ကြားရေးမှူး) ဒေါ်သန်းသန်းအေး (ရန်ကုန်တိုင်းဒေသကြီးတရားရုံးမှ တွဲဖက်တိုင်းဒေသကြီး တရားသူကြီး)
 ကရင်ပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးစောစံလင်း (ကရင်ပြည်နယ်တရားရုံးမှ ပြည်နယ်တရားသူကြီး)
တရားသူကြီးများ          ဦးသိန်းကိုကို (ရှမ်းပြည်နယ်အရှေ့ပိုင်းတရားရုံးမှ ပြည်နယ်တရားသူကြီး)၊ ဒေါ်ခင်ဆွေထွန်း (ရန်ကုန်တိုင်းဒေသကြီးတရားရုံးမှ တွဲဖက်တိုင်းဒေသကြီး တရားသူကြီး)
 ချင်းပြည်နယ်တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးဝင်းမြင့်ကျော်(တရားရုံးချုပ်ရန်ကုန်မှ တွဲဖက်ညွှန်ကြားရေးမှူး)
တရားသူကြီးများ          ဦးလှတင်(တရားရုံးချုပ်မန္တလေးမှ ညွှန်ကြားရေးမှူး)၊ ဦးမြင့်သိန်းထွန်း (မော်လမြိုင် ခရိုင်တရားရုံးမှ ခရိုင်တရားသူကြီး)
 စစ်ကိုင်းတိုင်းဒေသကြီးတရားလွှတ်တော်
တရားသူကြီးချုပ်          ဦးစန်းကို (တရားရုံးချုပ်ညွှန်ကြားရေးမှူး အငြိမ်းစား)
တရားသူကြီးများ          ဦးမျိုးမောင် (စစ်ကိုင်းတိုင်းဒေသကြီးတရားရုံးမှ တိုင်းဒေသကြီးတရားသူကြီး)၊ ဦးဝင်းမြင့် (မွန်ပြည်နယ်တရားရုံးမှ ပြည်နယ်တရားသူကြီး)
 တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးမြင့်ဝင်း (တရားရုံးချုပ်(မန္တလေး)မှ ညွှန်ကြားရေးမှူး)
တရားသူကြီးများ          ဦးတင်အောင် (တနင်္သာရီတိုင်းဒေသကြီး တရားရုံးမှတိုင်းဒေသကြီး တရားသူကြီး)၊ ဒေါ်ညွန့်ညွန့်ဆွေ (ဧရာဝတီတိုင်း ဒေသကြီးတရားရုံးမှ တွဲဖက်တိုင်းဒေသကြီး တရားသူကြီးအငြိမ်းစား)
 ပဲခူးတိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးမောင်မောင်ရွှေ (ပဲခူးတိုင်းဒေသကြီးတရားရုံးမှ တိုင်းဒေသကြီးတရားသူကြီး)
တရားသူကြီးများ          ဦးကြည်သိန်း (ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်းတရားရုံးမှ တိုင်းဒေသကြီး တရားသူကြီးအငြိမ်းစား)၊ ဦးတင်ဟုန်(ခ)ဦးယုကျုံး (တရားရုံးချုပ်(မန္တလေး)မှ တွဲဖက်ညွှန်ကြားရေးမှူး)
 မကွေးတိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးစိန်ထွန်း (မကွေးတိုင်းဒေသကြီးတရားရုံးမှ တိုင်းဒေသကြီးတရားသူကြီး)
တရားသူကြီးများ ဦးမြင့်သိန်း (တရားရုံးချုပ်မှညွှန်ကြားရေးမှူး)၊ ဒေါ်နုယဉ် (မန္တလေးတိုင်းဒေသကြီး တရားရုံးမှ တွဲဖက်တိုင်းဒေသကြီး တရားသူကြီး)
 မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်
တရားသူကြီးချုပ်          ဦးစိုးသိန်း (ရှမ်းပြည်နယ်တရားရုံးမှ ပြည်နယ်တရားသူကြီး)
တရားသူကြီးများ          ဒေါ်လှလှရီ (ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှ တွဲဖက်တိုင်းဒေသကြီး တရားသူကြီး)၊ ဒေါ်တင်နွယ်ဝင်း၊ ဒေါ်ကြင်သောင်း(ခ)ဒေါ်လေးလေးမွန် (ရန်ကုန်တိုင်းဒေသကြီး တရားရုံးမှ တွဲဖက်တိုင်းဒေသကြီ