Pages

Sunday, May 1, 2011

နေတိုးလေကြောင်း တိုက်ခိုက် မှု တွင် ကဒါဖီ ၏ အငယ်ဆုံးသား သေဆုံး



15
1
 
မဲပေးပါ


နေတိုး လေကြောင်း တိုက် ခိုက်မှု အတွက်း သေဆုံး သွား သည့် ကဒါဖီ ၏ သား
Updated နေတိုးတပ် ဖွဲ့  ၏ လေကြောင်း တိုက် ခိုက်မှု အတွင်း ကဒါဖီ ၏ အငယ် ဆုံးသား တစ်ဦး ဖြစ်
သူ Saif Al Arab Gadaffi နှင့် ကဒါဖီ ၏ မြေးသုံး ဦး သေဆုံး သွားခဲ့ပြီး သူ၏ သူငယ် ချင်း
အချို့ သေဆုံးကာ ဆွေမျိုး သားချင်း အချို့  ဒဏ်ရာ အပြင်းအထန် ရရှိ သွား သည် ဟု သတင်း
ရရှိသည်။
ကဒါဖီ သည် ယမန် နေ့ က အပစ် အခတ် ရပ်စဲရန် တောင်းဆိုး ခဲ့ သော်လည်း နေတိုး နှင့်
လစ်ဗျား လက်နက် ကိုင် ဒီမိုကရေစီ လိုလားသည့် အဖွဲ့ များ က ကဒါဖီ သည် ကတိတည်
သူ မဟုတ် ဟု ဆိုကာ ပယ်ချ ခဲ့သည်။
ပြင်းထန် သည့် လေကြောင်း တိုက် ခိုက်မှု အတွင်း ကဒါဖီ သည် ၎င်း ၏ သားဖြစ်သူ အိမ်
တွင် ရောက် ရှိ နေသော် လည်း ထိခိုက် ဒဏ်ရာ ရရှိမှု့ မရှိ ဘူး ဟု အယ်(လ)ဂျာ
ဇီးယား ရုပ်သံ တွင် ဖော်ပြထား သည်။
ကဒါဖီ ကို ပစ် မှတ် ထား သည့် တိုက် ခိုက် မှု သည် နိုင်ငံ တကာ ဥပဒေ များ ကို ချိုးဖောက်
ပြီး တရား ၀င် မှု မရှိ ဟု ကဒါဖီ ၏ ပြောခွင့်ရ မူဆာ အီဘရာ ဟင် က ပြောသည်။
ကဒါဖီ ၏ သားသည် ထရီ ပို လီ မြို့ လည် ရှိ လူချမ်းသာများ နေသည့် ရပ် ကွက် တွင် နေထိုင်
သည်။ ၎င်း သည် အသက် ၂၉ နှစ် အရွယ် ရှိပြီး ဂျာမဏီ နိုင်ငံ မြူးနစ် မြို့ တွင် ပညာ သင်ကြား
ခဲ့သူ တစ်ဦး ဖြစ်သည်။
လစ်ဗျား ပြည်သူများ က ဖေဖော်ဝါရီလ ၁၃ ရက်နေ့ မှ စပြီး ဒီမိုကရေစီ ရေး နှင့် လွတ်မြောက်
ရေ့း တောင်း ဆိုမှု များ အတွင်း ကဒါ ဖီ သည် ပြည်သူ သုံးသောင်း ကျော် ကို သတ်ဖြတ် ခဲ့ပြီး
ဖြစ်သည်။
ကဒါဖီ ၏ မွေးစား သမီး တစ်ဦး သည် ၁၉၈၆ ခု နှစ် အမေရိကန် ၏ လေကြောင်း တိုက် ခိုက်မှု
တွင် သေဆုံးသွားခဲ့သည်။