Pages

Wednesday, May 4, 2011

အိုင်ဗရီကို့စ် သမ္မတသစ် သမ္မတနန်းတော်သို့ ပထမဆုံးအကြိမ် သွားရောက်



PDF Print
Wednesday, 04 May 2011 15:30
AddThis Social Bookmark Button
ဒုတိယအကျော့ ရွေးကောက်ပွဲ အပြီး ပဋိပက္ခများ စတင် ဖြစ်ပေါ်ခဲ့ပြီးနောက် ငါးလအကြာတွင် အိုင်ဗရီကို့စ် သမ္မတသစ် အိုတာရာ သည် ဧပြီ ၂၈ ရက်နေ့က သမ္မတ နန်းတော်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့သည်။
ရွေးကောက်ပွဲတွင် ရှုံးနိမ့်ကြောင်း လက်ခံရန် ဘက်ဘိုက ငြင်းဆိုခဲ့သည့် နိုဝင်ဘာ ၂၈ ရွေးကောက်ပွဲ ပြီးကတည်းက အိုတာရာသည် ဟိုတယ်တစ်ခုတွင် ပုန်းအောင်းနေခဲ့ရသည်။ ၎င်း၏အိမ်ရှိ မြေအောက်ဘန်ကာ တစ်ခုတွင် ခိုလှုံနေပြီးနောက် ဘက်ဘိုသည် ဧပြီ ၁၁ ရက်တွင် ကုလသမဂ္ဂနှင့် ပြင်သစ်တပ်ဖွဲ့များ၏ အဆက်မပြတ် ပစ်ခတ်မှုများ ခံရပြီးနောက် နောက်ဆုံးတွင် အိုတာရာ တပ်ဖွဲ့ဝင်များ၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အိုတာရာသည် နောက်ဆုံးတွင် မြို့တော်အဘစ်ဂျန်ရှိ သမ္မတနန်းတော်တွင် ခြေချနိုင်ခဲ့ပြီး လာမည့်လ၌ သမ္မတအဖြစ် ကျမ်းသစ္စာကျိန်ဆိုမည်ဟု ပြောကြားခဲ့သည်။ ၎င်း၏တပ်ဖွဲ့ဝင်များက အဘစ်ဂျန်ရှိ ပြည်သူစစ် ခေါင်းဆောင်တစ်ဦးကို သတ်ဖြတ်ပြီး နောက်တစ်ရက်အကြာတွင် သမ္မတ နန်းတော်သို့ အိုတာရာ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။
နန်းတော်သည် ပြင်ဆင်ရန် လိုအပ်မှု များစွာရှိနေကြောင်း ပျက်စီးမှုများမှာ နှမြောစရာကောင်းကြောင်း အိုတာရာက ပြောကြားခဲ့သည်။