Pages

Wednesday, May 4, 2011

အိုစမာဘင်လာဒင်၏ ရုပ်အလောင်းဓာတ်ပုံ အတု ဖြစ်နေ


PDF Print
Wednesday, 04 May 2011 14:09
AddThis Social Bookmark Button

b4509
ဘင်လာဒင်မူရင်းပုံ၊ ရုပ်အလောင်းပုံတစ်ပုံ၊ ပေါင်းပြီးပြုပြင်ထားသည့်ပုံ
အိုစမာဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို ပါကစ္စတန် ရုပ်သံတစ်ခုက ထုတ်လွှင့်ခဲ့ရာ ဗြိတိန် သတင်းဝက်ဘ်ဆိုက်များက ကူးယူဖော်ပြခဲ့သော ယင်းဓာတ်ပုံသည် အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိနေပြီး ဘင်လာဒင် ရုပ်ဓာတ်ပုံ အစစ် မဟုတ်ပေ။
နောက်ဆုံးပေါ်ထွက်ခဲ့သော သူ၏ ဓာတ်ပုံတွင် မုတ်ဆိတ်များ ဖြူနေခဲ့သော်လည်း ယခုဓာတ်ပုံတွင် ဘင်လာဒင်သည် မုတ်ဆိတ်များ မည်းနေသည်။ သွေးသံရဲရဲနှင့် ဆံပင်ဖုန်အလိမ်းလိမ်း၊ မျက်လုံးတစ်ဝက်ပွင့်နေသော ဘင်လာဒင် ရုပ်အလောင်းဓာတ်ပုံကို အင်တာနက်တွင် ပျံ့နှံ့နေသည်မှာ နှစ်နှစ်ခန့် ရှိပြီ ဖြစ်သည်။
၂၀၀၉ ခုနှစ် ဧပြီ ၂၉ ရက်နေ့က themedialine.org အွန်လိုင်းသတင်းစာတွင် ယင်းဓာတ်ပုံ အတုကို ကနဦး ဖော်ပြခဲ့ပြီး အယ်ဒီတာ က ဓာတ်ပုံသည် အစစ်ဟုတ်မဟုတ်ကို အာမမခံနိုင်ကြောင်း သတိပေးချက် အဖြစ် ဖော်ပြခဲ့သည်။  ယင်းဓာတ်ပုံသည် ၁၉၉၈ ခုနှစ်က ရိုက်ကူးခဲ့ပြီး ရိုက်တာသတင်းအေဂျင်စီက အသုံးပြုခဲ့သော ဘင်လာဒင် ဓာတ်ပုံအစစ်ကို အခြေခံကာ ပြုပြင်ထားသော ဓာတ်ပုံ ဖြစ်သည်။ ပါကစ္စတန် ရုပ်သံလိုင်းများက ယင်းဓာတ်ပုံထုတ်လွှင့်မှုအား ပြန်လည် ရုပ်သိမ်းခဲ့ကြသည်။