Pages

Friday, May 13, 2011

ဒေါ်အောင်ဆန်းစုကြည် တိုင်း နှင့် ပြည်နယ် ခရီး စဉ် များ ကို မကြာ ခင် စတင် တော့ မည်


မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သည် နိုင်ငံ အနှံ မှ တိုင်း ရင်း သား
သွေးချင် များ နှင့် တွေ့ ဆုံ နိုင်ရန် အတွက် သူမ၏ တိုင်း နှင့် ပြည်နယ် ခရီး စဉ် များ ကို မကြာ
ခင် စတင် တော့ မည် ဟု အမျိုးသား ဒီမိုကရေစီ သတင်း ရပ်ကွက် ကို ကိုးကား ပြီး ၂၀၀၇ မျိုး
ဆက် ကျောင်းသား တစ်ဦးက FNG သို့ ပြောသည်။
၂၀၀၃ ခုနှစ် မေလ ဒီပဲယင်း လုပ်ကြံမှု နောက် ပိုင်း စစ်အစိုးရက ဖမ်းဆီး ထိမ်းသိမ်းကာ နေအိမ်
အကျယ်ချုပ် ချပြီး နောက် သူမ၏ ပထမ ဦးဆုံး နယ်ခရီးစဉ် လည်း ဖြစ်သည်။  ရန်ကုန် တိုင်း
အတွင်း စည်းရုံး လှုပ်ရှားမှု များ ကို ၂၀၁၀ ခုနှစ် နိုဝင်ဘာလ  ၁၃ ရက် နေအိမ် အကျယ် ချုပ် မှ
ပြန်လည် လွတ်မြောက် လာကတည်းက လှုပ်ရှား ခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည် သည် စစ်အစိုးရက ဖမ်းဆီးထားသည့် နိုင်ငံရေး အကျဉ်းသား များ ပြန်
လည် လွတ်မြောက်ရေး အတွက် လက်မှတ် ရေး ထိုး လှုံဆော် မှု တွင် ပြည်သူများ တစ်တပ် တစ်အား
ပါဝင်ရန် တိုက်တွန်း နှိုးဆော် ထားသည်။
ယခင်က ဒေါ်အောင်ဆန်းကြည်၏ နယ်စည်ရုံးရေး ခရီးစဉ် များ တွင် စစ်အစိုးရက နည်း မျိုး စုံဖြင့်
အနှောင့် အယှက် ပေး ခဲ့ဖူးသည်။