Pages

Wednesday, May 11, 2011

လစ်ဗျား တိုက်ခိုက်ရေးသမားများကို အီတလီ လက်နက်ထောက်ပံ့မည်

PDF Print
Wednesday, 11 May 2011 22:02
AddThis Social Bookmark Button
အီတလီက လက်နက်ထောက်ပံ့ပေးရန် သဘောတူညီလိုက်သည်ဟု လစ်ဗျားခေါင်းဆောင် ကဒါဖီကို ဖြုတ်ချရန် တိုက်ခိုက်နေသော တိုက်ခိုက်ရေးသမားများက မေ ၇ ရက်နေ့တွင် ထုတ်ဖော်ပြောကြားသည်။ သို့သော်လည်း ၎င်းသတင်းကို အီတလီက ငြင်းဆိုခဲ့သည်။ မကြာမီ အချိန်အတွင်း အီတလီက တိုက်ခိုက်ရေးသမားများကို လက်နက်များ ပေးအပ်မည် ဖြစ်ကြောင်း ဘင်ဂါဇီ မြို့၌ ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တစ်ခုတွင် အသွင်ကူးပြောင်းရေး အမျိုးသားကောင်စီ ပြောခွင့်ရ ပုဂ္ဂိုလ် အက်ဘ်ဒဲလ်ဟာဖစ်ဂိုဂါက ပြောကြားခဲ့သည်။
တိုက်ခိုက်ရေးသမားများကို လက်နက်များ ပေးအပ်ရန် အီတလီက သဘောတူညီခဲ့သည် ဆိုသည့် အစီရင်ခံမှုများနှင့် ပတ်သက်၍ အတည်ပြုရန် တောင်းဆိုသောအခါ အီတလီနှင့်သဘောတူညီမှု ရရှိပြီး ဖြစ်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိများက အတည်ပြုခဲ့ခြင်း ဖြစ်သည်ဟု ဂိုဂါက ပြောကြားခဲ့သည်။ အီတလီက လက်နက်များ ထောက်ပံ့မည် ဖြစ်ကြောင်း တိုက်ခိုက်ရေးသမားများဘက်မှ စစ်အရာရှိများသည် ရောမသို့ နှစ်ကြိမ် သွားရောက်ခဲ့ပြီး မကြာမီ လက်နက်များ ရရှိမည် ဖြစ်ကြောင်း ဂိုဂါက ထပ်မံ ပြောကြားခဲ့သည်။
ရောမရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကမူ ယင်းကဲ့သို့ သဘောတူညီချက်မျိုး မရရှိသေးကြောင်း ရိုက်တာသို့ ပြောကြားခဲ့သည်။ အီတလီသည် လစ်ဗျားတိုက်ခိုက်ရေးသမားများကို အပြည့်အ၀ ကူညီလျက် ရှိပြီး
အသွင်ကူးပြောင်းရေး ကောင်စီအား လစ်ဗျား၏ တရားဝင် ကိုယ်စားလှယ်များ အဖြစ် အသိအမှတ် ပြုထားသည်။