Pages

Tuesday, May 17, 2011

သိန်းစိန်ကသူတို့ ရဲ့ ဖွတ်ပါတီဝင်ရရှိရေးအတွက်မုဒိမ်းမှု ခိုးမှု ခါးပိုက်နှိုက်မှု စတဲ့ အကျင့်စရိုက် မကောင်းလို့ ထောင်ကျနေတဲ့ သူတွေထောင်မှလွတ်ပေးပြီးပါတီဝင်ခိုင်း



PDF Print
Wednesday, 18 May 2011 03:21
AddThis Social Bookmark Button
471
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ဗဟို အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်းသားဦးရေ ၆၀၀၀၀ ကျော်ရှိသည့်အနက်မှ ၁၄၆၀၀ ကျော် ကို သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့် အဖြစ် မေလ ၁၇ ရက်နေ့တွင် လွှတ်ပေးခဲ့ကြောင်း သိရှိရသည်။
နိုင်ငံတော်သမ္မတ၏ လွတ်ငြိမ်း ချမ်းသာခွင့်အဖြစ် လွှတ်ပေးခဲ့သော အကျဉ်းသားများတွင် နှစ်ကြီး အကျဉ်းသားအချို့အပြင် ပြစ်မှု အသေးစား အကျဉ်းသားများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။
ပြည်ထဲရေးဝန်ကြီးဌာန၊ အကျဉ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဝင်းက “နိုင်ငံတော် သမ္မတရဲ့အမိန့်မှာ ပါတဲ့အတိုင်း အကျဉ်းကျခံနေရတဲ့ အကျဉ်းသားတိုင်းကို တစ်နှစ်လျှော့ရက်ပေးပြီး လွှတ်ပေး နေတာဖြစ်ပါတယ်။ ချုပ်ရက်ကာလ တစ်နှစ်အကျုံးဝင်တဲ့သူတိုင်း ဒီနေ့ လွှတ်ပေးတယ်။ ချုပ်ရက် တစ်နှစ်နဲ့ တစ်ရက်ကျန်တဲ့သူက မနက်ဖြန်လွတ်မယ်။ သမ္မတရဲ့ လွတ်ငြိမ်းချမ်းသာခွင့်က ထောင်ဒဏ် ကျခံနေရတဲ့သူတိုင်းမှာ အကျုံးဝင်တဲ့အတွက် အားလုံးကို နေ့စဉ်လွှတ်သွားမှာ ဖြစ်ပါ တယ်”ဟု ပြောကြားခဲ့သည်။
471a
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ဗဟို အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
ထို့အပြင် နိုင်ငံရေးအကျဉ်းသားများနှင့် ပတ်သက်၍ ၎င်းက”ကျွန်တော်တို့ဆီမှာတော့ နိုင်ငံရေး အကျဉ်းသားဆိုပြီး သီးခြားသတ်မှတ်ထားတာ မရှိပါဘူး။ ဥပဒေအရ သတ်မှတ်ထားတဲ့ ၅(ည) တို့၊ ၁၇(၁) တို့နဲ့ ကျခံနေရတဲ့ အကျဉ်းသားတွေလည်း တချို့ပါပါတယ်။ အတိအကျတော့ စာရင်းတွက်ချက်မှုတွေ လုပ်နေပါ တယ်။ သမ္မတရဲ့လွတ်ငြိမ်းချမ်းသာခွင့်အရ သေဒဏ်ကနေ တစ်သက် တစ်ကျွန်း ပြောင်းသွားတာ ၃၄၈ ဦး ရှိပါတယ်။ အများဆုံးက ရန်ကုန်တိုင်း ဒေသကြီးနဲ့ မန္တလေးတိုင်းဒေသကြီး က ဖြစ်ပါတယ်”ဟု ထပ်မံပြောကြား ခဲ့သည်။

ထို့ပြင် အင်းစိန်အကျဉ်းထောင် မှ မေလ ၁၇ ရက်နေ့တွင် အကျဉ်း သားဦးရေပေါင်း ၂၅၀၀ ၀န်းကျင်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ ထိုသို့လွှတ်ပေးခြင်းသည် အင်းစိန် အကျဉ်းထောင်၏ ပထမအသုတ်အဖြစ် လွှတ်ပေးခြင်းဖြစ်ကြောင်း၊ ကျန်ရှိ နေသူများကိုလည်း အဖွဲ့ချင်းစီအလိုက် စိစစ်မှုများပြုလုပ်ကာ နောက်ရက်များတွင် ထပ်မံလွှတ်ပေးသွားရန် အစီအစဉ်ရှိကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအပြင် နယ်အကျဉ်းထောင်များရှိ လွတ်ငြိမ်းချမ်းသာခွင့်ရ အကျဉ်းသားများကိုလည်း မေလ ၁၇ ရက် နေ့တွင် တစ်ပြိုင်နက် လွှတ်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယခုကဲ့သို့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွှတ်ပေး လိုက်သူများအား အကျဉ်းဦးစီးဌာန မှ လမ်းစရိတ်ကျပ် ၁၀၀၀ စီ ပေးခဲ့ကြောင်း သိရသည်။
471b
လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အင်းစိန်ဗဟို အကျဉ်းထောင်မှ လွတ်မြောက်လာသူများကို မေလ ၁၇ ရက်နေ့က တွေ့ရစဉ်
လက်ရှိအချိန်တွင် မြန်မာ တစ်နိုင်ငံလုံးရှိ အကျဉ်းထောင် ၄၂ ခုနှင့် အလုပ်စခန်း ၁၀၉ ခုတွင် အကျဉ်း သားဦးရေ ၆၀၀၀၀ ကျော် ရှိပြီး ရန်ကုန်မြို့ရှိ အင်းစိန်ဗဟိုအကျဉ်းထောင်တွင် အကျဉ်းသား အရေအတွက် အများဆုံးဖြစ်ကြောင်း သိရှိရသည်။
အင်းစိန်ဗဟို အကျဉ်းထောင်တွင် အကျဉ်းသား အရေအတွက် စုစု ပေါင်း ၈၀၀၀ ကျော်ရှိပြီး အမျိုးသား အရေအတွက်မှာ ၆၅၀၀ ကျော်ရှိပြီး အမျိုးသမီး အရေအတွက်မှာ ၁၅၀၀ ၀န်းကျင်ရှိကြောင်း သိရှိရသည်။
အကျဉ်းကျခံရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပတ်သက်သည့် နိုင်ငံတော်သမ္မတ၏ အမိန့်ကြေညာချက်တစ်ရပ်ကို မေလ ၁၆ ရက် နေ့တွင် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ် သည်။ အဆိုပါ ကြေညာချက်တွင် ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်သည် အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော၊ စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ် အဖြစ်သို့ ပြည်သူလူထု တစ်ရပ်လုံး တစ်ခဲနက် ထောက်ခံခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်အညီ ပေါ်ထွန်းလာခဲ့ပြီဖြစ်ကြောင်း၊ နိုင်ငံတော် သစ်တည်ဆောက်ရာတွင် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုး ရေးအတွက် နိုင်ငံတော်အစိုးရသည် တည်ဆဲဥပဒေများကို ကျူးလွန် ဖောက်ဖျက်သူများအား တရားဥပဒေ နှင့်အညီ ပြစ်ဒဏ်များ ချမှတ်ခဲ့ရပါ ကြောင်း၊ သို့ရာတွင် ပြစ်ဒဏ်ကျ အကျဉ်းသားများအား နိုင်ငံတော်သစ် တည်ဆောက်ရာတွင် တစ်ဖက် တစ်လမ်းမှ အကျိုးပြုစေမည့် နိုင်ငံသားများအဖြစ်သို့ ပြောင်းလဲပေးရန်လည်း စီမံဆောင်ရွက်လျက် ရှိပါကြောင်း၊ သို့ဖြစ်၍ အကျဉ်းသားများအား လူသားချင်း စာနာထောက်ထားသောအားဖြင့် လည်းကောင်း၊ ယင်း တို့၏မိသားစုများအား ငဲ့ညာသောအားဖြင့် လည်းကောင်း နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၀၄(ခ) အရနိုင်ငံတော် သမ္မတသည် ခရစ်နှစ် ၂၀၁၁ ခုနှစ် မေလ ၁၇ ရက်မတိုင်မီ ကျူးလွန်ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်းခံရပြီးပါက ယင်းသို့ ကျခံနေရသော ပြစ်ဒဏ်အသီးသီးကို အောက်ပါအတိုင်း လွတ်ငြိမ်း ချမ်းသာခွင့်ပြုလိုက်ကြောင်း ဖော်ပြပါရှိ ပါသည်။
(က) သေဒဏ်ချမှတ်စေခြင်း ခံရသူများအတွက် ထောင်ဒဏ်တစ်သက်သို့ လည်းကောင်း၊
(ခ) ထောင်ဒဏ်ကျခံနေရသူများသည် ယင်းတို့အပေါ် သတ်မှတ်ထားသော ထောင်ဒဏ်ကို သာမန် ရရှိပြီးသော လျှော့ပေါ့ရက်များအပြင် တစ်နှစ် ထပ်မံ လျှော့ပေါ့ရရှိစေရန် လည်းကောင်း၊ လွတ်ငြိမ်းချမ်းသာ ခွင့်ပြုလိုက်သည်ဟု ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတရုံး အမိန့်အမှတ် ၂၈/၂၀၁၁ အဖြစ် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။  

မြန်မာနိုင်ငံတွင် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့သည့် ဖြစ်စဉ်အချို့
- ၁၉၅၆ ခုနှစ် မေလ ဆဋ္ဌမ သင်္ဂါယနာတင်ပွဲနှင့် သာသနာနှစ် ၂၅၀၀ ပြည့် အဖြစ် ၀န်ကြီးချုပ်ဦးနုက အထူးလျှော့ရက်များ ထုတ်ပြန်၍ အကျဉ်းသားများကို လွတ်ငြိမ်းခွင့်ပေးခဲ့။
- ၁၉၆၃ ခုနှစ် ဧပြီလ ၃ ရက်နေ့တွင် အထွေထွေ လွတ်ငြိမ်းချမ်းသာခွင့် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအမိန့်အရ မြန်မာတစ်နိုင်ငံလုံးရှိ အကျဉ်းထောင်များမှ အကျဉ်းသား ၁၂၀၀၀ ခန့် လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့။ ပုဒ်မ(၅) ဖြင့် ဖမ်းဆီးထားသူ နိုင်ငံရေးသမား ၂၃ ဦး၊ သတင်းစာဆရာ ငါးဦး၊ ကျောင်းသား ၁၃ ဦး၊ ကေအင်ဒီအို ငါးဦးနှင့် တရားစွဲဆိုခြင်းခံနေရသူ လေးဦးကို လွှတ်ပေးခဲ့။ လွတ်လာသူများတွင် သခင်စိုး၏ဇနီးဟောင်း ဒေါ်နှင်းမေ၊ ဗမာပြည်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီဝင် မစ္စတာရာဂျန်၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီဥက္ကဋ္ဌ မိုးကျော်(ခ)ကျော်နိုင် စသူတို့ပါဝင်။
- ၁၉၇၁ ခုနှစ် ဇွန်လ ၂၇ ရက် မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ်ပါတီ၏ ပထမအကြိမ် ညီလာခံ အထိမ်းအမှတ်အဖြစ် ရာဇ၀တ်ပြစ်ဒဏ်များကို လျှော့ပေါ့ခြင်းဆိုင်ရာ ကြေညာချက်ကို ထုတ်ပြန်ခဲ့။
- ၁၉၈၀ ပြည့်နှစ် မေလ ၂၈ ရက်နေ့ ရက်စွဲဖြင့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ထုတ်ပြန်ခဲ့။ တစ်နိုင်ငံလုံး အကျဉ်းထောင် အသီးသီးနှင့် ရဲဘက်စခန်းမှ အကျဉ်းသား ၃၉၄၄ ဦးတို့ကို လွှတ်ပေးခဲ့။
- ၁၉၈၈ ခုနှစ်တွင် မြန်မာတစ်နိုင်ငံလုံး၌ လူထုအုံကြွမှု ဖြစ်ပွားခဲ့သောကြောင့် အကျဉ်းထောင်များမှ အကျဉ်းသားများကို ထောင်ဖွင့်လွှတ်ပေးခဲ့။ ယင်းကာလ နောက်ပိုင်းတွင် ၁၉၈၈ ခုနှစ် ပြစ်မှုဆိုင်ရာ အမှုများ ပိတ်သိမ်းခြင်း ပြစ်ဒဏ်ကျ ခံနေရသူများအား ပြစ်ဒဏ်ပြောင်းလဲ လျှော့ပေါ့ခြင်းနှင့် ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာ အမှုများပိတ်သိမ်းခြင်း စသည်တို့ကို ထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် ပေးခဲ့။
- ၁၉၉၂ ခုနှစ် ဧပြီလ ၂၄ ရက်နေ့တွင် ကြေညာချက်အမှတ် ၁၁/၉၂ ကို ထုတ်ပြန်၍ ပြစ်ဒဏ်ကျခံရေးရာများအနက် နိုင်ငံတော်လုံခြုံရေးကို ထိခိုက်မှုမရှိသော အကျဉ်းသား ၁၂၀၀ ကျော်ကို ပြန်လွှတ်ပေး။
- ၁၉၉၃ ခုနှစ် ဇန်န၀ါရီလ ၁ ရက်နေ့တွင် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ အမိန့်အမှတ် ၁/၉၃ ဖြင့် ပြစ်ဒဏ်များပြောင်းလဲ လျှော့ပေါ့ခြင်းဆိုင်ရာ အမိန့်ကိုထုတ်ပြန်၍ ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့။
- ၁၉၉၇ ခုနှစ်တွင် နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ သို့ ပြောင်းလဲဖွဲ့စည်းသည့် အထိမ်းအမှတ်အဖြစ် ပြစ်ဒဏ်များ ပြောင်းလဲသတ်မှတ်သည့် ကန့်သတ် လွတ်ငြိမ်းချမ်းသာခွင့် များပေးခဲ့။
- ၂၀၀၅ ခုနှစ်တွင် ထောက်လှမ်းရေးမှ တရားစွဲဆိုပြီး ပြစ်ဒဏ်ချမှတ်ထားသည့် သူများအတွက် တရားဥပဒေနှင့် အညီ မဟုတ်သော ဖမ်းဆီးထားခြင်း ခံရသူများအား ပြစ်ဒဏ်မှ ကင်းလွတ်ခွင့်ပြုသည့် အမိန့်ကို ထုတ်ပြန် ကြေညာခဲ့။
Ref: မြန်မာ့ ရက်စဉ်သမိုင်း၊ မြန်မာ့ နိုင်ငံရေးစနစ်ပြောင်း ကာလ (ဒုတိယတွဲ)