Pages

Sunday, May 29, 2011

အိုဘားမား၏ ခြောက်ရက်ကြာ ဥရောပခရီးစဉ် ပြီးဆုံး

PDF Print
Monday, 30 May 2011 00:16
AddThis Social Bookmark Button
w63520
w63521အိုင်ယာလန်၊ ဗြိတိန်၊ ပြင်သစ်၊ ပိုလန်နိုင်ငံတို့သို့ အမေရိကန်သမ္မတ အိုဘားမား၏ ခြောက်ရက်ကြာ ဥရောပ ခရီးစဉ်မှာ မေ ၂၇ ရက်တွင် ပိုလန်နိုင်ငံ၌ အဆုံးသတ်ခဲ့သည်။
အသုံးစရိတ် လျော့ချရေး အကျပ်အတည်း ဖြစ်ပေါ်နေသော်လည်း အမေရိကန် ပြည်ထောင်စုသည် ကမ္ဘာလုံးဆိုင်ရာ လွတ်လပ်ခွင့် အတွက် အာမခံသော၊ မြှင့်တင်ပေးသော ဦးဆောင်သည့် နိုင်ငံ အဖြစ်မှ သွေဖည်သွားမည် မဟုတ်ကြောင်း အိုဘားမားက ပြောကြားခဲ့သည်။ အိုဘားမား၏ ခရီးစဉ်သည် ခေတ်သစ် ဥရောပ၏ သမိုင်းဝင် နိုင်ငံရေး ကြီးကျယ်မှုနှင့် ဆင့်ကဲ အင်အားကြီးလာမှု၊ အာရပ်ကမ္ဘာတစ်လွှားရှိ လူထုတော်လှန်ရေးများမှ ဥရောပ၏ သင်ခန်းစာများ အပေါ် ရောင်ပြန်ဟပ်စေခဲ့သည်။
ခရီးစဉ်တစ်လျှောက်တွင် ဂင်းနစ်ဘီယာကို မြည်းစမ်းခွင့် ရခဲ့သလို အိုင်ယာလန်တွင် ရှစ်ဝမ်းကွဲ ညီအစ်ကိုနှင့် တွေ့ဆုံခွင့် ရခဲ့သည်။ ကမ္ဘာ့ခေါင်းဆောင်များနှင့် မျက်နှာစုံညီ တွေ့ဆုံခဲ့ပြီး ဗြိတိန်တော်ဝင် အခမ်းအနားများတွင်လည်း ပျော်ဝင်ခဲ့ကာ အမေရိကန်၏ ဥရောပဆိုင်ရာ မူဝါဒကို အားသစ်လောင်းခဲ့သည်။ အင်အားကြီးလာသော အာရှ အပေါ်တွင်သာ အမေရိကန်က အာရုံစိုက်နေပြီး ဥရောပရှိ မဟာမိတ်ဟောင်းများ အပေါ် အာရုံလျော့လာသည်ဟု ထင်မြင်နေမှုများကို ပြေပျောက်စေခဲ့သည်။
အိုင်ယာလန်ရှိ ဘိုးဘွားတို့၏ ကျေးရွာ Moneygall သို့ သွားရောက် လည်ပတ်ခြင်းနှင့် ဗြိတိန် ဘုရင်မကြီးနှင့်အတူ ဓလေ့ထုံးတမ်းနှင့်အညီ ညစာ သုံးဆောင်ခြင်း တို့ဖြင့် အိုဘားမားသည် ရိုးရာကိုလည်း မပယ်သော သမ္မတ ဖြစ်သည် ဆိုခြင်းကို ရွေးကောက်ပွဲ မတိုင်မီ မဲဆန္ဒရှင်များအား ပြသခဲ့သည်။ အနာဂတ် အမေရိကန် လုံခြုံရေး အတွက် အရေးပါသော မျိုးဆက် စိန်ခေါ်မှု တစ်ခု အဖြစ် အိုဘားမားက ရှုမြင်ထားသော အာရပ်ကမ္ဘာ နိုးထမှုနှင့် ပတ်သက်သော သူ့အစီအစဉ်ကို ထောက်ခံမှု ရရှိရန်လည်း ရည်ရွယ်ခဲ့သည်။
''အပြောင်းအလဲတစ်ခု ဖြစ်ဖို့ဆိုတာ အမြဲတမ်းတော့ အဆင်ပြေ ချောမွေ့နိုင်မှာ မဟုတ်ဘူး။ အချိုးအကွေ့တွေ၊ လမ်းကြောင်း ပြောင်းမှုတွေနဲ့ ပြည့်နေမယ်။ တစ်ခါတရံမှာ ရှေ့တစ်လှမ်းတိုးရင်းနဲ့ နောက်ကို နှစ်လှမ်းလောက် ဆုတ်ပေးရတာမျိုး ရှိတယ်။ တစ်ခါတလေတော့ ရှေ့ကို နှစ်လှမ်းတိုးပြီး နောက်ကို တစ်လှမ်းတော့ ဆုတ်ပေးရတာမျိုး ရှိတယ်''ဟု အိုဘားမားက ပြောကြားသည်။ သမ္မတ သက်တမ်း အတွင်း နိုင်ငံပေါင်း ၃၀ အထိ ခရီးထွက်ခဲ့ပြီး ဖြစ်သော အိုဘားမားသည် ယခု ခရီးစဉ်တွင် အာရပ် နိုင်ငံများကို အကူအညီ အဖြစ် အမေရိကန် ဒေါ်လာ ၄၀ ဘီလျံထက် မနည်း ပေးအပ်ရေး သဘောတူညီချက် အပြင် ကဒါဖီ နုတ်ထွက်ရေး အတွက် ရုရှားထံမှ မထင်မှတ်သော ထောက်ခံမှုကိုလည်း ရရှိခဲ့သည်။ သို့ရာတွင် ၀ါရှင်တန် အပြန် ခရီး၌ အစိုးရ အသုံးစရိတ်ဆိုင်ရာ တိုက်ပွဲများကြောင့် ပါတီစွဲ အခြေပြု သဘောကွဲလွဲမှုနှင့် ရွေးကောက်ပွဲ အတွက် ပြိုင်ဆိုင်မှုများကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။