Pages

Tuesday, May 31, 2011

ဇေယျာသော် အား နိုင်ငံရေး အရ လူကြိုက်များ မှုမြင့် တက်

218424_10150187320694760_545759759_7161795_7526942_o
3
0
 
မဲပေးပါ

ယခင် က ဟစ်ဟောပ် အဆိုတော် တစ်ဦး အဖြစ် လူသိများ ခဲ့ပြီး ၂၀၀၇ ခုနှစ် စက်တင်ဘာလ
ရွှေဝါရောင် တော်လှန်ရေး တွင် မျိုးဆက်သစ် လူငယ်များ အစည်းအရုံး (Generation Wave)
ကို တည်ထောင် ခဲ့ပြီး သည့် စစ်အစိုးရ ဆန့် ကျင်ရေး လှုပ်ရှား မှု များ ပြုလုပ် ခဲ့သဖြင့် ဖမ်းဆီး
ထောင် ချ ခဲ့ ရကာ မေလ ၁၇ ရက်နေ့ က ကော့သောင်း အကျဉ်းထောင် မှ ပြန်လည် လွတ်မြောက်
လာခဲ့သည့် ဇေယျာသော် သည် ယနေ့ လူငယ်ထု နှင့် အပြောင်းအလဲ လိုလား သည့် ဒီမိုကရေစီ
ရေး လှုပ်ရှား သူများ ကြားတွင် ပါ လူကြိုက်များ မှု နှင့် လူထု ထောက်ခံ မှု မြင့်တက်နေသည် ဟု
FNG မှ ယခု သီတင်း ပတ် အတွင်း ကောက်ယူခဲ့သည့် စစ်တမ်း များ အရ သိရှိရသည်။
Freedom News Group စစ်တမ်းဌာန မှ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ပဲခူး၊ မုံရွာ၊ရွှေဘို စသည့်
မြို့ များ တွင် ပြုလုပ် ခဲ့သည့် အသက် ၁၆ နှစ် မှ ၂၆ နှစ် အတွင်း လူငယ် တစ်ထောင် ကျော် ကို စစ်
တမ်း ကောကက် ယူမှု ပြုရာ ဇေယျာသော် အား နိုင်ငံရေး တွင် ဦးဆောင် မှု ပြုရန် ၈၃ ရာခိုင်နှုန်း
က ဆန္ဒမေး ပေးကြသည်။
အကျဉ်းထောင် ထဲ တွင် သုံး နှစ် ကျော်ကြာ ဖမ်းဆီးထိမ်း သိမ်း ခံခဲ့ရသည့် ဇေယျာသော် သည်
၂၀၀၀ ပြည့်လွန် နှစ် များက လူကြိုက်များ ခဲ့သည့် ACID အမည်ရှိ ဟစ်ဟောပ် အဖွဲ့  ကို တည်
ထောင် သူများ ထဲ တွင် တစ်ဦး ဖြစ်ပြီး ဇေယျာသော် ပါဝင်သည့် ACID အဖွဲ့ ၏ စတင်ခြင်း အမည်
ရှိ ပွဲဦးထွက် အခွေ မှာ လူကြိုက်များ ခဲ့သည်။
မန္တလေး မြို့ တွင် ပြုလုပ်သည့် စစ်တမ်း ကောက်ယူမှု တစ်ခု ဉ် ရတနာပုံ တက္ကသိုလ် မှ ဒုတိယ နှစ်
ကျောင်းသူ မသန္တာဦး က “သူ (ဇေယျာသော်) က လူငယ်တွေ ကို ပေး တဲ့ မက်ဆေ့ က ပြတ်သား
မှု ရှိတယ်။ သူထောင်က လွတ်တဲ့ အချိန် မှာ VOA နဲ့ ပြော သွား တဲ့   “ကျနော့်အနေနဲ့ ပထမဦးဆုံး လုပ်ချင်
တာကတော့ မြန်မာနိုင်ငံထဲမှာ ရှိနေတဲ့ အကျဉ်း ထောင်တွေထဲမှာ ကျနော်တို့ရဲ့ ရဲဘော်ရဲဘက်၊ ယုံကြည်
ချက်ကြောင့် အကျဉ်းကျခံနေရတဲ့  အကျဉ်းသူ၊ အကျဉ်းသားတွေ အများကြီး ကျန်ပါသေးတယ်။
ဒီလူတွေကို အမြန်ဆုံးလွတ်အောင်  ကျနော် လုပ်ချင်ပါတယ်။” လို့ ပြောသွား တာ ကို ကြိုက်တယ် ဟု
သူ မ ၏ အမြင် ကို ပြောပြသည်။
ဇေယျာသော် သည် သူအကျဉ်းထောင် မှ လွတ်မြောက် ပြီး နောက် နိုင်ငံရေး ဆိုတာ လုပ် သင့် တယ်
ဟု ပြည်ပ အခြေစိုက် မီဒီယာ များ ကို ပြောကြား ခဲ့သည်။
၂၀၀၈ ခုနှစ် ဇေယျာသော် အား စစ်အစိုးရ က နိုင်ငံရေး လှုပ်ရှား မှု များကြောင့်  ထောင်ဒဏ် ခြောက်
နှစ် ချမှတ် ခဲ့သည်။
ရောခ် ဂီတ နယ်ပယ် တွင် နာမည်ရလာ သည့် မျက် နှာ သစ် အဆိုတော် တစ်ဦး က လည်း “ဇေယျာသော်
က လူငယ်တွေ ရဲ့  ရင် ခုန် သံ နဲ့  နီးစပ် တယ်။ လူငယ်တွေ ခံစား ချက် ကို ပိုနားလည် မယ် ” ဟု ဆိုသည်။
ဇေယျာသော် သည် အကျဉ်း ထောင် မှ ပြန်လည် လွတ်မြောက် လာပြီး နောက် မြန်မာ့ ဒီမိုကရေစီ ခေါင်း
ဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံ ခဲ့သည်။