Pages

Wednesday, June 1, 2011

နိုင်ငံတွင်း တရုတ် စစ်တပ် များ ချထား ရေး များ ပါဝင် သည့် အချက် ကို ဦးသိန်းစိန် က သဘောတူ ခဲ့ခြင်း ကြောင့်မြန်မာ နိုင်ငံတွင်း တရုတ် မုန်းတီးမှု မြင့် တက်လာ

china_shanghai_night
16
1
 
မဲပေးပါ

စစ်အစိုးရ သမ္မတ ဖြစ်သူ ဦးသိန်းစိန် တရုတ် နိုင်ငံတွင်း ချစ်ကြည်ရေး ခရီးသွားရောက် လည်
ပတ် ပြီးသည့် နောက် မြန်မာ နိုင်ငံတွင်း ဉ် တရုတ် မုန်းတီး မှု များ ပိုမို ပြင်းထန် လာသည် ဟု
ရန်ကုန်မြို့ မှ တရုတ် လူမျိုး စာပုံ နှိပ် တိုက် ပိုင် ရှင် တစ်ဦး က Freedom News Group သို့ 
ပြောသည်။
သမ္မတ ဦးသိန်းစိန် ၏ တရုတ် ပြည် ခရီးစဉ် အတွင်း ဉ် နိုင်ငံတွင်း တရုတ် စစ်တပ် များ ချထား
ရေး များ ပါဝင် သည့် အချက် ကို ဦးသိန်းစိန် က သဘောတူ ခဲ့ခြင်း ကြောင့် ဟု သတင်း ထွက်
ပေါ်နေခြင်း ကြောင့် ယခု ကဲ့သို့ ဖြစ်နေရသည် ဟု သိရှိရသည်။
မန္တလေး နှင့် ရန်ကုန် ရှိ တရုတ် လူမျိုး စီးပွားရေး သမား များ မှာ လည်း ၎င်း တို့ ၏ ပိုင်ဆိုင်မှုများ
ကို ပြည်မ ကြီးသို့  ရွှေ့ ပြောင်း နေသည် ဟု သတင်း ထွက် ပေါ်ခြင်း ကြောင့် တရုတ် အစိုး ရ နှင့်
တရုတ် ပြည်သူများ ကို ဆန့် ကျင် စိတ်များ ဖြစ်ပေါ်နေ ခြင်း ဖြစ်သည် ဟု တရုတ် လူမျိုး စာပုံ
နှိပ်စက် ပိုင်ရှင် တစ်ဦးက ပြောသည်။
မန္တလေး မြို့ နေ မြန်မာ မိသား စု များ မှာ လည်း တရုတ် က မြန်မာ နိုင်ငံရေး ကို လိုသည် ထက်
ပို၍ ၀င်ရောက် စွက်ဖက် နေပြီး တရုတ် အစိုးရက ကြံ့ဖွံ့ အစိုးရ ကိုကျောထောက် နောက် ခံပေး
နေခြင်း ကြောင့် ဟု သိရသည်။
မြန်မာ သမ္မတ ဦးသိန်းစိန် ၏ တရုတ် နိုင်ငံ ခရီးစဉ် အတွင်း တရုတ်  နိုင်ငံ ၏ မြန်မာ နိုင်ငံတွင်း
အကြီးစားရင်းရင်းနှီး မြုပ် နှံ မှုများ ဉ် တရုတ် တပ် များ ချထားရေး ကို သဘော တူ ခဲ့ခြင်းကြာင့်
တရုတ် နိုင်ငံ ၏ ချေးငွေ ဒေါ်လာ သန်း ၇၀၀ ကို ထပ်မံ ရရှိ ခဲ့ခြင်း ဖြစ်သည် ဟု တတိယ နိုင်ငံရေး
အင်အား စု ၀င် များ က သုံးသပ်ကြသည်။
တရုတ် အစိုးရသည် မြန်မာ စစ်အစိုးရ ၏ အင်တာနက် ပိတ်ပင်တာဆီး ရေး မူများ တွင်နည်းပညာပိုင်း
အရ တက် ကြွစွာအကူအညီပေး နေသည် ကို လည်း မြန်မာ လူငယ်များ က မနှစ် မြို့ ဘဲ နည်းမျိုး
စုံ ပင် ဆန့် ကျင် သွား ရန် ပင် စီစဉ်နေသည်။
မြန်မာ စစ်အစိုးရ ၏ ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင် လှိုင် သည် တရုတ် အစိုးရ
နှင့် စစ်ရေး ပူးပေါင်းဆောင် ရွက် မှု ကို သဘော တူထားပြီး တရုတ် ရင်းနှီးမြုပ်နှံမှု များ ရှိသည့်
ရေနက် ဆိပ်ကမ်း ဆောက်လုပ်ရေး များ တွင် တရုတ် အစိုးရ၏ ရေတပ် သဘောင်္ာများ လာရောက်
တပ် ဆွဲထားသည်။
မြန်မာ လူမျိုး တို့  တရုတ် မုန်း တီးမှုသည် အချိန် ကြာလာသည် နှင့် အမျှ ပဋိပက္ခ အသွင် ဆောင်
လာ နိုင်သည် ဟု တရုတ် လူမျိုး ရွှေ ကုန် သည် တစ်ဦး က ပြောသည်။  မြန်မာ နိုင်ငံ ၏ စီးပွားရေး
ရင်း နှီးမြုပ် နှံမှု ၃၅ ရာ ခိုင်နှုန်း ခန့် ကို တရုတ် လူမျိုးများ က ချုပ်ကိုင် ထားသည်။
မိန်းမ ရှား ပါးသည့် တရုတ် ကုန်းတွင်း ပိုင်းဒေသများ အတွက် မြန်မာ မိန်းကလေး များ ကို စီးပွား
ရေး လုပ်ငန်း သခု သဖွယ် သတို့ သမီး ရှာ ဖွေရေး ဟု အမည် တပ်ထား သည် ခောတ် သစ် လူ
မှောင် ခို လုပ်ငန်း တစ်ခု ကို စစ်အစိုး ရ က ခွင့် ပြုထား ခြင်းကြောင့် လည်း ရှမ်းပြည် နှင့် မန္တလေး
မှ ဒေသခံ အချို့ က မကျေပ် နပ်ကြ ဟု သတင်းရရှိသည်။